images
UN
UN
မိတ္ထီလာမြို့နယ်အလည်ရွာ ရဲကင်းစခန်းပိုင်၌ ရဲတပ်ဖွဲ့ဝင်ချင်းလက်သီးဖြင့်ထိုးရာမှတစ်ဦးသေဆုံးမှုဖြစ်ပွား
ကျော်ကျော်(မလှိုင်) Saturday, 31 August 2019
မန္တလေးတိုင်းဒေသကြီး မိတ္ထီ လာမြို့အလည်ရွာရဲကင်းစခန်းတွင် ရဲတပ်ဖွဲ့ဝင်ချင်း လက်သီးဖြင့်ထိုး ၍သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ရဲ မှတ်တမ်းများအရ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ နံနက် ၁ဝ နာရီက အလည်ရွာ ရဲကင်းစခန်း မှူး ရဲအုပ်စောရွှေမောင်က(ပ)၂၅/ ၂ဝ၁၉၊ လက်နက်ပုဒ်မ၁၉(င) အမှု တရားစွဲတင်ရန် ရဲတပ်သားမျိုးကို ကို၊ ထွန်းထွန်းလင်း၊ တင်စိုးဝေတို့ နှင့်အတူ မိတ္တီလာမြို့နယ် တရားရုံး သို့ရောက်ရှိခဲ့ပြီး စခန်းမှူးက တရားရုံးတွင် အမှုကိုတရားစွဲတင် ရန်ဆောင်ရွက်နေစဉ် ရဲတပ်သား မျိုးကိုကို၊ထွန်းထွန်းလင်း၊ တင်စိုး ဝေတို့သည် အလည်ရွာရဲကင်း စခန်းသို့ပြန်သွားကြရာ နန်းတော် ကုန်းရပ်ကွက်ရှိ ရှမ်းခမောက် ထမင်းဆိုင်တွင် ထမင်းစားရင်း ရဲ တပ်သား တင်စိုးဝေက Grand Royal အရက် ရှစ်ပက်သောက် ကြောင်း၊ထမင်းစားပြီးရဲတပ်သား မျိုးကိုကိုက စခန်းမှူးအားလိုအပ် သည်များဆောင်ရွက်ပေးရန်တရား ရုံးသို့ပြန်သွားပြီး ရဲတပ်သားထွန်း ထွန်းလင်းနှင့် တင်စိုးဝေတို့မှာ ဆိုင်ကယ်ဖြင့် အလည်ရွာ ရဲကင်း စခန်းသို့ပြန်သွားခဲ့ရာ ညနေ ၆ နာရီ ၁၅ မိနစ်တွင် ရောက်ရှိခဲ့ပြီး ရဲ တပ်သားတင်စိုးဝေသည် အရက် မူးနေ၍ ကင်းရုံတွင်ထားခဲ့ကြောင်း၊ ညနေ ၆နာရီခွဲခန့်တွင် ရဲတပ်သား တင်စိုးဝေ၏ဇနီး မဟန်နီချိုက ကင်းရုံဘေး၌ အိပ်ပျော်နေသော ခင်ပွန်းဖြစ်သူကို နေအိမ်ပြန်ရန် လာရောက်နှိုးရာ ရဲတပ်သား တင် စိုးဝေက အိပ်ရာမှထလာပြီး ကင်း အလှည့်ကျတာဝန်ဆောင်ရွက်နေ သော ရဲတပ်သား အောင်စိုးမင်းကို လက်သီးဖြင့်ထိုးရာ အောင်စိုးမင်း က ပြန်လည်ထိုးသဖြင့် ကင်းရုံ အတွင်း ရဲတပ်သားတင်စိုးဝေမှာ မှောက်လျက်လဲကျသွားခဲ့ကြောင်း သိရသည်။
ထိုသို့ဖြစ်ပွားပြီး ရဲတပ်သား တင်စိုးဝေအား အလည်ရွာတိုက် နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ မိတ္ထီ လာပြည်သူ့ဆေးရုံကြီးသို့လွှဲပြောင်း ကုသရန်စေလွှတ်၍ မော်တော် ယာဉ်ဖြင့်တင်ပို့ခဲ့ရာ ည ၇နာရီ ၁၅ မိနစ်တွင် ရောက်ရှိပြီး တာဝန်ကျ ဆရာဝန်၏ စမ်းသပ်စစ်ဆေးချက် အရ ရဲတပ်သားတင်စိုးဝေမှာ သေ ဆုံးနေကြောင်း သိရသဖြင့် ရဲတပ် သားတင်စိုးဝေအား အသက်သေ ဆုံးသည်အထိ လက်သီးဖြင့်ထိုးသူ ရဲတပ်သားအောင်စိုးမင်းကို အရေး ယူပေးရန် ဇနီးဖြစ်သူ မဟန်နီချို၏ တိုင်တန်းချက်အရ အလည် ရွာရဲ ကင်းစခန်းမှ (ပ) ၃ဝ/၂ဝ၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ ဖြင့် အမှု ဖွင့် အရေးယူ ဖမ်းဆီးစစ်ဆေး ဆောင် ရွက်လျက်ရှိကြောင်း သိရ သည်။