images
UN
UN
လွှတ်တော်က ကတိကဝတ်များကို အခြေခံသတ်မှတ်ချက်များ ပြည့်မီအောင် ကြိုတင်ဆောင်ရွက်ရပြီး နောင်လာမည့် ဘဏ္ဍာနှစ်များတွင် ဖြည့်ဆည်းဆောင်ရွက်ပေးပါရန်
Friday, 30 August 2019
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၈)ရက်မြောက်နေ့ကို ၂ဝ၁၉ ခုနှစ် သြဂုတ် ၃ဝ ရက်ကကျင်းပခဲ့ရာ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ပြည်ထောင်စု ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့၏မူနှင့် အခြေခံသဘောများ၊ စီမံကိန်းလုပ်ငန်းများ၊ ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်မဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သီ၏ ဆွေးနွေးမှုများကို ဖော်ပြအပ်ပါသည်။
လေးစားအပ်ပါသော ပြည်ထောင်စု လွှတ်တော်နာယကကြီးနှင့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ် ကြားထားသော ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊ ဧည့်သည်တော် များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သရင်းနှင့် ရွှင်လန်းချမ်းမြေ့ကြပါစေ လို့ နှုတ်ခွန်းဆက်သ ဂါရဝပြုပါတယ်။ ကျွန်တော်ကတော့ ရှမ်းပြည်နယ် (တောင် ပိုင်း) လွိုင်လင်မြို့နယ်မဲဆန္ဒနယ်က ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင် မောင်သီ ဖြစ်ပါတယ်။
၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်ပြည်ထောင်စု အစိုးရအဖွဲ့က ပြည်ထောင်စု၏အရ အသုံးခန့်မှန်းခြေ ငွေစာရင်းနှင့် ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေ ကြမ်းကို ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန် အစည်းအဝေး ပထမနေ့မှာ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့ပါတယ်။
နိုင်ငံတော်၏စီးပွားရေးအခြေအနေ အပေါ် သုံးသပ်တင်ပြချက်မှာ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း တွင် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးကို ၇ ဒသမ ၆ ရာခိုင် နှုန်းတိုးတက်ရန် ရည်မှန်းခဲ့ရာမှာ ပထမ ခြောက်လပတ်တွင်စီမံကိန်းရည်မှန်းချက် အကောင်အထည်ဖော်နိုင်မှုမှာ ၆ဒသမ၃ ရာခိုင်နှုန်းတိုးတက်ခဲ့ပါကြောင်းနှင့် နှစ် ကုန်တွင် စီးပွားရေးတိုးတက်မှုနှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်းရရှိရန် ရည်မှန်းထား ပါကြောင်း တင်ပြသွားတာ သိရှိရပါ တယ်။ ၂ဝ၁၉- ၂ဝ၂ဝ ဘဏ္ဍာနှစ်တွင် ဂျီဒီပီတိုးတက်မှုနှုန်း ခုနစ်ရာခိုင်နှုန်းမျှော် မှန်းထားပါကြောင်း တွေ့ရှိရပါတယ်။
၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်တွင် စီးပွား ရေးတိုးတက်မှုကို လယ်ယာကဏ္ဍကြီး တွင် ၂ ဒသမ ၅ ရာခိုင်နှုန်း၊ စက်မှု ကဏ္ဍကြီးတွင် ၈ ဒသမ ၆ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍကြီးတွင် ၈ ဒသမ ၁ ရာခိုင်နှုန်းတိုးတက်ရန် ရည်မှန်းချက်ကို သိရှိရပြီး စက်မှုကဏ္ဍမှာ ၈ ဒသမ ၆ ရာခိုင်နှုန်းဖြစ်နေတာ တွေ့ရပြီး ပြည်တွင်း ၌ထုတ်လုပ်တပ်ဆင်ရန်တိုယိုတာ(TO- YOTA)ကားကုမ္ပဏီမှဆောင်ရွက်မည်ဖြစ် ကြောင်းသိရှိရပါသဖြင့်ကြိုဆိုပါကြောင်း နှင့်ဈေးနှုန်းများအထူးသက်သာစွာရောင်း ချပေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေး ပါရန်အကြံပြုဆွေးနွေးတင်ပြအပ်ပါသည်။

နာယကကြီးခင်ဗျာ
၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်အမျိုး သားစီမံကိန်းဥပဒေကြမ်းအပေါ် ပြည် ထောင်စုလွှတ်တော်၊ဥပဒေကြမ်းပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ စာ မျက်နှာ(၅) အမှတ်စဉ်(၁၃)စိစစ်ရေး ပူး ပေါင်းအဖွဲ့(၉)ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနကို စိစစ်ခဲ့ရာတွင် အောက်ပါ အတိုင်း သုံးသပ်အကြံပြုထားပါသည်။
လွှတ်တော်က ကတိကဝတ်များကို အခြေခံသတ်မှတ်ချက်များ ပြည့်မီအောင် ကြိုတင်ဆောင်ရွက်ရပြီး နောင်လာမည့် ဘဏ္ဍာနှစ်များတွင် ဖြည့်ဆည်းဆောင် ရွက်ပေးပါရန် ဖော်ပြထားချက်နှင့်ပတ် သက်လို့ဆွေးနွေးတင်ပြလိုပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များသည် မိမိတို့မဲဆန္ဒနယ်ကို ကိုယ်စားပြု၍ မဲဆန္ဒ ရှင်မိဘပြည်သူများကို ဆောင်ရွက်ပေးစေ လိုသည့် လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးတိုး တက်ရေးကိုရည်ရွယ်၍ ကိစ္စရပ်များကို ကြယ်ပွင့်ပြ၊ မပြမေးခွန်းများကို သက် ဆိုင်ရာလွှတ်တော်များမှာနှုတ်ဖြင့်မေးမြန်း ခြင်း၊ စာဖြင့်ရေးသားမေးမြန်းခြင်းကို ဆောင်ရွက်ကြရပြီး သက်ဆိုင်ရာ ပြည် ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားရှင်းလင်းကြပါသည်။ ဆောင် ရွက်ပေးမည့်ကတိကဝတ်ပြုကြပါသည်။ သက်ဆိုင်ရာဘဏ္ဍာနှစ်အလိုက် ဆောင် ရွက်မည့်လုပ်ငန်းစဉ်များတွင်ပါဝင်သင့်ပါ ကြောင်းနှင့်အထူးဂရုပြုဆောင်ရွက်ပေးနိုင် ပါရန်အကြံပြုဆွေးနွေးတင်ပြအပ်ပါတယ်။
နာယကကြီးခင်ဗျာ
ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ ပြင်ဆင်ချက်အမှတ်စဉ်(၃၁)ဖြစ်တဲ့ ၂ဝ၁၉-၂ဝ၂ဝဘဏ္ဍာနှစ် အမျိုးသားစီမံ ကိန်းဥပဒေကြမ်း၏ အပိုဒ်(၁၃)အား ပြင် ဆင်ထားသည့် အတိုင်းဆောင်ရွက်သင့် ပါကြောင်းနှင့် သက်ဆိုင်ရာဌာန တိုင်း ဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များ သို့လည်း ညွှန်ကြားပေးနိုင်ပါရန် အကြံ ပြုတင်ပြအပ်ပါသည်။
လေးစားအပ်ပါသော ပြည်ထောင်စု လွှတ်တော်နာယကကြီးခင်ဗျာ
၂ဝ၁၉-၂ဝ၂ဝဘဏ္ဍာနှစ်အမျိုးသား စီမံကိန်းဥပဒေကြမ်းနောက်ဆက်တွဲ-၂ ပါ နိုင်ငံပိုင်အခန်းဆောင်ရွက်မည့် လုပ် ငန်းစီမံကိန်းများနှင့်ရင်းနှီးမြှုပ်နှံမှုလျာထား ချက်နှင့်စပ်လျဉ်းသည့်ပြင်ဆင်ချက်ဇယား ဖော်ပြထားသည်များကိုတင်ပြပါမည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာန အမှတ် စဉ် (၂၆) မူလဥပဒေကြမ်း၏ စာမျက်နှာ (၅ဝ၇)အမှတ်စဉ်(၃-၁-၁-၁) မူလ ပြဋ္ဌာန်းချက် စီမံကိန်း/လုပ်ငန်းမှာ ရှမ်း ပြည်နယ် လွိုင်လင်ခရိုင်ဦးစီးမှူးရုံး RCC နှစ်ထပ်တွင် တံခါးတပ်၊ အလူမီ နီယမ် (ဗူကာငညငကာ) ပြတင်းတပ်၊ အချောကိုင်၊ ဆေးသုတ်၊ မျက်နှာကြက်၊ အတွင်းရေသန့်၊ လျှပ်စစ်အပါအဝင် ကျပ် သန်း ၃၈ ဒသမ ၉ဝ၅ဖြစ်ပြီး ပြင်ဆင် ချက်မှာ ငြင်းပယ်ရန်လို့ တွေ့ရှိရပါတယ်။
နာယကကြီးခင်ဗျာ
ရှမ်းပြည်နယ် လွိုင်လင်ခရိုင်ဦးစီး မှူးရုံး (ပေ၆ဝxပေ၄ဝx၂၈ပေ) RCC နှစ်ထပ် သွပ်မိုး၊ ကွန်ကရစ်ကြမ်းခင်း ရေမီးအပါအဝင် ၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာ နှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ရရှိသည့် ရန်ပုံငွေဖြင့်ဆောင်ရွက်ခဲ့ရာ ၇၄ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပါကြောင်း တင်ပြပါသည်။
ဆက်လက်ဆောင်ရွက်ရန် ၂၆ရာခိုင် နှုန်းကျန်ရှိနေပြီး ဆက်လက်ဆောင်ရွက် ရမည့်လုပ်ငန်းများမှာ တံခါးတပ်၊ အလူ မီနီယမ်(Aluminium) ပြတင်းတပ်၊ အချောကိုင်၊ ဆေးသုတ်၊ မျက်နှာကြက်၊ အတွင်းရေသန့်၊လျှပ်စစ်အပါအတွက် စုစု ပေါင်း ကျပ်သန်း ၃၈ ဒသမ ၉ဝ၅ အား ခွင့်ပြုပေးပါရန်အဆိုပြုတင်ပြအပ်ပါတယ်။
ကျွန်တော်၏ဆွေးနွေးတင်ပြချက်များ ကို ဒီမှာပဲ နိဂုံးချုပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။