images
UN
UN
တိုင်းရင်းဆေးဖြင့် အခမဲ့ကွင်းဆင်းကုသပေး
ကောင်းကင်အောင် Saturday, 31 August 2019

မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင် တိုင်းရင်းဆေးပညာ ဦးစီးဌာနမှူး ဒေါ်မေကြည်ဦး ဦး ဆောင်၍ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းမြသာ စည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့ နယ်၊ ပုသိမ်ကြီးမြို့နယ်၊ မတ္တရာ မြို့နယ်များမှ မြို့နယ်တိုင်းရင်း ဆေးမှူးများသည် သြဂုတ်၂၉ရက် နံနက် ၉ နာရီမှ မွန်းလွဲ ၃နာရီအထိ မြစ်ငယ်မြို့နယ်မြစ်လောင်းရပ်ကွက် ဓမ္မာရုံအတွင်း၌ တိုင်းရင်းဆေးဖြင့် အခမဲ့ကုသပေးခဲ့ကြသည်။
အဆိုပါအဖွဲ့သည် တိုင်းရင်း ဆေးဖြင့် သွေးတိုး၊ဆီးချို၊ လေ ငန်း၊ အဆစ်ရောင်၊ ထုံကျင်၊ အစာ အိမ်၊နှလုံး၊ အရေပြားရောဂါရှိသူ လူနာ ၁၃၇ဦးအား အခမဲ့ကုသ ပေးခဲ့ကြောင်း သိရသည်။