images
UN
UN
မလှိုင်မြို့နယ်၌ ကျေးရွာကုန်ထုတ်လမ်းပျက်စီးနေသောကြောင့် ဒေသခံကျေးလက်ပြည်သူများ သွားလာရေးအခက်အခဲဖြစ်နေ
ဒေသခံပြည်သူများ Tuesday, 27 August 2019
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ၂ဝ၁၈-၂ဝ၁၉ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (မူလ)ရန်ပုံငွေကျပ် ၈၈ ဒသမ ၆၇သန်းတင်ဒါစနစ်ဖြင့် ဆောင် ရွက်လျက်ရှိသော မလှိုင်မြို့နယ် သပြေပင်ကျေးရွာအုပ်စု မြောက် ကုန်းကျေးရွာကိုင်းတောရိုးလမ်း ဘောက်ခွေးတောကွင်းအမှတ် (၈၂)အထိ ကျေးရွာကုန် ထုတ် လမ်းကိုဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ၉၅ ရာခိုင်နှုန်းပြီး စီးခဲ့ကြောင်းမလှိုင်မြို့နယ်ကျေး/ လက်ဦးစီးဌာနမှ သိရသည်။
ကျန်တော်တို့ကျေးရွာလေးကို တာဝန်ရှိသူများက ယခုကဲ့သို့ တစ်ရွာနဲ့တစ်ရွာ ကုန်စည်ကူး သန်းရောင်းဝယ်နေတဲ့ ကျေးရွာ ကုန်ထုတ်လမ်းကို ခင်းပေးလို့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒီလမ်းကို မခင်းခင်တုန်းကမှ သွားလာရတာ အဆင်ပြေတယ်။အခုဆိုရင်လုံးဝကို သွားလာရေး အဆင်မပြေဘူး။ဒါကြောင့် ယခု လ ၂၂ရက်က မလှိုင်မြို့နယ်က သက်ဆိုင်ရာ တာဝန်ရှိသူများကို တင်ပြထားသော်လည်း ယနေ့ အထိတော့ ဘယ်သူမှလာရောက် လုပ်ကိုင်ပေးခြင်းမရှိသေးဘူး'' ဟု အဆိုပါကျေးရွာမှလမ်းကော် မတီဥက္ကဋ္ဌကပြောသည်။''ကျွန် တော်တို့ သပြေပင်ကျေးရွာအုပ် စုမှာ ကျေးရွာပေါင်း ခုနစ်ရွာရှိ ပြီး အိမ်ခြေ ၆ဝဝ ကျော်ခန့် ရှိပါတယ်။ ဒေသခံအများစုဟာ စိုက်ပျိုးရေးကိုသာ အဓိကလုပ် ကိုင်ကြပြီး ယခုနိုင်ငံတော်က ခင်းကျင်းပေးနေတဲ့ ကုန်ထုတ် လမ်းကနေ တစ်မြို့နယ်က တစ် မြို့နယ်ကို ကုန်စည်ကူးသန်း ရောင်းဝယ်နေကြတာ။ အခုဆို ရင် လမ်းကအရမ်းကို ပျက်စီး နေတာပါ။ ဒါကြောင့် ကျွန်တော် တို့ အုပ်ချူပ်ရေးပိုင်ကလည်း မလှိုင်မြို့နယ်က တာဝန်ရှိသူများ ကိုတင်ပြထားပေမယ့် ယနေ့ အထိတော့ဘယ်သူမှလာရောက် ပြီး ဆက်လက်မလုပ်ကိုင်ပေး ဘူး''ဟုအဆိုပါကျေးရွာမှကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။
''ကျွန်တော်တို့ဌာနပါဝင်တဲ့ မြို့နယ်အဆင့် လမ်းအရည် အသွေးစစ်ဆေးရေးအဖွဲ့ကလည်း ယခုပျက်စီးနေတဲ့လမ်းကို သွား ရောက်စစ်ဆေးခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးလည်း မူလတင်ဒါ စနစ်ဖြင့်လုပ်ကိုင်ပေးခဲ့တဲ့ကုမ္ပဏီ ကိုလည်းလမ်းပျက်စီးနေမှုနဲ့ပတ် သက်ပြီး တရားဝင်စာ သုံးကြိမ် ပေးပို့ထားပါတယ်။ဒါပေမဲ့ အခု ထိတော့ အကြောင်းမပြန်သေးပါ ဘူး။ အခုလမ်းဟာ ၉၅ ရာခိုင် နှုန်းသာပြီးသေးတာပါ။ ဒီလမ်း ကိုတင်ဒါအောင်ထားတဲ့ ကုမ္ပဏီ ကလည်း ကျန်တော်တို့ဌာနကို တော့ ပြန်လည်မအပ်နှံရသေး ပါဘူး''ဟု မလှိုင်မြို့နယ် ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ပြောသည်။
လက်ရှိအချိန်တွင် အဆိုပါ လမ်းသည်ကျေးရွာကုန်ထုတ်လမ်း ဖြစ်ခြင်းကြောင့် ယခုအခါ ပျက် စီးနေသဖြင့် ယင်းလမ်းပိုင်းကို အမြန်ဆုံးပြန်လည်ပြုပြင်ပေးစေ လိုပါသည်။