images
UN
UN
ရေအဆုံး ကုန်းတစ်ဝက် လောဘ မဖက်ကြပါနဲ့
မောင်ငြိမ်းသူ(ကြို့ပင်ကောက်) Saturday, 31 August 2019
အနိဋ္ဌာရုံသတင်းများစွာထဲတွင်ဣဋ္ဌာ ရုံသတင်းအနည်းငယ်ကို တွေ့မြင် ဖတ်ရှု ရသောအခါကျွန်တော့်ရင်ထဲတွင်ကြည်နူး ဝမ်းသာပြီး မုဒိတာပွားနေရပါသည်။
ကောက်ရကြသော ပစ္စည်းများကို ''ရေအဆုံး ကုန်းတစ်ဝက်''ဟုဆိုကာ မောင်ပိုင်စီးပြီး လောဘမီးတောက်လောင် နေကြသူများကြားတွင် စာနာထောက် ထား၊ အကြင်နာတရားဖြင့် ပိုင်ရှင်များထံ သို့ပြန်လည်အပ်နှံနေကြသူများ၏သတင်း ကိုမြင်တွေ့လာရသောအခါ အိုအေစစ် သဲကန္တာရထဲတွင် စမ်းချောင်းကလေးကို မမျှော်လင့်မထင်မှတ်ဘဲ ရုတ်တရက်မြင် တွေ့လိုက်ရသည့်အလား ခံစားလိုက်ရ ပါသည်။
မေ့ကျန်ပစ္စည်းများနှင့် ငွေများကို ပြန်လည်ပေးအပ်နေကြသူများသည် လူမျိုးဘာသာမခွဲခြားကြဘဲ ပြန်လည် ပေးအပ်နေကြရာတွင် ကိုယ့်မြန်မာလူမျိုး များကိုသာမက ပြည်ပမှလူမျိုးခြားခရီး သွားများကိုပါစာနာစိတ်ထားကာ ပြန် လည်ပေးအပ်နေကြပါသည်။ မြန်မာ လူမျိုးများ၏ ရိုးသားမှုဂုဏ်ကိုမြှင့်တင် ပေးရာရောက်ပါသည်။
သည်ကြားထဲ လွန်ခဲ့သောတစ်နှစ် ကျော်က မန္တလေးမြို့တွင် အင်္ဂလန်နိုင်ငံ သူတစ်ဦးက အိန္ဒိယနိုင်ငံသို့သွားလိုသော ကြောင့် ခရီးစရိတ်အကူအညီလှည့်လည် တောင်းခဲ့ရာ မန္တလေးမြို့သူမြို့သားတို့က ဝိုင်းဝန်းကူညီခဲ့ကြရပါသည်။ မြန်မာ့စိတ် ရင်းကို ထင်းလင်းမြင်သာစေခဲ့ပါသည်။ နိုင်ငံခြားသားအချို့အား လုယက်မှု၊ ခါး ပိုက်နှိုက်မှု၊ ခိုးမှု၊ အဓမ္မကျင့်သတ်ဖြတ် မှုသတင်းများနှင့် ပြဒါးတစ်လမ်း၊ သံ တစ်လမ်း၊ အဖြူနှင့်အမည်းလို ကွာခြား လွန်းလှပါသည်။ နိုင်ငံနှင့်လူမျိုးအတွက် ဂုဏ်တက်စရာကောင်းလှပါသည်။
စာရေးသူတို့မြန်မာလူမျိုးများသည် ရှေးအစဉ်အလာကတည်းက စာနာမှု၊ ညှာတာမှု၊ ရိုင်းပင်းကူညီစောင့်ရှောက်မှု၊ စရဏတရားပြည့်ဝမှုများကြောင့် ယဉ် ကျေးသိမ်မွေ့သောလူမျိုးအဖြစ် ကမ္ဘာ့ အလယ်မှာဝင့်ထည်စွာရပ်တည်နေခဲ့ပါ သည်။ မိရိုးဖလာဗုဒ္ဓဘာသာဝင်များပီပီ ကံ ငါးပါးကိုလုံခြုံအောင်ထိန်းသိမ်းခဲ့ကြ သူများဖြစ်ကြပါသည်။ သူတစ်ပါး ပစ္စည်းခိုးဝှက်လုယက်ကြရမှာကို အလွန် ပင်ရှက်ရွံ့ကြောက်လန့်နေကြသော လူ မျိုးဖြစ်သောကြောင့် ကောက်ရကြ သောပစ္စည်းများနှင့် ငွေများကိုပြန်လည် ပေးအပ်နေကြသည်မှာ မြန်မာလူမျိုးများ ၏ ဝါရိတ္တသီလနှင့် စာရိတ္တသီလကို ထင်ရှားစွာသက်သေပြရာလည်းရောက် ပါသည်။

ထိုအကျင့်သီလ၊ စာဂနှင့် မင်္ဂလာ တရားကို ပြည်တွင်းမှာသာမက ပြည်ပ မှာပါအရိုးစွဲကျင့်သုံးနေကြပါသည်။ ထို သို့အရိုးစွဲကျင့်သုံးခဲ့ကြသည့်ဖြစ်ရပ်မှန် သာဓကပေါင်းမြောက်မြားစွာရှိသည့် အနက် ၂ဝ၁၄ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မြောင် ခရိုင်တွင်ရှိသော''ပတ်ဒွိုင်နမ်''စားသောက် ဆိုင်မှ မြန်မာစားပွဲထိုးလေး ''ဆိုင်ရင်(ခ) လနာမူ''၏ ရိုးသားမှုဂုဏ်ကို ဖော်ထုတ် မြှင့်တင်ပေးချင်ပါသည်။
ထို့နေ့က ထိုစားသောက်ဆိုင်သို့ လာ ရောက်စားသောက်ခဲ့ကြသော ထိုင်းလူ မျိုးသက်ကြီးရွယ်အိုဇနီးမောင်နှံ မေ့ကျန် ခဲ့သည့် အညိုရောင်အိတ်ကို ''ဆိုင်ရင်'' က ပြန်လည်ပေးအပ်ရန် အပြေးအလွှား လိုက်သွားခဲ့သော်လည်း နောက်ကျသွားခဲ့ သည်။ ဆိုင်ရင်က အိတ်ကိုဖွင့်မကြည့်ဘဲ အိတ်ထဲမှာတန်ဖိုးကြီးပစ္စည်းများနှင့် ငွေ များရှိနေမှာသေချာကြောင်း ခန့်မှန်းပြီး စားသောက်ဆိုင်ပိုင်ရှင် ''ဒါဆာရာ ပန်ပတ်ခ်ျဆရီ''ထံ အပ်နှံထားခဲ့သည်။ ခဏမျှအကြာမှာ ပိုင်ရှင်ဇနီးမောင်နှံဆိုင် သို့ပြန်လည်ရောက်ရှိလာခဲ့ကြသည်။ ဆိုင် ရှင်က အကျိုးအကြောင်းရှင်းလင်းပြော ကြားပြီး အိတ်ကိုပြန်လည် ပေးအပ်ခဲ့ရာ ပိုင်ရှင်ကအိတ်ကိုဖွင့်၍ စစ်ဆေးခဲ့သည်။
ထိုင်းဘတ်ငွေတစ်သန်းကို လက်ရာ မပျက်ပြန်တွေ့ရသောကြောင့် မြန်မာ စားပွဲထိုးလေး''ဆိုင်ရင်''ကို ဘတ်ငွေ တစ်ထောင်ပေးပြီး သူတို့နာမည်များကို ပင်မပြောဘဲ ဆိုင်ထဲမှချက်ချင်းထွက်ခွာ သွားခဲ့ကြသည်။ ထိုအချိန်က ဘတ်ငွေ တစ်သန်းသည် မြန်မာငွေကျပ်သိန်း ၃ဝဝခန့်ရှိရာ ဘတ်ငွေတစ်ထောင် မြန်မာ ငွေကျပ် သုံးသောင်းသာကျေးဇူးတုံ့ပြန် ခြင်းမှာ လွန်စွာနည်းပါးလွန်းလှသည် ဖြစ်ရာ ဝေဖန်သံများပလူပျံသွားခဲ့ကြ ပါသည်။ သို့သော်မြန်မာလူမျိုး၏ ရိုး သားမှုဂုဏ်သတင်းကတော့ မွှေးပျံ့သွား ခဲ့ပါသည်။ ထိုသတင်းကို ၂၅-၉-၂ဝ၁၄ ရက်နေ့ထုတ် ''ဘန်ကောက်ပိုစ့်သတင်း စာ''မှာ ဖော်ပြခဲ့သလို ၂၆-၉-၂ဝ၁၄ ရက်နေ့ထုတ်''မဇ္ဈိမသတင်းစာ''မှာလည်း ဘာသာပြန်ပြီးဖော်ပြပေးခဲ့ပါသည်။
၂ဝ၁၄ခုနှစ် ဇူလိုင်လခန့်ကလည်း ပြည်မြို့မှာ ဝန်ထမ်းများ၏လစာ(လခ) ငွေများထုတ်ခဲ့သောဝန်ထမ်းတစ်ဦးသည် ဆိုက်ကားပေါ်မှာ ငွေကျပ်ရှစ်သိန်း မေ့ကျန်ခဲ့ရာ စာနာစိတ်ရှိသောဆိုက်ကား သမားကြီးက ထိုဝန်ထမ်းကို ရှာဖွေပြီး ပြန်လည်ပေးအပ်ခဲ့သည်။ ဝန်ထမ်း ကလည်း ကျေးဇူးတင်လွန်းသောကြောင့် သူ့လခကျပ်တစ်သိန်းကို ကျေးဇူးတုံ့ပြန် သောအားဖြင့် ဆိုက်ကားသမားကြီးကို ပေးအပ်ခဲ့ရာ ဆိုက်ကားသမားကြီးက လက်မခံခဲ့ပေ။ ထိုသတင်းက ပြန့်သွား လေသောအခါ ကြားရသူတိုင်းက ဆိုက်ကားသမားကြီးကို ဝိုင်းဝန်းဂုဏ် ပြုခဲ့ကြပါသည်။ ငွေမေ့ကျန်ခဲ့သော ဝန်ထမ်းကလည်း ထိုငွေများသာ ပြန်မ ရပါက သူ့ကို သူ့ဌာနက ယုန်ထင် ကြောင်ထင်သံသယဝင်ပြီး သူ့သိက္ခာနှင့် သူ့မိသားစုဘဝကို အရိပ်မည်းကြီး ဖုံး အုပ်သွားနိုင်ကြောင်း ဆိုက်ကားသမား ကြီးကို အနူးအညွတ်တောင်းပန်ပြီး ဂုဏ် ပြုငွေကို ထပ်ဆင့်ချီးမြှင့်တော့မှ ဆိုက် ကားသမားကြီးက မလွှဲရှောင်သာဘဲ လက်ခံခဲ့ပါသည်။
အလားတူဖြစ်ရပ်မျိုး ၁၃-၂-၂ဝဝ၇ ရက်နေ့ကလည်း ဖြစ်ပွားခဲ့ပါသေးသည်။ တက္ကစီမောင်း ဦးသိန်းမြင့်၏ ဗင်ကား ဘ/၆၂၆၈ ပေါ်တွင် ငွေကျပ်သိန်း ၂ဝ ပါသော ပလတ်စတစ်အိတ်အမည်း ကြီးကျန်ခဲ့ရာ ခရီးသည်များဆင်းသွား သော ပန်းဆိုးတန်းလမ်းရှိဏျေစသမအ ရုံး သို့သွားရောက်ရှာဖွေခဲ့သော်လည်း လုံးဝ ရှာမတွေ့သောကြောင့် သူ့ကားအုံနာထံသို့ သွားရောက်အပ်နှံထားခဲ့သည်။ ၁၅-၂- ၂ဝဝ၇ ရက်နေ့တွင် ပိုင်ရှင်ပေါ်လာသော ကြောင့် ငွေအိတ်ကို ပြန်လည်အပ်နှံခဲ့ရာ ငွေအိတ်ပိုင်ရှင်က ဦးသိန်းမြင့်ကို ကျေး ဇူးတင်လွန်းလို့ဟုဆိုကာ ငွေကျပ်တစ် သိန်းပြန်လည်ချီးမြှင့်ခဲ့ပါသည်။

လူအမျိုးမျိုး စိတ်အထွေထွေဆိုသလို အချို့ဆိုပါမူ ''ရေအဆုံး ကုန်းတစ်ဝက်'' ဆိုကာ ကောက်ရပစ္စည်း မောင်ပိုင်စီးကြ လေ့ရှိပါသည်။ ခိုးဝှက်လုယက်တာ မဟုတ်ဘူး။ ကိုယ်နဲ့ထိုက်လို့ကိုယ်ရတာ။ ဘယ်သူ့မှဂရုစိုက်စရာမလိုဘူး။ အချောင် ရတာပဲဟုဆိုကာ လောဘမီးတောက် လောင်နေကြလေ့ရှိပါသည်။ ဥပဒေ ဗဟုသုတ၊ မှုခင်းဗဟုသုတမရှိကြသော ကြောင့်လည်း အချောင်ရလိုစိတ်ကို မွေး နေကြခြင်းဖြစ်ပါသည်။
ကောက်ရပစ္စည်း မောင်ပိုင်စီးလိုကြ သူများအတွက် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄ဝ၃ တွင် ''မည်သူမဆို၊ ရွှေ့ပြောင်း နိုင်သောပစ္စည်းကို မရိုးမဖြောင့်သော သဘောဖြင့် အလွဲသုံးစားပြုလျှင်၊ (သို့ တည်းမဟုတ်) မိမိ၏ပစ္စည်းအဖြစ် ပြောင်းလဲခြင်းပြုလျှင် ထိုသူကို နှစ်နှစ် အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချ မှတ်ရမည်'' ဟုပြဋ္ဌာန်းသတိပေးထား ပါသည်။(မူလပြဋ္ဌာန်းချက်)
ထိုပုဒ်မ၄ဝ၃ ၏ရှင်းလင်းချက်ထဲ တွင်''ပစ္စည်းပိုင်ရှင်ကိုသိလျက်နှင့်ဖြစ်စေ၊ ပစ္စည်းပိုင်ရှင်ကိုရှာဖွေတွေ့ရှိနိုင်သောနည်း လမ်းရှိလျက်နှင့်ဖြစ်စေ၊ ပစ္စည်းပိုင်ရှင် ကို တွေ့အောင်ရှာဖွေအကြောင်းကြားရန်၊ အကြောင်းလုံလောက်သောနည်းလမ်းကို သုံး၍ ပစ္စည်းကို ပိုင်ရှင်ကတောင်းဆို သာအောင် သင့်လျော်သောအချိန်ကာလ အထိ သိမ်းဆည်းထားခြင်းမပြုသေးမီ ဖြစ်စေ၊ မိမိအသုံးပြုမှုအတွက်သုံးစွဲလျှင် ထိုသူသည် ပုဒ်မ ၄ဝ၃ ကို ကျူးလွန် သည်မည်၏''ဟုဖော်ပြထားပါသည်။
ကောက်ရပစ္စည်းကို မောင်ပိုင်စီးမိ ခဲ့သောကြောင့် ပုဒ်မ ၄ဝ၃ အရ ပြစ်ဒဏ် ကျခံခဲ့ကြရသည့်သားအမိ စီရင်ထုံးရှိခဲ့ ပါသည်။ သူငယ်ချင်း၏ရွှေဆွဲကြိုးကို ကောက်ရပေမယ့်ပြန်မပေးဘဲ သိမ်းဆည်း ထားခဲ့သည်။ မေ့လောက်ပြီထင်မှ ထိုဆွဲ ကြိုးကို လည်ပင်းမှာဆွဲ၊ ရှိုးထုတ်ဟန် ရေးပြခဲ့ရာ ပိုင်ရှင်သူငယ်ချင်းက သူကျ ပျောက်ခဲ့သောသူ့ရွှေဆွဲကြိုးမှန်းသိ၍ ပြန်ပေးရန်တောင်းခံခဲ့သည်။ ကောက်ရ သူကလည်း ကောက်ရသည့်ပစ္စည်းမို့ ပြန်မပေးနိုင်ဘူးဆိုပြီး အငြင်းအခုံဖြစ်ခဲ့ ကြသည်။ ကောက်ရသူ၏မိခင်ကလည်း ရေအဆုံးကုန်းတစ်ဝက်မို့ သူ့သားပိုင်ဆိုင် သည်ဟု သားဘက်က အကြောက်အကန် ငြင်းဆန်ခဲ့သည်။
ထို့ကြောင့် မြို့နယ်တရားရုံး၊ ခရိုင် တရားရုံး၊ တိုင်းတရားရုံးအဆင့်ဆင့်မှ တရားရုံးချုပ်အထိ အပြန်အလှန်တရားစွဲ ဆိုခဲ့ကြသည်။ ပိုင်ရှင်က သူ့ဆွဲကြိုးကို မည်သည့်ရွှေပန်းထိမ်မှာလုပ်သည်။ ဝယ် သည်။ ပဲရည်မည်မျှရှိသည်။ ကွင်းဆက် မည်မျှရှိသည်စသည်ဖြင့် ခိုင်မာသော သက်သေအထောက်အထားများ တင်ပြ နိုင်သောကြောင့် တရားရုံးချုပ်က ပိုင်ရှင် ကိုအနိုင်ပေးခဲ့သည်။ ကောက်ရသူနှင့် ကြံရာပါမိခင်ကိုပြစ်ဒဏ်ချမှတ်ခဲ့သည်။
ထိုနည်းတူ သာဓကပေါင်းများစွာ ရှိခဲ့ပါသည်။ မေ့ကျန်၊ ကျပျောက်ပစ္စည်း တန်ဖိုးနည်းပါက အလေးမထားကြသော် လည်း တန်ဖိုးများပါက ပိုင်ရှင်များ သည် နီးစပ်ရာရဲစခန်းများတွင် အမှုဖွင့် ထားကြလေ့ရှိပါသည်။ တကယ်တော့ ကောက်ရပစ္စည်းအလွဲသုံးစား လုပ်ပစ် သော် ပစ္စည်းအနည်းအများနှင့်မဆိုင်ဘဲ ပိုင်ရှင်က မကျေနပ်ပါက အရေးယူ ခံကြရလေ့ရှိပါသည်။
ပမာတင်ပြရလျှင် မောင်ဘသည် လမ်းပေါ်မှကောက်ရသောငွေကျပ်ငါး ထောင်ကိုသုံးစွဲခဲ့ပေမယ့်ပုဒ်မ-၄ဝ၃နှင့် မငြိပေ။သို့သော် ဘဏ်စုငွေလက်မှတ်ပါသော စာတစ်စောင်ကို ကောက်ရပါက စာစောင်မှာပါသည့် စာသားများအရ ပိုင်ရှင်ကိုသိပါလျက်နှင့် သုံးစွဲခဲ့ မိလျှင် ပုဒ်မ-၄ဝ၃နှင့်ငြိနိုင်ပါသည်။ မောင်ဖြူ၏ ပိုက်ဆံအိတ်အောက်သို့ ပြုတ် ကျနေသည်ကို မောင်မဲက သိသိကြီးနှင့် ကောက်ယူထားခဲ့သည်။ပထမတော့ မောင်ဖြူ၏ တအံ့တသြကျေးဇူးတင်ခံချင်သောကြောင့် ပြန် ပေးရန်ကြံရွယ်ထားသော်လည်း လက်ထဲရောက်လာသော ပိုက်ဆံအိတ် ကလောဘစိတ်အဖြစ် ပြောင်းလဲလိုက်လေရာ ငွေအားလုံးကို လွယ်လွယ်ပဲ သုံးစွဲပစ်လိုက်ပါတော့သည်။ မောင်ဖြူ သိသွားသောအခါမောင်မဲပုဒ်မ-၄ဝ၃အရ အရေးယူအပြစ်ပေးခြင်း ခံရပါတော့သည်။
လူ့သဘောသဘာဝအရ ဘာကိုပဲ ကောက်ရကြသည်ဖြစ်စေ၊ ရိုးရိုး သားသားသဘောဖြင့် ကောက်ယူကြလေ့ရှိပါသည်။ တက္ကစီသမားများက လည်း ခရီးသည်မေ့ကျန်ခဲ့သော ရွှေငွေပစ္စည်းများကို သဘောရိုးဖြင့် သာယူထားကြလေ့ရှိပါသည်။ ''အစကတော့ ရိုးရိုးနောက်တော့ တစ်မျိုး တိုးလို့''ဟူသော သီချင်းစာသားကဲ့သို့ပင် လောဘစိတ်ဝင်လာကြလေ့ရှိ ပါသည်။ မေ့ကျန်၊ ကောက်ရ ပစ္စည်း၏တန်ဖိုး၊ အရေအတွက် ပမဏကို ကြည့်ပြီး လောဘမီးတောက်လောင်လာကြခြင်းဖြစ်ပါသည်။ ''ရေအဆုံး ကုန်းတစ်ဝက်''ဟူသည့် လောဘဖက်လာကြပါသည်။
လောဘအမျှင်ကို ဆွဲဆန့်လျှင် ကမ္ဘာ့အရှည်ဆုံးဖြစ်ကြောင်း၊ လောဘကြောင့် ဒေါသဖြစ်၊ တရားရုံးရောက်ကြရသည်။ ဒေါသသည် မဟာသမုဒ္ဒရာထက်ငန်ကြောင်း၊ လောဘ၊ ဒေါသကြောင့် မောဟဖြစ် လာပါက အကန်းနှင့်တူကြောင်း၊ ထိုအကြောင်းတရားများ ပေါင်းဆုံ၍ ဖြစ်ပေါ်လာသော ကိလေသာသည် ငရဲမီးထက်ပူလွန်းလှကြောင်း၊ မသိမသာနှင့်လောကီငရဲခံစားနေကြရသည်ကို မသိကြကြောင်း၊ ဓမ္မ ကထိကဆရာတော်များက တရားပြနေကြရာ အလွန်ပင်ကြောက်လန့်ဖွယ် ကောင်းလှပါသည်။
အဓိကအကြောင်းရင်းမှာ''စာနာစိတ် ကင်းမဲ့ကြခြင်း''ပင်ဖြစ်ပါ သည်။ ''ငါ့ ပိုက်ဆံအိတ်၊ ငါ့ဖုန်း၊ ငါ့ပစ္စည်းပျေ