images
UN
UN
လူငယ်နှင့် ကျန်းမာရေး
သူရအေး Tuesday, 27 August 2019
အသည်းကျန်းမာရေး
အသည်းသည် လူ၏ခန္ဓာကိုယ်တွင် အရေးကြီးသောအင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ် သည်။ နှလုံးကပို့လွှတ်သောသွေးများ၏ ၂၅ရာခိုင်နှုန်းကို အသည်းကရယူသည်။ အသည်းသည် ခန္ဓာကိုယ်ကိုအဆိပ် အတောက်ဖြစ်စေသော ဓာတုပစ္စည်းများကို သွေးထဲမှ ဖယ်ရှားပေးပြီး အစားအစာ များထဲမှ အဆီဓာတ်ကိုချေဖျက်ပေးသည်။ ခန္ဓာကိုယ်အတွက်လိုအပ်သော Amino Acid နှင့် ဟော်မုန်းများကိုထုတ်လုပ်ပေး သည်။ ဗီတာမင် A,D,E နှင့် K တို့ကိုစုပ်ယူ ရာတွင်ကူညီပေးသည်။ သွေးခဲစေသော ဓာတ် Albuinin နှင့် သည်းခြေရည်(Bile) တို့ကိုထုတ်ပေးသည်။ ထို့ပြင်အသည်း သည်လိုအပ်သည့်အခါထုတ်သုံးနိုင်ရန်အပို ဖြစ်နေသော Glucoseudk Glycogen အဖြစ် သိမ်းထားပေးသည်။ ဗီတာမင်ဗယီနှင့် သံဓာတ်များကိုလည်းသိမ်းထားပေးသည်။ ခန္ဓာကိုယ်အတွက်လိုအပ်သော အသားဓာတ် ကိုထုတ်လုပ်ပေးပြီး သွေးထဲမှဘက်တီးရီး ယားပိုးများကိုဖယ်ရှားပေးသည်။ သိုင်း ရွိုက်ဟော်မုန်း(T4)ကို ခန္ဓာကိုယ်မှ သုံးနိုင်သော သိုင်းရွိုက်ဟော်မုန်း(T3)အဖြစ် သို့တိုးမြှင့်ပေးပြီး အစာမှစွမ်းအင်အဖြစ် လိုအပ်သောအခါ ပြောင်းလဲပေးသည်။ကလာပ်စည်းများမှ လိုအပ်သောစွမ်းအင် အတွက် ကီတုန်းဘော်ဒီများကိုလည်း ထုတ်လုပ်ပေးသည်။ ဤသို့ဖြင့် အသည်း သည် ခန္ဓာကိုယ်အတွက် လိုအပ်သည့် ပစ္စည်းများစွာကို ထုတ်လုပ်ပေးခြင်းဖြင့် ခန္ဓာကိုယ်ကို အကျိုးပြုလျက်ရှိသည်။ ထို့ကြောင့် အသည်းကျန်းမာရေးသည် လူ တစ်ဦးအတွက်အထူးပင်အရေးကြီးလှပေ သည်။ အသည်း၏အရေးပါဆုံးလုပ်ငန်းမှာ မိမိတို့သောက်သုံးလိုက်သော ဆေးများ၊ အစာများထဲမှ အဆိပ်များကို ဓာတ်ပြုချေ ဖျက်ပြိုကွဲစေခြင်းပင်ဖြစ်သည်။တစ်နည်းအား ဖြင့် အဆိပ်ကိုသန့်စင်ပေးခြင်းပင်ဖြစ်သည်။ Acetaminophen ခေါ် ပါရာစီတမောလ်နှင့် အရက်အလွန်အကျွံသောက်သုံးခြင်းသည် အသည်းကို အဓိက ပျက်စီးစေသည်။ အသည်းကိုပျက်စီးစေသောအခြားတစ်ချက် မှာ အခြားနေရာတစ်ခု၊ အင်္ဂါတစ်ခုကဖြစ် သောကင်ဆာ(Cancer)က အသည်းကိုပြန့် ခြင်းဖြစ်သည်။ အသည်းပျက်စီးပြီဆိုသည် နှင့်ရေဆွဲအား ကိုဖြစ်စေသော Albumin နှင့် Protein ဓာတ်တို့ကို မထုတ်နိုင်သည့် အတွက် သွေးကြောထဲတွင် ရေမရှိတော့ဘဲ သွေးကြောအပြင်ဘက်တွင် ရေများစုပုံပြီး ဗိုက်ဖောင်းခြင်း၊ ခြေလက်ဖောရောင်ခြင်း တို့ဖြစ်လာနိုင်သည်။ သွေးခဲစေသော ဓာတ် များမထွက်တော့သဖြင့် ခန္ဓာကိုယ်တွင်း သွေယိုစီးမှုများဖြစ်လာတတ်သည်။ ထို့ ကြောင့် အသည်းရောဂါမဖြစ်ပွားရအောင် ဂရုပြုနေထိုင်သင့်ပေသည်။
ကျောက်ကပ်ကျန်းမာရေး
ကျောက်ကပ်သည် လက်သီးဆုပ်ခန့် ရှိသောအင်္ဂါလေးနှစ်ခုဖြစ်ပြီး ခန္ဓာကိုယ်၏ ကြီးလေးသောတာဝန်ကိုထမ်းဆောင်နေရ သည်။
ကျောက်ကပ်၏အဓိကတာဝန်မှာ ခန္ဓာကိုယ်ထဲမှ မလိုအပ်တော့သည့်အညစ် အကြေးများကို ခန္ဓာကိုယ်အပြင်ဘက်သို့ စွန့်ထုတ်ခြင်းဖြစ်သည်။ ရေနှင့် သတ္တုဓာတ် များ၊ အခြားပစ္စည်းများ၏ ပမာဏကို ထိန်းသိမ်းခြင်းသည်လည်း ၄င်း၏အဓိက တာဝန်ဖြစ်သည်။ ကျောက်ကပ်လုပ်ငန်း လေးပုံသုံးပုံပျက်စီးနေသော်လည်း လက္ခဏာ မပြဘဲရှိနေတတ်သည်။ ကျောက်ကပ် လုပ်ငန်းချို့ယွင်းသည်ကို စောစီးစွာမသိ သည်ကများသဖြင့် ကျောက်ကပ်ကျန်းမာ ရေးကိုအစဉ်သတိပြုသင့်သည်။ ကျောက် ကပ်ပျက်စီးခြင်းတွင် ရုတ်တရက်ပျက်စီး ခြင်း (Acute Kidney Failure) နှင့် နာတာရှည်ပျက်စီးခြင်း(Chronic Kidney Failure)ဟူ၍ရှိသည်။ နာရီအနည်းငယ် အတွင်း ရုတ်တရက်ကျောက်ကပ်၏ လုပ် ငန်းဆောင်တာများ မလုပ်နိုင်တော့ခြင်း သည် ရုတ်တရက်ကျောက်ကပ်ပျက်စီးခြင်း ဖြစ်သည်။ ရုတ်တရက် ကျောက်ကပ် ပျက်စီးခြင်းလက္ခဏာများမှာ (၁)ဆီးထွက် နည်းသွားခြင်း၊ (၂)ခြေလက်ဖောရောင်ခြင်း၊ (၃)အသက်ရှူမကောင်းခြင်း၊ မောခြင်း၊ (၄)လေးလံထိုင်းမှိုင်းခြင်း၊ (၅)ပျို့ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ (၆)တက်ခြင်းနှင့် သတိလစ်ခြင်းတို့ဖြစ်သည်။ အချို့လူနာများ တွင် ယင်းလက္ခဏာများမပြဘဲဖြစ်တတ် သဖြင့် သွေးနှင့်ဆီးကိုဓာတ်ခွဲခန်းတွင် စစ်ကြည့်သင့်သည်။ကျောက်ကပ်တွင် သွေး စစ်ဆန်ကာတစ်သန်းခန့်ပါဝင်ပြီး တစ်နေ့ ကို သွေးဂါလန် ၄ဝ ခန့်ကို စစ်ထုတ်၍ သန့်စင်ပေးသည်။ ကျောက်ကပ်ကို တိုက် ရိုက်ပျက်စီးစေနိုင်သည့်အချက်များမှာ ကျောက် ကပ်ကိုပို့လွှတ်သော သွေးကြောများတွင် သွေးခဲများ (Blood Clots) (သို့မဟုတ်)
အဆီ (Cholesterol) များ စုပုံပြီးသွေး ပို့လွှတ်မှုကို ပိတ်ဆို့စေခြင်းပင်ဖြစ်သည်။ အခြားအချက်များမှာ ရောဂါပိုးမွှားကြောင့် ကျောက်ကပ်ရောင်ခြင်း၊ သွေးနီဥများပြိုကွဲမှု များခြင်း၊ အချို့ပိုးသတ်ဆေးများသုံးခြင်း၊ ခန္ဓာကိုယ်၏ပုံမမှန်တုံ့ပြန်မှုကြောင့်ဖြစ်သော ရောဂါများ၏ နောက်ဆက်တွဲဆိုးကျိုးများ၊ အရက်၊ကိုကင်းစသည်များသုံးစွဲခြင်းနှင့် သွေး ကြောများရောင်ခြင်း (Vasculitis)တို့ ဖြစ် သည်။ ကျောက်ကပ်ကောင်းမကောင်း နှစ်စဉ်မှန်မှန်စစ်ဆေးသင့်ပြီး ဆိုဒီယမ်နှင့် အသားဓာတ်ကိုလျှော့စားခြင်း၊ ကိုယ်ခန္ဓာ အလေးချိန်ထိန်းခြင်း၊ ကိုယ်လက်လှုပ်ရှား အားကစားလုပ်ခြင်းတို့ဖြင့် ကျောက်ကပ် ကျန်းမာရေးကောင်းအောင် ထိန်းထားသင့် သည်။
အစာအိမ်ကျန်းမာရေး
အစာအိမ်သည် လူတို့စားသုံးလိုက်သော အစားအစာများကိုသိုလှောင်ထိန်းသိမ်းထား ပြီး ယင်းအစားအစာများမှ လူတို့အတွက် လိုအပ်သည့်ဓာတ်နှင့် ဗီတာမင်များကို စုပ် ယူပြီး လိုအပ်သည့်နေရာများကိုပို့လွှတ်ကာ၊ မလိုအပ်သည်များကို အညစ်အကြေးအဖြစ် စွန့်ထုတ်ပစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အစာအိမ်နာရောဂါဖြစ်ပွားနှုန်းပိုများလာသည် ကိုတွေ့ရသည်။ အထူးသဖြင့် (Helicobacter Pylori)ဟူသော ဘက်တီးရီးယားပိုး ကြောင့်ဖြစ်ကြောင်း သိရသည်။ အရွယ် ရောက်ပြီးသူများ၏ ရာခိုင်နှုန်း ၉ဝ ခန့်တွင် ယင်းပိုးရှိနေပြီး ပိုးရှိသူတိုင်းအစာအိမ်နာ မဖြစ်ကြောင်းသိရသည်။အစာအိမ်နာ (Peptic Ulcer) တွင် အစာအိမ်အတွင်းအနာ (Gastric Ulcer) နှင့် အူသိမ်အတွင်းအနာ (Duoderal Ulcer) ဟူ၍ရှိရာ နှစ်မျိုးလုံး တွင် ၄င်းပိုးရှိပြီး အစာအိမ်အတွင်းအနာတွင် ရာခိုင်နှုန်း ၇ဝ၊ အူသိမ်အတွင်းအနာ၏ ရာခိုင်နှုန်း ၉ဝ သည် ၄င်းပိုးကြောင့် ဖြစ် သည်။အကိုက်အခဲပျောက်ဆေးနှင့်ဆေးလိပ် သောက်ခြင်းတို့ကြောင့် အစာအိမ်နှင့်အူလမ်း ကြောင်းအတွင်း နံရံများကို ကာကွယ်ပေး ထားသော စနစ်ချွတ်ယွင်းခြင်းနှင့် အစာအိမ် အက်ဆစ်ဓာတ်ထုတ်လုပ်မှုများခြင်းတို့ကြောင့် အစာအိမ်အနာနှင့်အူအနာများ ဖြစ်ပေါ်တတ် သည်။Abdomen is a magic Box ဆိုသည့် အတိုင်း လူ့ဝမ်းဗိုက်သည်မှော်ဆန်သည်ဟု ဆိုနိုင်သည်။ ဗိုက်အောင့်တိုင်း အစာအိမ် ရောဂါမဟုတ်သလို ဝမ်းဗိုက်အပေါ်ပိုင်းက အောင့်နေသော်လည်း တကယ့်ရောဂါက ၄င်းနေရာတွင်ဖြစ်ချင်မှဖြစ်သည်။ အစာအိမ် လက္ခဏာများမှာ (၁) ဝမ်းဗိုက်အပေါ်ပိုင်း၊ အလယ်လောက်ကအောင့်တတ်သည်။(၂) အစာစားခြင်း၊ အစာမရှိခြင်း၊ ဗိုက်ဆာခြင်း တို့နှင့် ဆက်စပ်နေတတ်သည်။ (၃) အောင့် လိုက်၊ ပျောက်သွားလိုက်နှင့် ကြာရှည်ဖြစ် တတ်သည်။ ရှောင်ကြဉ်ရန်အချက်များမှာ အစာအိမ်နာရှိနေလျှင် ဆေးလိပ်သောက် ခြင်း၊ အကိုက်အခဲပျောက်ဆေးများသောက် ခြင်း၊ အပူအစပ်နှင့်ကော်ဖီတို့ကို ရှောင်သင့် သည်။
အစာအာဟာရနှင့်ကျန်းမာရေး
''သဗ္ဗေသတ္တာအာဟာရဋ္ဌိတိကာ''ဆို သည့် စကားအတိုင်းခပ်သိမ်းသော သတ္တဝါ တို့သည် အစားအစာပေါ်တွင် တည်မှီနေ သည်။ အသက်ရှင်ရပ်တည်နေသည်။ ကျန်းမာ သက်ရှည်ခြင်းအတွက် အစာအာဟာရသည် အဓိကကျ၏၊အာဟာရလုံလောက်စွာမရလျှင် အာဟာရချို့တဲ့ခြင်းဖြစ်စေနိုင်ပြီးအာဟာရ လွန်ကဲလျှင် အဝလွန်ခြင်းဖြစ်စေနိုင်သည်။ အာဟာရချို့တဲ့လျှင် ကိုယ်ခန္ဓာဖွံ့ဖြိုးမှု