images
UN
UN
ပေးအပ်ထားသည့်တာဝန် လုပ်ပိုင်ခွင့်များနှင့် ကိုက်ညီမှုမရှိသည့်အပြင် နည်းဥပဒေများနှင့်လည်း ညီညွတ်မှုမရှိခြင်းကြောင့် အစီရင်ခံစာကို ကန့်ကွက်
Sunday, 25 August 2019
အားလုံးပဲ မင်္ဂလာပါခင်ဗျာ၊ ကျွန် တော်ကတော့ တပ်မတော်သား အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး သိန်းလွင်ဌေးဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေမူကြမ်းလေ့လာ စိစစ်ရေးပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ကန့်ကွက်ဆွေးနွေးသွား မှာဖြစ်ပါတယ်။ ကျွန်တော့်အား ပါဝါပွိုင့် သုံးစွဲခွင့်ပြုနိုင်ပါရန် တင်ပြအပ်ပါတယ်။
နာယကကြီးခင်ဗျာ
ဒေါက်တာမောင်သင်း၊ မိတ္ထီလာ မဲဆန္ဒနယ်အပါအဝင် ပြည်ထောင်စုလွှတ် တော်ကိုယ်စားလှယ် ၁၄၅ဦးက ''ပြည် ထောင်စုစနစ်၏ အနှစ်သာရ ပိုမိုပေါ်လွင် စေရန်၊ တိုင်းဒေသကြီးသို့မဟုတ် ပြည် နယ်ဝန်ကြီးချုပ်အား လုပ်ပိုင်ခွင့်အခွင့် အာဏာတိုးမြှင့်ပေးရာ ရောက်စေရန် စတဲ့ ရည်ရွယ်ချက်ကောင်းများနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင် သည့် ဥပဒေမူကြမ်းတစ်ရပ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ပြည်ထောင်စုလွှတ်တော် ဆိုင်ရာဥပဒေ၊နည်းဥပဒေတို့နှင့်အညီပြည် ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ခြင်းဖြစ် ပါတယ်။ ပြည်ထောင်စုလွှတ်တော် နာ ယကက ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ၁၃၅အရအဆိုပါဥပဒေမူကြမ်း နှင့်စပ်လျဉ်း၍ အသေးစိတ်လေ့လာ စိစစ် ရန် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းတာဝန်ပေး အပ်ခဲ့ပြီးဆောင်ရွက်ရမည့်လုပ်ငန်းတာဝန် များကိုလည်း တင်ပြပါအတိုင်း တိကျစွာ သတ်မှတ်ပေးခဲ့ကြောင်းတွေ့ရှိရပါတယ်။ကော်မတီ၏အစီရင်ခံစာကိုလည်း၁၅-၈-၂ဝ၁၉ရက်နေ့ နောက်ဆုံးထား၍လွှတ် တော်သို့တင်ပြစေရန် သတ်မှတ်ပေးခဲ့ပြီး ကော်မတီအနေဖြင့် ဥပဒေမူကြမ်းကို လေ့လာစိစစ်ရန် အချိန်နှစ်လခွဲကျော်၊ ရက်အားဖြင့် ၇၈ရက်အထိ လုံလောက် သည်ထက်ပိုသောအချိန် ရရှိခဲ့ကြောင်း တွေ့ရှိရပါတယ်။
လေ့လာစိစစ်ရေး ပူးပေါင်းကော် မတီသည် အစီရင်ခံစာကို သတ်မှတ်ထား သည့် နောက်ဆုံးရက်ရောက်မှသာ ပြည် ထောင်စုလွှတ်တော်သို့ တင်ပြလာခဲ့ပါ တယ်။ သို့သော်လည်း အစီရင်ခံစာတွင် ဥပဒေမူကြမ်းနှင့်ပတ်သက်၍ လေ့လာ စိစစ်တွေ့ရှိချက်တစ်စုံတစ်ရာ ဖော်ပြထား ခြင်းမရှိဘဲ ''ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေး ၄၅ဦး ပူးပေါင်းကော်မတီက ဆက်လက်ဆောင်ရွက်မည့် ဥပဒေမူကြမ်း ရေးဆွဲရေးလုပ်ငန်းစဉ်များတွင်တစ်ပေါင်း တည်း ထည့်သွင်းစိစစ်ဆောင်ရွက်သင့် ကြောင်း''သဘောထားမှတ်ချက်ပြုထား တာကို တွေ့ရှိရပါတယ်။
နာယကကြီးခင်ဗျာ
၄၅ ဦးကော်မတီ ဖွဲ့စည်းဆောင် ရွက်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂)နှင့် ကိုက်ညီခြင်းမရှိသော ကြောင့် ကျွန်တော်တို့တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ကော် မတီဖွဲ့စည်းရန် အဆိုတင်သွင်းစဉ်ကပင် ဥပဒေကြောင်းများအား ထောက်ပြ၍ ကန့်ကွက်ခဲ့ပါတယ်။ ဒါ့အပြင် ယင်း ကော်မတီ၏လုပ်ငန်းစဉ်များသည်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၁၂)ပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီမှုမရှိကြောင်း ၄၅ဦးကော်မတီရဲ့ အစီရင်ခံစာမှာသဘော ထားမှတ်ချက်ပြုခဲ့ပြီးဖြစ်ပါတယ်။

အဆိုပါ ၄၅ ဦးကော်မတီရဲ့ ဦးတည် ချက်နှင့်တာဝန်ဟာဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်းတစ်ရပ် ကို ပြုစုရေးဆွဲရန်သာဖြစ်ပြီး ကော်မတီ ရဲ့သက်တမ်းဟာလည်း ဥပဒေမူကြမ်း ရေးဆွဲပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းနိုင်ရေးစီစဉ်ဆောင်ရွက်ပြီးသည့် အချိန်ထိသာဖြစ်ပါတယ်။ ဦးသိန်းထွန်းနဲ့ ဒေါက်တာမောင်သင်းတို့ တင်သွင်းခဲ့တဲ့ ဥပဒေမူကြမ်းများဟာဥပဒေ၊နည်းဥပဒေ များနှင့်အညီ တင်သွင်းခဲ့ခြင်းဖြစ်ပြီး ¤င်း ဥပဒေမူကြမ်းများနှင့်စပ်လျဉ်း၍ ပါဝါပွိုင့် မှာ တင်ပြထားတဲ့ ပြည်ထောင်စု လွှတ် တော်ဆိုင်ရာ နည်းဥပဒေပြဋ္ဌာန်း ချက် များအတိုင်းသာ ဆက်လက်ဆောင်ရွက် ရမှာ ဖြစ်ပါတယ်။ ¤င်းဥပဒေကြမ်းများ ကို လေ့လာစိစစ်ရမယ့်တာဝန်ဟာလည်း ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်း ဥပဒေ ၁၃၅ အရ ဖွဲ့စည်းတဲ့ဥပဒေကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီရဲ့ တာဝန်သာဖြစ်ပြီး ၄၅ ဦးကော်မတီရဲ့ လုပ်ငန်းတာဝန်များနှင့် လုံးဝဆက်စပ်မှု မရှိတာကို တွေ့မြင်နိုင်ပါတယ်။
၄၅ ဦးကော်မတီရဲ့ လုပ်ငန်းစဉ်နဲ့ ယခု ဥပဒေမူကြမ်းနှင့် စပ်လျဉ်းပြီး ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တို့ဟာ ဥပဒေကြောင်းအရ သဘောသဘာဝ အားဖြင့် မတူညီသလို အဆင့်အတန်း အားဖြင့်လည်း ကွာခြားပါတယ်။ ဒါ ကြောင့် ၄၅ ဦးကော်မတီရဲ့ လုပ်ငန်းစဉ် အတွင်းမှာ ထည့်သွင်းဆောင်ရွက်ရမယ် လို့ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ က သဘောထားမှတ်ချက်ပြုခြင်းဟာ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်း ဥပဒေများနှင့်ဆန့်ကျင်လွဲချော်နေကြောင်း ထောက်ပြဆွေးနွေးလိုပါတယ်။ ဒါ့အပြင် အစီရင်ခံစာရဲ့သဘောထားမှတ်ချက်မှာ ရည်ညွှန်းဖော်ပြထားတဲ့ ဦးသိန်းထွန်း၊ ကျောင်းကုန်းမဲဆန္ဒနယ်က တင်သွင်းခဲ့ တဲ့ ဥပဒေမူကြမ်းအပေါ် ပြည်ထောင်စု လွှတ်တော်ရဲ့အဆုံးအဖြတ်ရယူ အတည် ဖြစ်ခဲ့တဲ့ အကြောင်းအရာများဟာ မှား ယွင်းနေတာကို တွေ့ရပါတယ်။ဦးသိန်းထွန်းတင်သွင်းခဲ့တဲ့ ဥပဒေမူကြမ်း အပေါ် လေ့လာစိစစ်ချက် အစီရင်ခံစာ ကို ကန့်ကွက်ဆွေးနွေးခဲ့သူ အများအပြား ရှိခဲ့ပေမယ့် ထောက်ခံဆွေးနွေးခဲ့သူအချို့ ရှိတဲ့အတွက်ကြောင့် ¤င်းဆွေးနွေးချက် နှစ်ရပ်အပေါ်မှာ လွှတ်တော်၏အဆုံး အဖြတ်ကို ရယူအတည်ပြုခဲ့ကြောင်း တွေ့ ရပါတယ်။ လွှတ်တော်ကအတည်ပြုခဲ့တဲ့ အကြောင်းအရာမှာ ပါဝါပွိုင့်မှာ တင်ပြ ထားတဲ့အတိုင်း ''၄၅ ဦး ကော်မတီက ပြည်ထောင်စုလွှတ်တော်သို့ ဥပဒေ မူကြမ်းတင်သွင်းလာသည့်အချိန်တွင် နည်းဥပဒေ ၁၃၅ အရ ဖွဲ့စည်းမည့် ပူး ပေါင်းကော်မတီက တစ်ပေါင်းတည်း လေ့လာစိစစ်ဆောင်ရွက်ရန်''သာဖြစ်ပြီး ယခုအစီရင်ခံစာတွင် ရည်ညွှန်းဖော်ပြ ထားသည့်သဘောထားမှတ်ချက်အတိုင်း မဟုတ်ဘဲ ကွဲလွဲနေတာကို ရှင်းလင်းစွာ အသိပေးလိုပါတယ်။
နာယကကြီးခင်ဗျာ
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်) စတင်အာဏာတည်ပြီးနောက် ပြင် ဆင်ခြင်းလုပ်ငန်းကို ပထမအကြိမ် လွှတ်တော်များ၏သက်တမ်းမှာပင်ဆောင် ရွက်နိုင်ခဲ့တာ အားလုံးအသိပဲ ဖြစ်ပါ တယ်။ အဆိုပါ ပြင်ဆင်ခဲ့သည့်လုပ်ငန်း စဉ်ကိုလေ့လာကြည့်ရာတွင်ဥပဒေမူကြမ်း တင်သွင်းချိန်မှ လွှတ်တော်၏အဆုံး အဖြတ်ရယူပြီးသည့်အချိန်ထိ စုစုပေါင်း ၁၅ ရက်သာ ကြာမြင့်ခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ယခုကျွန်တော်တို့ဆွေးနွေး နေတဲ့ ဥပဒေမူကြမ်းဟာ စတင်တင်သွင်း ခဲ့တဲ့ ၂၉-၅-၂ဝ၁၉ ရက်နေ့မှ ယနေ့ထိ အချိန်ကာလသုံးလနီးပါး ရှိနေပြီဖြစ်ပါ တယ်။ အစီရင်ခံစာ သဘောထားမှတ် ချက်အတိုင်း ၄၅ဦးကော်မတီရဲ့ ဘယ် အချိန်မှ တင်သွင်းလာမယ်ဆိုတာ မသိ ရသေးတဲ့ ဥပဒေမူကြမ်းကို စောင့်ဆိုင်း ရဦးမယ်ဆိုလျှင် နောက်ထပ်အချိန်များစွာ ဆက်လက်စောင့်ဆိုင်းရဦးမှာ ဖြစ်ပါ တယ်။ ယခုဥပဒေမူကြမ်းနှင့်စပ်လျဉ်းပြီး ဆက်လက်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ် များဟာ ဥပဒေ၊နည်းဥပဒေအတိုင်းဆက် လက်ဆောင်ရွက်မယ်ဆိုရင် ရက်အနည်း ငယ်အတွင်းမှာ ပြီးမြောက်နိုင်မှာ ဖြစ်ပါ တယ်။ ဒါပေမဲ့ တာဝန်ရှိသူများရဲ့တာ ဝန်ရှိတဲ့အတိုင်း၊ ဥပဒေအတိုင်းမဆောင် ရွက်တာကြောင့် ဘယ်အချိန်၊ ဘယ် ကာလမှပြီးမလဲဆိုတာကို မခန့်မှန်းနိုင်တဲ့ အနေအထားဖြစ်နေတာလည်း တွေ့ရပါ တယ်။ ဒါတွေဟာတစ်ချိန်မှာ ကျွန်တော် တို့ လွှတ်တော်သက်တမ်းရဲ့ စွမ်းဆောင် နိုင်မှုမရှိတဲ့ သမိုင်းမှတ်တမ်းတွေ ဖြစ်လာ မှာကို သတိချပ်ရမှာဖြစ်ပါတယ်။
နာယကကြီးခင်ဗျာ
နိဂုံးချုပ်အားဖြင့် တင်ပြလိုသည်မှာ ဒေါက်တာမောင်သင်း၊ မိတ္ထီလာမဲဆန္ဒ နယ်အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၄၅ ဦးတို့က လက် မှတ်ရေးထိုး တင်သွင်းလာသော ဥပဒေ မူကြမ်းမှာ ဥပဒေ၊ နည်းဥပဒေများနှင့် အညီ တင်သွင်းလာတာဖြစ်တဲ့အတွက် ယင်း ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ ပြည် ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊နည်း ဥပဒေများနှင့်အညီ လွှတ်တော်တွင် ဆက် လက်ဆွေးနွေးဆောင်ရွက်သင့်ပါကြောင်း နှင့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ ဆောင်ရွက်ချက် များသည် ယင်းကော်မတီဖွဲ့စည်းခြင်း အမိန့်ပါ ပေးအပ်ထားသည့်တာဝန်၊ လုပ် ပိုင်ခွင့်များနှင့် ကိုက်ညီမှုမရှိသည့်အပြင် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်း ဥပဒေများနှင့်လည်း ညီညွတ်မှုမရှိ တာကြောင့် ယခုအစီရင်ခံစာကို ကန့်ကွက် ပါကြောင်း တင်ပြအပ်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။