images
UN
UN
ရက်ခြားနေ့လွဲညစာမစားသုံးခြင်းကခန္ဓာကိုယ်အလေးချိန် လျှော့ချရာတွင်အလွန်အထောက်အကူဖြစ်ဟုဆို
KK(IR) Saturday, 31 August 2019
ရက်ခြားနေ့လွဲညစာမစားခြင်း သည် နေ့စဉ်စားနေကြအတိုင်း စားသောက်နေထိုင်နေကြသူများ ထက် ပိုမို၍ခန္ဓာကိုယ်အလေးချိန် ကျဆင်းစေနိုင်သည်ဟုသုတေသန တစ်ခုအရ သိရသည်။ သုတေသီ များက ကျန်းမာသန်စွမ်းပြီး အဝ မလွန်သည့် လူ ၆ဝ အား သီတင်း လေးပတ်ကြာအောင် အချို့ကို ၄င်းတို့နေ့စဉ်စားနေကျအတိုင်း စားခိုင်းပြီး အချို့ကို ၁၂ နာရီ အတွင်း အစားအစာကန့်သတ်မှု မပြုလုပ်ဘဲစားစေပြီး နောက်ထပ် ၃၆ နာရီကို အစားမစားခိုင်းခြင်း ဖြင့် ရက်ခြားနေ့လွဲညစာမစား စေခြင်းကိုပြုလုပ်ကာ စမ်းသပ် လေ့လာခဲ့သည်။
ရက်ခြားနေ့လွဲညစာမစား သည့်သူများသည်သီတင်းတစ်ပတ် လျှင် ပျမ်းမျှအားဖြင့် ကယ်လိုရီ ၃၇ ရာခိုင်နှုန်းလျော့နည်းသွားပြီး ခန္ဓာကိုယ်အလေးချိန် ၃ ဒသမ ၅ ကီလိုဂရမ် လျော့ကျသွားကြောင်း တွေ့ရှိရသည်ဟု သိရသည်။ ယင်း ကဲ့သို့မစားသုံးသူများသည် ပျှမ်းမျှ အားဖြင့် ကယ်လိုရီ ၈ ဒသမ ၂ ရာခိုင်နှုန်းသာ လျော့ကျပြီး ခန္ဓာ ကိုယ်အလေးချိန်လည်း သုည ဒသမ ၂ ကီလိုဂရမ်သာလျော့ကျ သွားသည်ဟု သိရသည်။
ရေရှည်သက်ရောက်မှုများကို မသိနိုင်သေးသည့်အတွက်ရက်ခြား နေ့လွဲညစာမစားခြင်းကို လူတိုင်း အတွက်အသုံးပြုနိုင်သည့်အာဟာရ အစီအစဉ်အဖြစ် အကြံပြုထောက်ခံ မည်မဟုတ်သော်လည်း ခန္ဓာကိုယ် အလေးအချိန်လျှော့ချလိုသည့် အဝလွန်နေသူများအတွက်မူ လ အနည်းငယ်အတွက် ကောင်းမွန် သည့်စနစ်အဖြစ်ဖော်ပြလိုသည်ဟု သြစတြီးယားနိုင်ငံရှိ University of Graz မှ ၄င်းသုတေသနခေါင်း ဆောင် Frank Madeo က ပြော ကြားလိုက်ကြောင်း သိရသည်။
Ref: Channel News Asia