images
UN
UN
စက်မှုကဏ္ဍအနာဂတ်အတွက် ဖြည့်ဆည်းရန် ကြိုးပမ်းရမည့် လိုအပ်ချက်များ
ပြည့်ဖြိုးနိုင် Monday, 26 August 2019
(ယမန်နေ့မှအဆက်)
လက်ရှိအစိုးရတာဝန်ယူခဲ့သည်မှာ သုံးနှစ်ကျော်သက်တမ်းအတွင်းသို့ ရောက် ရှိလာခဲ့သော်လည်း အခြေခံအဆောက် အအုံတည်ဆောက်ရေးနှင့်ဆိုင်သောကဏ္ဍ များတွင် တိုးတက်မှုအနည်းငယ်သာ ဖြစ်ပေါ်အောင် လုပ်ဆောင်နိုင်ခဲ့သည်ဟု မြန်မာ့အရေးစောင့်ကြည့်သူများက သုံး သပ်ကြသည်။ အထူးသဖြင့် လက်ရှိ အစိုးရအပေါ် မျှော်လင့်ထားသည့် ကြီးမား သော မျှော်လင့်ချက်များနှင့်နှိုင်းယှဉ်ပါက အခြေခံအဆောက်အအုံတည်ဆောက်ရေး ကဏ္ဍတွင် လုပ်ဆောင်နိုင်ခဲ့သည့်အခြေ အနေမှာ အလွန်နည်းပါးခဲ့သည်ဟု သုံး သပ်ကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံအတွင်း၌ ရင်းနှီးမြှုပ်နှံမှု များပြုလုပ်ထားသည့် အမေရိကန်ရင်းနှီး မြှုပ်နှံသူတစ်ဦးဖြစ်သော ရော်ဘတ်ဝေးလ် က ''လက်ရှိအစိုးရဆီမှာ သီလဝါအထူး စီးပွားရေးဇုန်စီမံကိန်းလိုမျိုး စီးပွားရေး ကဏ္ဍအတွက် အထောက်အပံ့ဖြစ်စေမယ့် စီမံကိန်းမျိုး ရှိမနေဘူးလို့ ပြောရပါလိမ့် မယ်။ ဘယ်လိုရှုထောင့်ကပဲကြည့်ကြည့် သူတို့ဆီမှာ အလားတူစီမံကိန်းမျိုးရှိမနေ ဘူးလို့ မြင်နိုင်ပါတယ်။ ဒါ့အပြင် အခြား အကြောင်းအရာတွေမှာလည်း အောင်မြင် မှုရရှိဖို့အတွက် ခက်ခက်ခဲခဲကြိုးစားရ သလိုဖြစ်နေတာတွေလည်း ရှိပါတယ်'' ဟု ပြောကြားခဲ့သည်။ သို့သော် လက်ရှိ အစိုးရအနေဖြင့် သီလဝါအထူးစီးပွားရေး ဇုန်ကဲ့သို့ မြန်မာနိုင်ငံအတွက် အရေးကြီး သည့် အထူးစီးပွားရေးဇုန်များ ဖြစ်လာ မည်ဟု သတ်မှတ်ခံထားရသော ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းနှင့်ကျောက် ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းများအား ဖော်ဆောင်ရန် ကြိုးပမ်းလျက်ရှိကြောင်း မြင်တွေ့ခဲ့ရသည်။ ထားဝယ်အထူးစီးပွား ရေးဇုန်စီမံကိန်းသည် အကျယ်အဝန်းအရ သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်းထက် ၁ဝဆခန့် ပိုမိုကျယ်ဝန်းသည့်မြေနေရာ ပေါ်တွင် ဖော်ဆောင်ရန် ရည်မှန်းထား သည့်စီမံကိန်းဖြစ်သည်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်းသည်လည်း အိန္ဒိယသမုဒ္ဒရာနှင့်ထိစပ်နေသော ဘင်္ဂ လားပင်လယ်အော်ကမ်းခြေတွင် တည်ရှိ သည့် ကျောက်ဖြူမြို့တွင် ဖော်ဆောင် မည့်အထူးစီးပွားရေးဇုန်စီမံကိန်းဖြစ်သော ကြောင့် တရုတ်နိုင်ငံက ရည်မှန်းချက် ကြီးစွာဖြင့် ဖော်ဆောင်လျက်ရှိသော ၂၁ရာစု ပိုးလမ်းသစ်စီမံကိန်းအတွက် အရေးကြီးသည့် အစိတ်အပိုင်းတစ်ရပ် ဖြစ်သည်ဟု သတ်မှတ်ရမည်ဖြစ်သည်။
နိုင်ငံတကာဖွံ့ဖြိုးရေးစင်တာတွင် စီးပွားရေးပညာရှင်တစ်ဦးအဖြစ် တာဝန် ယူနေသောSang Hyun Park က ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း များကို ဖော်ဆောင်ရာ၌ တည်နေရာ အနေအထားကြောင့် သီလဝါအထူးစီးပွား ရေးဇုန်စီမံကိန်းနှင့် မတူညီသောကွာခြား မှုများကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ ထို့ အပြင် သီလဝါအထူးစီးပွားရေးဇုန်စီမံ ကိန်းနှင့် နှိုင်းယှဉ်မည်ဆိုပါက ရှုပ်ထွေး မှုများနှင့် စွန့်စားရနိုင်ခြေများ ပိုမိုမြင့်မား မည်ဖြစ်ကြောင်း သုံးသပ်ခဲ့သည်။ ထား ဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းတွင် ပါဝင်သည့်အဝေးပြေးလမ်းစီမံကိန်းအား အဆိုပါဒေသတွင် ထိန်းချုပ်လှုပ်ရှားနေ သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်သော ကရင်အမျိုးသားအစည်း အရုံးက ပြန်လည်သုံးသပ်မှုများ ပြုလုပ် ရန် တောင်းဆိုလျက်ရှိသည်။
ထို့အတူ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း သည်လည်း ပထဝီနိုင်ငံရေးနှင့်ဆိုင်သော စွန့်စားရနိုင်ခြေများ ပေါ်ထွက်လာနိုင် သည့် အလားအလာများ ရှိနေသည်။
လက်ရှိအစိုးရအနေဖြင့် ပြည်ပရင်းနှီး မြှုပ်နှံမှုများ ဝင်ရောက်မှု လျော့ကျခြင်း များကို ရင်ဆိုင်နေရသည့်အပြင် ပြီးခဲ့ သည့်အစိုးရနှင့်နှိုင်းယှဉ်ပါက အခွန် ကောက်ခံမှုနှုန်းအား သိသိသာသာမြှင့် တင်ခဲ့သည်ဟု တွေ့ရမည်ဖြစ်သည်။ ရန်ကုန်မြို့နှင့် မိုင် ၅ဝခန့်သာ ကွာဝေး သော ပဲခူးမြို့အနီးတွင် ဖော်ဆောင်ရန် ရည်မှန်းထားသည့် ဟံသာဝတီအပြည် ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းနှင့် မြစ်ဆုံ စီမံကိန်းများသည် လက်ရှိအစိုးရဘက် မှ အဆုံးအဖြတ်ပေးရမည့် စီမံကိန်းများ ဖြစ်နေသည်။ ဟံသာဝတီအပြည်ပြည် ဆိုင်ရာလေဆိပ်စီမံကိန်းအတွက် ရယူ ထားသော သဘောတူညီမှုများမှာ သက် တမ်းကုန်ဆုံးသည့်အခြေအနေသို့ ရောက် ရှိတော့မည်ဖြစ်သည်။ ပုဂ္ဂလိကကဏ္ဍ အနေဖြင့် နိုင်ငံပိုင်ကဏ္ဍဘက်မှ အခြေခံ အဆောက်အအုံတည်ဆောက်ရေးစီမံကိန်း များတွင် ဖြည့်ဆည်းဆောင်ရွက်မှုနည်းပါး ခြင်းကြောင့် အကျပ်အတည်းအချို့ကြုံ တွေ့လာသည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။ အစိုးရဘက်မှ ရှုပ်ထွေးသည့် အကြောင်းအရာများ ပါဝင်လျက်ရှိသော စီမံကိန်းများအား ရပ်ဆိုင်းပစ်ရန်ထက် ညှိနှိုင်းဖြေရှင်းမှုပြုလုပ်ရန် ကြိုးပမ်းနေ သည်ဆိုသော ယူဆမှုများလည်း ပေါ်ထွက် ခဲ့သည်။
ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းဖော်ဆောင်ရန်အတွက် ပြည်ပ ကုမ္ပဏီနှစ်ခုနှင့် သဘောတူညီမှုရယူခဲ့ သော်လည်း အဆိုပါကုမ္ပဏီနှစ်ခုစလုံးက အပြီးသတ်သဘောတူညီမှု ရယူခဲ့ခြင်း မရှိသောကြောင့် စီမံကိန်းအား လက်တွေ့ ဖော်ဆောင်ရန် ခက်ခဲလျက်ရှိသည်။ ရန်ကုန်မြို့တွင် ရေနက်ဆိပ်ကမ်းတည် ဆောက်ရန် စီမံထားမှုများသည်လည်း ကာလတိုအတွင်း အသက်ဝင်လာရန် လွယ်ကူမည်မဟုတ်ပေ။ အကောက်ခွန် လုပ်ငန်းနှင့်ဆိုင်သော ကဏ္ဍများတွင် စွမ်း ဆောင်ရည်မြင့်မားလာအောင် လက်တွေ့ ကျသည့်လုပ်ဆောင်ချက်များဖြင့် ပြုပြင် ခြင်းကဲ့သို့ လုပ်ငန်းစဉ်များ ဆောင်ရွက် ပေးရန် လိုအပ်မည်ဖြစ်သည်။ လျှပ်စစ် ဓာတ်အား ထောက်ပံ့နိုင်မှု နည်းပါးခြင်း ကဲ့သို့ အားနည်းချက်များသည် မြန်မာ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကအကျဆုံးအဟန့်အတား များ ဖြစ်နေသည်ကိုလည်း နားလည် သဘောပေါက်ရန် လိုအပ်မည်ဖြစ်သည်။ လက်ရှိအစိုးရအနေဖြင့် ပုံမှန်အောက် ရောက် ခဲ့သည့် စွမ်းဆောင်ရည်များကို သင်ခန်းစာယူရန် ပြည်ပရင်းနှီးမြှုပ်နှံသူ အများစုက တိုက်တွန်းလျက်ရှိသည်။
(Ref; A distant vision for Myanmar's Industrial future by Thompson Chau)