images
UN
UN
မလှိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဒေသခံများနှင့်တွေ့ဆုံ
ကိုလေး(မလှိုင်) Friday, 30 August 2019
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ်ကံကြီးကျေးရွာ၌ ယနေ့ မွန်း လွဲပိုင်းက မြို့နယ်ပြည်ခိုင်ဖြိုးပါတီနှင့် ဒေသခံများတွေ့ဆုံပွဲ ကျင်းပခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်ပါတီ ဥက္ကဋ္ဌဦးစိုးသိန်းက တရားဥပဒေစိုးမိုးရေး၊ ကလေးသူငယ်မွေးစားခွင့်ဥပဒေအကြောင်း၊ လက်ရှိနိုင်ငံရေးအခြေအနေတို့ကို ဒေသခံ များ သိရှိစေရန် ရှင်းလင်းပြောကြားခဲ့ သည်။ ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ကော်မတီဝင်များက ဒေသခံများ သိလိုသမျှ မေးမြန်းမှုတို့ကို အကျယ်တဝင့် ပြန်လည်ဖြေကြားခဲ့သည်။
ဆွေးနွေးပွဲကို ကံကြီးအုပ်စု ကံကြီး မြောက်ရွာရပ်ကျေးပါတီ ဥက္ကဋ္ဌဦးဝင်းတင် နေအိမ်၌ပြုလုပ်ခဲ့ပြီး နိုင်ငံရေးစိတ်ဝင်စား သူ လူငယ်များ၊ ရပ်မိရပ်ဖများ တက် ရောက်ခဲ့သည်။