images
UN
UN
ကျောက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မုန်းဒေသ ပါတီဆိုင်းဘုတ်များ စိုက်ထူခြင်းနှင့်ရုံးခန်းဖွင့်လှစ်
ခိုင်ကြီး(ကျောက်ကြီး) Friday, 30 August 2019
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မုန်းဒေသရုံးပါတီဆိုင်းဘုတ်နှင့် ကျေးရွာပါတီဆိုင်းဘုတ်များအား ယနေ့နံနက် ၉နာရီမှစတင်၍ ဝဲကြီးကျေးရွာအုပ်စု ပါတီဆိုင်းဘုတ် အား သစ်ချဆိပ်ကျေးရွာ ဦးဇော်နိုင်၏နေအိမ်ရှေ့၌လည်းကောင်း၊ ဆက်လက်ပြီး မုန်းဒေသပါတီဥက္ကဋ္ဌ ဦးဇော်မင်းအောင်၏ နေအိမ်ရှေ့နှင့် သောင်လယ်ကျေးရွာအုပ်စုပါတီဆိုင်းဘုတ်အား ဦးဇေလင်းအောင် နေအိမ်ရှေ့တို့တွင် စိုက်ထူ၍ ရုံးခန်းများဖွင့် လှစ်ပေးခဲ့သည်။
ထို့နောက် ဒေသခံပြည်သူများကို တွေ့ဆုံရာတွင် ကျောက်ကြီး မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးလှဘုန်း နှင့် မြို့နယ်ပါတီအတွင်းရေးမှူး ဦးဝင်းနိုင်ဦးနှင့်အတူ ပါတီ ကော်မတီဝင်များ၊ လူငယ်နှင့်အမျိုးသမီးရေးရာပါတီဝင်များနှင့် မုန်းဒေသတာဝန်ခံဦးကျော်ထွန်းတို့က လက်ရှိနိုင်ငံရေး အခြေအနေ များကို တက်ရောက်လာသူများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ညနေ ၄ နာရီအထိ အခမ်းအနားများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။