images
UN
UN
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကယားပြည်နယ် ဥက္ကဋ္ဌ ရပ်ကျေးဥက္ကဋ္ဌများ စွမ်းဆောင်ရည်မြှင့်သင်တန်းဖွင့်ပွဲ တက်ရောက်
မမောင်(ချိကယ်သူ) Friday, 30 August 2019
ကယားပြည်နယ် ဖားဆောင်း မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ တွင် ယနေ့နံနက် ၉ နာရီခွဲက ပြည် ခိုင်ဖြိုးပါတီဝင် ရပ်ကွက်ကျေးရွာ ဥက္ကဋ္ဌများအား စွမ်းဆောင်ရည်မြှင့် သင်တန်းဖွင့်လှစ်ရာ ပြည်ခိုင်ဖြိုး ပါတီဗဟိုအလုပ်အမှုဆောင်ကယား ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးပိုးရယ် အောင်သိန်း တက်ရောက်ခဲ့သည်။
ပထမဦးစွာ အခမ်းအနားကို နိုင်ငံတော်အလံအားအလေးပြုပြီး နိုင်ငံတော်သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ပြည်ခိုင်ဖြိုး ပါတီဗဟိုအလုပ်အမှုဆောင် ကယားပြည်နယ်ပါတီ ဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်းက သင်တန်းဖွင့်အမှာ စကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး ဖားဆောင်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးခင်မောင်ညိုက သင်တန်းဖွင့်လှစ်ရ ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ် ကော်မတီဝင် ဦးရဲဝင်းက သင်တန်းသား သင်တန်း သူများအား သင်တန်းနည်းပြများနှင့် ရင်းရင်းနှီးနှီး မိတ်ဆက်ပေးသည်။
ယင်းနောက် ကယားပြည်နယ် ပြည်ခိုင်ဖြိုး ပါတီမှ မြို့နယ်ပြည်ခိုင်ဖြိုးပါတီသို့ သင်တန်းအတွက် ထောက်ပံ့ငွေအား ပြည်နယ်ပါတီအတွင်းရေးမှူး ဦးကျော်မြင့်က မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင် မောင်ညို ထံသို့ ပေးအပ်လှူဒါန်းသည်။
ယနေ့ကျင်းပသော စွမ်းဆောင်ရည်မြှင့်သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှု ဆောင် ကယားပြည်နယ်ပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင် သိန်း၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးကျော်မြင့်နှင့် ပြည်နယ်ပါတီကော်မတီဝင်များ၊ ဘောလခဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုးရယ်၊ ဘော လခဲခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်အတွင်းရေးမှူး ဦးချစ်ဦးမောင်နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ဖားဆောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင် မောင်ညို၊ အတွင်းရေးမှူး ဒေါ်ခင်နှင်းယဉ်နှင့်မြို့နယ် ပါတီကော်မတီဝင်များ၊ သင်တန်းနည်းပြများ၊ ရပ်ကွက်/ကျေးရွာအုပ်စုပါတီဥက္ကဋ္ဌများ ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြ ပြီး အခမ်းအနားအပြီးတွင် ပြည်နယ်ပါတီဥက္ကဋ္ဌက သင်တန်းသား သင်တန်းသူများနှင့် ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ သင်တန်းဖွင့်ပွဲ ပြီးသည် နှင့် နံနက် ၉ နာရီခွဲ ပထမရက်တွင် ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးကျော်မြင့်က ရွေးကောက်ပွဲဆိုင်ရာ အသိပညာဘာသာရပ်ဖြင့် ပို့ချပေးပြီး သင်တန်း ပို့ချနေမှုကို ညနေ ၄ နာရီ ၅၅ မိနစ်အထိ ပို့ချ သွားမည်ဖြစ်ကြောင်းနှင့် ယနေ့ သင်တန်းတွင် သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကြ ပြီး သင်တန်းကို နှစ်ရက်သာပို့ချသွားမည်ဖြစ် ကြောင်း သိရသည်။