images
UN
UN
ဂျီဒီပီလျာထားချက်နှင့် အမှန်အကောင်အထည်ဖော်နိုင်မှု ကွာခြားချက်ကြီးမားမှုများကို ဖော်ထုတ်ပြင်ဆင်ရန်နှင့် မအောင်မြင်မှု မပြီးစီးမှုများကို နည်းလမ်းများရှာဖွေပြင်ဆင်ပြီးမှသာ အတည်ပြုရေးဆောင်ရွက်သင့်
Thursday, 29 August 2019
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၇)ရက်မြောက်နေ့ကို ၂ဝ၁၉ ခုနှစ် သြဂုတ် ၂၈ ရက်နေ့ကကျင်းပခဲ့ရာ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့၏မူနှင့် အခြေခံသဘောများနှင့်စပ်လျဉ်း၍ ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေး၏ ဆွေးနွေးမှုများကို ဖော်ပြအပ်ပါသည်။
လေးစားအပ်ပါသော နာယကကြီးနဲ့ တကွ အားလုံးနှလုံးစိတ်ဝမ်း အေးချမ်း ကြပါစေ။ ကျွန်တော်ကပျော်ဘွယ်မဲဆန္ဒ နယ်မှ ဦးသောင်းအေးပါ။ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေ ကြမ်းနှင့် ပြည်ထောင်စု၏ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းတို့၏ မူနှင့် အခြေခံသဘောများနှင့်စပ်လျဉ်း၍ ဆွေး နွေးမှာဖြစ်ပါတယ်။ ပါဝါပွိုင့်ဖြင့် တင်ပြ ခွင့်ပြုပါ။
နာယကကြီးခင်ဗျာ
၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းရည်မှန်းရန် အဆိုပြုချက်များကို နောက်ဆက်တွဲလေးခုဖြင့် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြထားပါတယ်။ နောက်ဆက်တွဲ၃(က)နဲ့ ၃(ခ)မှာဖော်ပြ ထားတဲ့ ကဏ္ဍအလိုက်နဲ့ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် စီမံကိန်းရည် မှန်းချက်များကို ဂျီဒီပီတန်ဖိုးများဖြင့် တွက်ချက်ဖော်ပြထားပါတယ်။ သို့သော် လည်းအခြေခံစာရင်းများပူးတွဲဖော်ပြထား ခြင်းမရှိသည့်အတွက် လက်တွေ့ဖြစ်နိုင် ခြေရှိမှု (Feasibility)၊ အစီအစဉ် ရှေ့ နောက်ညီညွတ်မှု(Consistency)၊ စွမ်း ဆောင်ရည်ရှိမှု (Efficiency)၊ ဖြစ်နိုင်/ မဖြစ်နိုင် စိစစ်သုံးသပ်ရန်လိုအပ်ချက်များ ဖြစ်ပေါ်လျက်ရှိပါတယ်။ ထို့ပြင် ယင်း ရည်မှန်းချက်များကို အကောင်အထည် ဖော်မည့်အစီအစဉ် (Process)များနဲ့ အကောင်အထည်ဖော်မည့် လုပ်နည်းစနစ် (Procedure)များကိုလည်း ထည့်သွင်း ဖော်ပြထားခြင်း မတွေ့ရသည့်အတွက် နိုင်ငံတော်၏တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက် များနှင့် ညီညွတ်မှု ရှိ/မရှိတို့ကိုပါ စိစစ် နိုင်ရန်လိုအပ်ကြောင်း တင်ပြလိုပါတယ်။
အခြေခံစာရင်းဇယား လိုအပ်မှုကို ဥပမာတင်ပြရလျှင် လယ်ယာကဏ္ဍတွင် ဂျီဒီပီနှစ်အလိုက် ဈေးနှုန်းအရ ကျပ်သန်း ပေါင်း ၁၅၃သိန်းကျော် (၁၅၃ဝ၈၉၃၉ ဒသမ ၅ သန်း)နှင့် ပုံမှန်ဈေးနှုန်းအရ ၂ဒသမ၃ရာခိုင် နှုန်းတိုးတက်ရန် ရည်မှန်း ထားတာ တွေ့ရပါတယ်။

သို့သော်လည်း တင်ပြပါ တန်ဖိုးပမာဏနှင့် တိုးတက် မှုနှုန်း ရရှိရေးအတွက် ဆောင်ရွက်ရမည့် သီးနှံအလိုက် အထွက်ပမာဏ၊ စိုက်ပျိုး ရမည့် စိုက်ဧရိယာ စသည့်အခြေခံစာရင်း အချက်အလက်များ သိရှိရန်လိုအပ်ပါ တယ်။
(၁) စိုက်ဧရိယာအတွက် စိုက်ဧရိယာတိုး ချဲ့မှု၊ လျော့ကျမှု အလားအလာကို စိစစ်နိုင်ရန်လိုပါတယ်။ ဒီအတွက် သီးထပ်သီးညှပ်စိုက်ဧက၊မြေလွတ် မြေရိုင်းတိုးချဲ့မှု၊ အခြားနည်း အသုံးပြုမှု၊ မြစ်ချောင်းကမ်းပါးပြို ဧရိယာ၊သဘာဝဘေးဒဏ်(ရေကြီး၊ မိုးခေါင်၊ မြေပြို) ဧရိယာများကို လည်း နှစ်အလိုက်f(Time Series)အရ သိရှိရန် လိုအပ်ပါတယ်။
(၂) အထွက်နှုန်းနဲ့ အထွက်ပမာဏ အလားအလာကို ကြည့်ပါတယ်။ ဒီအတွက် မျိုးကောင်း မျိုးသန့် သုံးစွဲနိုင်မှု၊ ဓာတ်မြေသြဇာ သုံးစွဲ နိုင်မှု၊ ပိုးမွှားရောဂါကာကွယ်မှု၊ စိုက်ပျိုးရေပေးဝေနိုင်မှု၊ ခေတ်မီ စက်ကိရိယာ(ထွန်စက်၊ ရိတ်စက်၊ အခြောက်ခံစက်၊ြေ>ွခလှေ့စက်)များ အသုံးပြုမှုတို့လည်း သိရှိရန်လိုအပ် ပါတယ်။
(၃) လယ်ယာစိုက်ပျိုးရေးအတွက် စိတ် အား ထက်သန်မှု ရှိ/မရှိ စိစစ်နိုင်ဖို့ လိုပါတယ်။ ဒီအတွက် သီးနှံပေါက် ဈေးနှုန်း၊ ပြည်ပပို့ကုန်သီးနှံဈေး ကွက်၊ စိုက်ပျိုးထုတ်လုပ်မှုအတွက် လိုအပ်သည့်ငွေကြေးရရှိဖြည့်ဆည်း နိုင်မှု နိုင်ငံတော်အစိုးရ၏ ဦးစား ပေးသီးနှံ၊ ဦးစားပေးဧရိယာနှင့် ဦးစားပေးအစီအစဉ်နဲ့ ဆောင်ရွက် မည့်နည်းစနစ်များကိုလည်း ယှဉ် တွဲဖော်ပြပါက ပိုမိုပြည့်စုံစွာစိစစ် အကြံပြုနိုင်မည် ဖြစ်ပါတယ်။
ယခုကဲ့သို့ လယ်ယာကဏ္ဍကို ဥပမာ ပေးခဲ့သည့်နည်းတူ အခြားသောကဏ္ဍ များတွင်လည်း အခြေခံ စာရင်းဇယား များ ဖော်ပြထားရန်လိုပါတယ်။ ဒီစာရင်း တွေ မပါပါကလက်တွေ့ဖြစ်နိုင်မှု၊ အစီ အစဉ် ရှေ့နောက်ညီညွတ်မှု၊ စီးပွားရေး အရတွက်ခြေကိုက်မှု၊ ပြည်သူလူထု အတွက်အကျိုး ရှိ/မရှိ၊ သက်ဆိုင်ရာ ဒေသအတွက် ဖွံ့ဖြိုးရေးကို အထောက် အကူပြု/မပြုတို့ကို စိစစ်သုံးသပ် အကြံ ပြုရာ၌ အဖြေမှန်နှင့်အလှမ်းဝေးမည်ဟု သုံးသပ်တင်ပြလိုပါတယ်။
နိုင်ငံတော်ရဲ့ အမျိုးသားစီမံကိန်းများ ရေးဆွဲရာမှာ ''မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှု မဟာဗျူဟာအပေါ် အခြေခံ ဆောင်ရွက်ကြောင်း'' ဖော်ပြထားပါ တယ်။ သို့သော်လည်း ထုတ်လုပ်မှု ရှုထောင့်၊ စားသုံးသူရှုထောင့်၊ ကုန်သွယ် မှု ရှုထောင့်၊ ငွေရေးကြေးရေး(ဘဏ္ဍာ ရေး)ရှုထောင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား အချိုးမျှတစေမှုရှုထောင့်၊ စီးပွားရေးအရ တွက်ခြေကိုက်မှု ရှိ/မရှိ ရှုထောင့်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရှုထောင့် များဖြင့်ပါ စိစစ်ထားတာ မတွေ့ရသည့် အတွက် ဒါတွေ စိစစ်ဆောင်ရွက်ရန် လိုအပ်ကြောင်း တွေ့ရှိရပါတယ်။
သို့ပါ၍ ဘဏ္ဍာနှစ်အလိုက် အမျိုး သားစီမံကိန်းများကို အကောင်အထည် ဖော်ပြီး လေးနှစ်၊ ရည်မှန်းရန် အဆိုပြု လိုသည့် တစ်နှစ် အပါအဝင် ငါးနှစ်စာ အဓိကကျသည့် အခြေခံစာရင်းဇယား များဖြင့် ကဏ္ဍအလိုက် ပူးတွဲဖော်ပြ ပေးနိုင်ရန် တင်ပြအပ်ပါတယ်။
နာယကကြီးခင်ဗျာ
နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိက ဦးတည်ဆောင်ရွက်ရ သော လျာထားမှုမှာ ဂျီဒီပီဟုခေါ်သော စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး ဖြစ်ပါတယ်။ ဂျီဒီပီ သည် နိုင်ငံတစ်နိုင်ငံရှိ လူဦးရေတိုးတက် မှုကို အခြေခံ၍ မည်မျှတိုးတက်ထုတ်လုပ် မည်၊ စားသုံးမည်၊ စုဆောင်းမှု ရင်းနှီး မြှုပ်နှံမှုစသည့်စီးပွားရေးကိန်းရှင်များ၏ အခြေခံကိန်းဂဏန်းဖြစ်သလို နိုင်ငံ၏ စီး ပွားရေးဖွံ့ဖြိုးတိုးတက်နိုင်မှု အခြေအနေ ကို အဓိကပြဆိုသည့် ညွှန်းကိန်းလည်း ဖြစ်လို့ လွယ်လွယ် သတ်မှတ်ပြောဆိုရန် မသင့်လျော်ပါကြောင်းတင်ပြလိုပါတယ်။
တင်ပြထားသော ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေ (မူကြမ်း)တွင် အခန်း(၂) စုစုပေါင်း ပြည်တွင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုး ဂျီဒီပီကို ပုံမှန်ဈေးနှုန်းအရ ၇ ဒသမ သုည ရာခိုင်နှုန်း တိုးတက်ရန်ဟု ဖော်ပြထားတာကို တွေ့ရှိရပါတယ်။
လျာထားချက် ၇ ဒသမ သုည ရာခိုင်နှုန်းသည် လူဦးရေတိုးတက်နှုန်း သုည ဒသမ ၉ နှင့်ယှဉ်လျှင် အားရဖွယ်ရှိ သော အလယ်အလတ် တိုးတက်နှုန်း ဖြစ်ပြီး အာဆီယံနိုင်ငံ (၁ဝ)နိုင်ငံတွင် ထိပ်ပိုင်းပါဝင်သော နှုန်းအဖြစ် တွေ့မြင် နိုင်ပါတယ်။ သို့သော်လည်း ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်ကစတင်ခဲ့သောလက်ရှိ အစိုးရကာလတွင် စီမံကိန်းမူကြမ်း တင်ပြစဉ်က ဖော်ပြခဲ့သော ဂျီဒီပီ တိုး တက်မှုနှုန်းနှင့် နှစ်ကုန်တွင် တိုးတက်မှု နှုန်းတို့မှာ သုံးနှစ်ဆက်တိုက်လျော့နည်း ကွာဟမှု များနေကြောင်း တွေ့ရှိရပါ တယ်။ ဖော်ပြပါဇယားအရ ၂ဝ၁၆-၂ဝ၁၇ နှစ်စ လျာထားတင်ပြချက် ၇ဒသမ၈၊ နှစ်ဆုံးခန့်မှန်းခြေ ၅ဒသမ၉ ဖြစ်ကာ ၂ဝ၁၇-၂ဝ၁၈ နှစ်စလျာထား ချက် ၇ဒသမသုည၊ နှစ်ဆုံးခန့်မှန်းခြေ ၆ဒသမ၅၊ ၂ဝ၁၈-၂ဝ၁၉နှစ်စ လျာထား ချက် ၇ဒသမ၆ ဖြစ်ပြီး နှစ်ဆုံးခန့်မှန်းခြေ ၆ဒသမ၈(၆ဒသမ၃) ပထမခြောက်လ ဖြစ်ပြီး ၂ဝ၁၉-၂ဝ၂ဝနှစ်စ လျာထား တင်ပြချက် ၇ဒသမသုည ဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ် မြောက် ပုံမှန်အစည်းအဝေးတွင် စီမံ ဘဏ္ဍာ ဒုတိယဝန်ကြီး တင်ပြခဲ့သော ''နိုင်ငံတော်၏ စီးပွားရေး အခြေအနေ ပေါ် ခြုံငုံသုံးသပ်တင်ပြချက်''အပိုဒ် ၃ တွင် ၂ဝ၁၈-၂ဝ၁၉ဂျီဒီပီနှစ် အလိုက် တိုးတက်မှုနှုန်း ၇ ဒသမ ၆ ရာခိုင်နှုန်း ရည်မှန်းခဲ့ရာ ပထမ ခြောက်လပတ်တွင် ၆ဒသမ၃ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး နှစ်ကုန်တွင် ၆ဒသမ၈ ရာခိုင်နှုန်း တိုးတက်မည်ဟုဖော်ပြခဲ့သလို ၂ဝ၁၉-၂ဝ၂ဝအတွက် ၇ဒသမသုည ရာခိုင် နှုန်းရရှိမည်ဟုခန့်မှန်းကြောင်း သိရှိ မှတ်သားခဲ့ရပါတယ်။ မြန်မာ့စီးပွားရေး အခြေခံရေးနဲ့ပတ်သက်ပြီး ကမ္ဘာ့ဘဏ် အုပ်စု၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ IMF တို့ ကတော့ မြန်မာနိုင်ငံရဲ့ဂျီဒီပီတိုးတက်မှုကို ၆ဒသမ၈ ရာခိုင်နှုန်းမှ ၆ဒသမ၂ ရာခိုင် နှုန်းကြားတွင်ရှိမယ်လို့ ခန့်မှန်း တွက် ချက်ထားကြောင်းတွေ့ရပါတယ်။
ပြည်ထောင်စုလွှတ်တော်အနေဖြင့် နိုင်ငံတော်၏အနာဂတ်အတွက် ဖွံ့ဖြိုးမှု ရည်မှန်းချက်လျာထားချက်များကိုပကတိ အခြေအနေဖြင့် လိုက်လျောညီထွေဖြစ် စေရန် စိစစ်သုံးသပ်ခွင့်ပြုပေးရသော လုပ်ငန်းများရှိသကဲ့သို့ လျာထားချက်ကို မမီသော၊ လျော့နည်းစေသော၊ မအောင် မြင်သော၊ မပြီးပြတ်သော၊ မဆောင်ရွက် ချင်သော(အနုတ်လက္ခဏာ)ရှိသည့်လုပ်ငန်း များကိုလည်း ဖော်ထုတ်သုံးသပ်ပေးရန် တာဝန်ရှိသည်ဟု ယူဆပါတယ်။
သို့ဖြစ်ပါ၍ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာ နှစ်မှ စတင်ခဲ့သည့် ဂျီဒီပီ လျာထားချက် နှင့် အမှန်အကောင်အထည်ဖော်နိုင်မှု ကွာခြားချက်ကြီးမားမှုများကို သက်ဆိုင် ရာက ဖော်ထုတ်ပြင်ဆင်ရန်နှင့် မအောင် မြင်မှု၊ မပြီးစီးမှုများကို နည်းလမ်းများ ရှာဖွေပြင်ဆင်ပြီးမှသာ အတည်ပြုရေး ဆောင်ရွက်သင့်ပါကြောင်း တင်ပြလျက် နိဂုံးချုပ်ပါတယ်။