images
UN
UN
သန်လျင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကျေးရွာများတွင် ပါတီဆိုင်းဘုတ်တင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ စာရေးကိရိယာများလှူဒါန်း
ရန်မျိုးအောင် Friday, 30 August 2019
ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ကျေးရွာများတွင် ပါတီဆိုင်းဘုတ် တင်ပွဲနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများသို့ ဗလာစာအုပ်နှင့် စာရေး ကိရိယာများ ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းကကျင်းပရာ မြို့ဟောင်းအရှေ့ ရပ်ကွက် ဘုံပျံဘုန်းတော်ကြီးသင် ပညာ ရေးကျောင်းနှင့်ပုဂံတောင်ကျေးရွာ ဓမ္မိကာ ရာမပျိုးဥယျာဉ် ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းများရှိ ကျောင်းသား၊ ကျောင်း သူများ အသုံးပြုရန်အတွက် ဗလာစာအုပ် ဒါဇင် ၁ဝဝနှင့် ဘောပင်၊ ခဲတံအပါအဝင် စာရေးကိရိယာများအား မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးကျော် မင်း၊ အတွင်းရေးမှူး ဦးဇော်မင်းထွန်း၊ မြို့နယ်ကော်မတီဝင်များနှင့်အလှူရှင်များက ပေးအပ်လှူဒါန်းကြသည်။
ထို့နောက် သန်လျင်မြို့နယ် ချောင်း စောက်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမင်းဇော် နေအိမ်နှင့် ဒေးဇတ်ကျေးရွာ အုပ်စုဥယျာဉ်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီဝင် ဦးဝင်းနိုင်တို့၏ နေအိမ်များတွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဆိုင်း ဘုတ်တင်ပွဲများကျင်းပရာ သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးကျော်မင်း၊ မြို့နယ်အတွင်းရေးမှူး ဦးဇော်မင်းထွန်း၊ မြို့နယ်ကော်မတီဝင်များ၊ ကျေးရွာပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌများ၊ကျေးရွာ ပါတီဝင်များနှင့် ရပ်မိရပ်ဖများက စုပေါင်း ဆိုင်းဘုတ်တင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးကျော်မင်း၊ မြို့နယ်အတွင်းရေးမှူးဦးဇော် မင်းထွန်းနှင့် မြို့နယ်ကော်တီဝင်များ ကျေး ရွာပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌများနှင့် ပါတီ အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။