images
UN
UN
အင်းတော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ရပ်ကျေးလူငယ်ခေါင်းဆောင်များနှင့်တွေ့ဆုံ
Friday, 30 August 2019
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီခန်းမ၌ ယနေ့မွန်းတည့် ၁၂ နာရီ တွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်သူသူဇင်နှင့် နယ်မြေဒေသခြောက်ခုမှ လူငယ်ခေါင်းဆောင် များ တွေ့ဆုံခဲ့ကြပြီး မြို့နယ်ပါတီဥက္ကဋ္ဌက လူငယ်လှုပ်ရှားမှုနှင့် ရှေ့လုပ်ငန်းစဉ်များ၊ ရွေးကောက်ပွဲ အောင်နိုင်ရေးနှင့် လူငယ်များ၏ အခန်းကဏ္ဍများကို ဆွေးနွေးရှင်းလင်းပြီး နောက် လူငယ်များက မေးမြန်းသိလိုသည်များ ကို ဖြေကြားခဲ့ပြီး မွန်းလွဲ ၁ နာရီခွဲတွင် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။