images
UN
UN
ကနီမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆင်အိုကျေးရွာအုပ်စု ပါတီဆိုင်းဘုတ်တင်ပွဲ ပြုလုပ်
အောင်မျိုးထွန်း(ကနီလူငယ်) Friday, 30 August 2019
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီ မြို့နယ် ဆင်အိုကျေးရွာအုပ်စု ရပ်/ကျေး ပါတီဥက္ကဋ္ဌ ဦးအံ့မောင်နေအိမ်၌ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ် တင်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ယင်းအခမ်းအနားကို ကနီမြို့နယ်ပါတီ နာယကဦးရှိန်၊ဥက္ကဋ္ဌဦးကျန်ထွန်း၊အတွင်းရေးမှူး ဒေါ်မာမာဦး၊အရန်ကော်မတီဝင်များ၊နယ်မြေတာဝန်ခံ ပါတီကော်မတီဝင်၊ရပ်ကျေးပါတီဥက္ကဋ္ဌနှင့်ရပ်မိရပ်ဖ များတက်ရောက်ခဲ့ကြပြီး အခမ်းအနားကို နံနက် ၁၁ နာရီတွင် အောင်မြင်စွာပြီးစီးခဲ့သည်။