images
UN
UN
ခေတ်မီအောင်သာ
ချစ်နိုင်(စိတ်ပညာ) Saturday, 31 August 2019
နှစ်ဆယ့်တစ်ရာစု
''ကိုချစ်နိုင် ဘာတွေဖတ်နေတုန်းဟ''
''April Jones Prince ဆိုသူရေး တဲ့Who was Mark Twain ? ဆိုတဲ့ စာအုပ်ကို (ဘာသာပြန်သူ အမည်ဖော်ပြ မထားဘူး) the key collection က စာကြည့်တိုက်စာစဉ် (၆၈)အဖြစ် ၂ဝ၁၇ ခုနှစ် မေလမှာထုတ်ဝေခဲ့တဲ့ မာ့ခ်တွိုင်း ဆိုတဲ့ ဘာသာပြန်စာအုပ်ပါကွယ်''
''အထက်တန်းကျောင်းသား၊ အလယ်တန်းကျောင်းသားအရွယ်တွေ ဖတ်ဖို့စာအုပ်မျိုးမဟုတ်လား''
''ဟုတ်ပုံရပါတယ်။ ကိုယ့်အဖို့ မဖတ်ဖူးတော့အသစ်ပေါ့သူငယ်ချင်းရယ်''
''ဘယ့်နှယ်လဲ၊ ကောင်းရဲ့လား''
''မသိသေးတာတွေ သိရတာပေါ့။ သိပြီးသားအချို့ကိုလည်း ပိုပြီးသဲသဲ ကွဲကွဲ ဂဃနဏဖတ်ရမှတ်ရတာပေါ့''
''ပြောစမ်းပါဦး။ ဘာတွေသဘော ကျသလဲ''
''ဒီစာအုပ်မျိုးက တစ်ဦးချင်းဝယ် ဖတ်ကြမယ့် ဈေးကွက်မသေချာတဲ့ စာ အုပ်ပါ။ ရောင်းကောင်းချင်မှ ကောင်း မှာ။ ကျောင်းစာကြည့်တိုက်၊ ရပ်ကွက် စာ ကြည့်တိုက်၊ ရုံးစာကြည့်တိုက်တွေ မှာ ရှိသင့်တဲ့၊ ရှိရမယ့် စာအုပ်မျိုးလေး ပါ''။ ထုတ်ဝေသူက ငွေကြေးအကျိုး အမြတ်ကို အဓိကမထားဘဲ ၂၁ ရာစု ခေတ်ကိုနည်းပညာခေတ် အတတ်ပညာ ခေတ်၊ လူငယ်တစ်ဦးချင်းဆီမယ် အသိ ပညာ အမြော်အမြင်ကျယ်စေချင်တယ်။ အမြင်ကျယ်အောင် စာတွေများများဖတ် စေချင်တယ်။ ဖတ်စရာ သင့်တော်ဆီ လျော်မယ့် စာအုပ်ကောင်းလေးတွေ အလွယ်တကူရှိစေချင်တယ်။ တကယ် တော့ နှစ်ပေါင်းထောင်ချီလာခဲ့တဲ့ လူ သားတွေရဲ့ အသိပညာအမွေအနှစ်ကို အထိရောက်ဆုံးပေးနိုင်တဲ့အရာကစာအုပ် စာပေပဲမဟုတ်လား။ ဒီတော့ ကမ္ဘာ ကျော်စာရေးဆရာကြီးတွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ၊သိပ္ပံပညာရှင်ကြီးတွေ၊ ပန်းချီ၊ ဂီတ၊ ရုပ်ရှင်၊ ပြဇာတ်စတဲ့ အနုပညာရှင်ကြီးတွေ အတ္ထုပ္ပတ္တိအကျဉ်း ကို သရုပ်ဖော်ပုံလေးတွေနဲ့ (မူရင်း အင်္ဂလိပ်စာအုပ်တွေမှာပါပြီးသား) ဘာ သာပြန်ထုတ်ဝေပေးနေပုံရပါတယ်''။
''စိတ်ကူးကောင်းသားပဲ''
''စီစဉ်သူထုတ်ဝေသူတွေရဲ့စေတနာ ကို လေးစားချီးကျူးစရာပါ။ ငွေကြေး အရင်းအနှီးစိုက်ရတဲ့အတိုင်းအတာလည်း မနည်းပါဘူး။ အရင်းတောင် ပြန်ရချင်မှ ရမှာပါ''
''မှန်တယ်။ ကျောင်းစာကြည့်တိုက် တွေကလည်း မည်မည်ရရ မရှင်သန်ကြ ဘူး။ ရပ်ကွက်နဲ့ကျေးရွာ ကိုယ့်အား ကိုယ်ကိုး စာကြည့်တိုက်လေးတွေက လည်း ဒီလိုစာအုပ်မျိုးတွေဝယ်နိုင်အောင် ရန်ပုံငွေတောင့်တင်းကြတာမဟုတ်ဘူး။ ထုတ်ဝေသူက ဘယ်သူလဲ''
နာမည်မဖော်
''နာမည်တောင် ဖော်ပြမထားပါ ဘူးကွယ်။ ကိုယ်လည်းနားမလည်ပါ ဘူး။ ကိုယ်တို့သိခဲ့သလောက်တော့ စာပေ လောက သခင်မျိုးညွန့်၊ ပုဂံစာအုပ်တိုက် ကိုချော၊ နှလုံးလှ ဦးချစ်အောင်၊ ရာပြည့် ဦးစိုးညွန့်၊ရှုမဝဦးကျော်၊ဘဝတက္ကသိုလ် ကိုနေဝင်း၊ စိတ်ကူးချိုချို ကိုစန်းဦး စသည်ဖြင့် ထုတ်ဝေသူရဲ့အမည်နာမနဲ့ သာ စနစ်တကျထုတ်ဝေခဲ့ကြတာတွေပဲ ကြားဖူးတာလေ။ ဒီခေတ် ဒီအစိုးရလက် ထက်မှာ ပြောတော့သာ ပွင့်လင်းမြင် သာရမယ်၊

ဘာဘာညာညာ ပါးစပ်က ပြောနေတာ ထုတ်ဝေသူအမည် ဘယ်သူ ဘယ်ဝါဆိုတာတောင် ဖော်ပြစရာမလို ဘဲ(ကန့်လန့်ကာနောက်ကွယ်က) အမည် ခံပေးစရာ၊ လူတောင်ငှားစရာ မလိုဘဲ ထုတ်ဝေနေကြတဲ့ စာအုပ်မျိုးတွေဟာ ပလူပျံနေတာပါပဲ''
''ထားပါတော့လေ။ တိုင်းပြည်တိုး တက်အောင် စာကြည့်တိုက်တွေ ထွန်း ကားအောင်၊ လူငယ်တွေစာဖတ်စရာရ လာအောင် စေတနာနဲ့ပါဝင်ဆောင်ရွက် သူတွေလို့ပဲ သဘောထားလိုက်ကြရ အောင်''
''ဒါပဲရှိတာပေါ့လေ''
အသံထွက်
ပြောပါဦး သူငယ်ချင်းက အဲဒီစာ အုပ်အကြောင်းလေးကို
''ဖတ်နေတုန်း။ တစ်ဝက်တစ်ပြက် မို့ ဘာမှကောင်းတယ်ဆိုးတယ်မပြောနိုင် သေးဘူးဟ။ မတ်တွိန်းလို့ Twin ကို အသံထွက်ခဲ့ ဖတ်ခဲ့ဖူးတာကိုအင်္ဂလိပ်မှ မြန်မာဘာသာသို့ ပြန်တဲ့လူက Twin တွိုင်းလို့ပြန်ထားတာတော့ ဆန်းတယ် ဝေ့။ အမေရိကန်လေသံလာတော့ မသိပါ ဘူး။ Twain တွင်း Twain တွိန်း အဓိပ္ပာယ် က နှစ်ဆစ်၊ နှစ်ပေ။ နှစ်တောင် ဆိုတဲ့ ဒွိတို့ ဒွေးတို့ပါဠိစကားလိုပါပဲ။ Twain တူးက ဆင်းသက်တာပါပဲ။ မတ်ခ်တွိန်း (၁၈၃၅-၁၉၁ဝ)ဆိုတာ ကလောင်နာ မည်ဗျ''။
'ဟုတ်လား။ နာမည်ရင်း မဟုတ် ဘူးလား'
'မဟုတ်ဘူး။ နာမည်ရင်းရှိတယ်။ အရှည်ကြီးပဲ'
'ပြောစမ်းပါဦး'
'မောင်ရင်လာရင် မေးချင်မေးမှာ ဆိုပြီး တမင်ရေးမှတ်ထားပါတယ်ကွာ။ ဟောဒီမယ် အမည်ရင်းက ဆင်မြူ ယယ်လ်၊ လိန်ဂဟွန်း၊ ကလီးမန့်စ်တဲ့။ ဆယ့်ကိုးရာစု၊ နှစ်ဆယ်ရာစု၊ အမေ ရိကန်စာပေမှာ အင်မတန်ထင်ရှားကျော် ကြားတဲ့အမေရိကန်စာရေးဆရာကြီးပေါ့'
'သူက ဆင်းရဲသားဘဝက ဖြတ် သန်းခဲ့ရတယ်လို့ဖတ်ဖူးတယ်။မီးသင်္ဘော မောင်းသူ၊ ရွှေတူးသမား၊ သတင်းစာ သတင်းထောက်၊ သတင်းစာဆောင်းပါး ရှင်အောင်မြင်တဲ့စာပေဟောပြောသူ'
''အေးအေး ဟုတ်တယ်သူငယ်ချင်း ရ။ သူ့ရဲ့ပထမဆုံး အတွေ့အကြုံဟော ပြောပွဲက ဆန်ဖရန်ဆစ်စကိုမြို့မှာရှိတဲ့ ဂီတအကယ်ဒမီခန်းမမှာပဲ။ ပြောရတာ က ယခုဟာဝိုင်အီကျွန်းစုခေါ်နေကြတဲ့ ဆင်းဒဝစ်ကျွန်းခရီးစဉ်အကြောင်း ဟော ပြောရတယ်။ ဒီတစ်ပွဲမှာတင် သူဟော ပြောခဒေါ်လာ ၄ဝဝ ရခဲ့တယ်။ မီး သင်္ဘောမာလိန်မှူး အလုပ်ရက်သတ္တပတ် ခြောက်ပတ်စာ လုပ်အားခထက်တောင် အများကြီးပိုရတဲ့ ဝင်ငွေပဲလို့ ရေးထား တယ်'
'ဟေ'စာရေးရုံမက ဟောပြောတာ လည်း ဝင်ငွေတော်တော်များပေတာပဲ နော်'
'အေးဗျ။ တစ်လအတွင်းမှာတင် မတ်ခ်တွိန်းဟာ ကယ်လီဖိုးနီးယားနဲ့ ဒီး ဗားဒါးတို့မှာ ၁၆ကြိမ်နဲ့ နယူးယောက်မှာ တစ်ကြိမ် ဟောပြောခဲ့ရသတဲ့'
ဟောပြောပွဲ
'မက်မောလောက်စရာ ငွေကြေးပေ ပဲ။ မြန်မာစာရေးဆရာအချို့ ပါတီမဲ ဆွယ်တဲ့ စည်းရုံးရေး(စာပေမျက်နှာဖုံး စွပ်ပြီး) တက်ပြောခဲ့ကြတဲ့သူတွေလည်း ဟိုကဒီက ထောက်ပံ့ကြတာ တော်တော် အိတ်ဖောင်းသွားတယ်ဆိုပဲ။ အမေရိကန် ဒေါ်လာရော၊ စင်ကာပူဒေါ်လာရော၊မြန်မာ ကျပ်ငွေရကြတာကော မနည်းဘူးပြော တယ်။ တိုက်ဆောက်နိုင်သွားသတဲ့'
'စာရေးဆရာအများစုက ဆင်းရဲ ကြပါတယ် သူငယ်ချင်းရယ်။ ချမ်းသာ လောက်အောင် ဝင်ငွေရတဲ့သူတွေရကြ ပါစေ။ ပြည်သူတွေ အကျိုးရှိစေတယ် ဆိုရင်ကောင်းတာ ပါပဲ။ မတ်တွိန်းဟာ အသက်(၂၈နှစ်)ရှိမှ စရေးတဲ့ကလောင် အမည်ပါ။ သင်္ဘောမာလိန်မှူးဘဝအထိ သင်္ဘောတစ်စင်းပေါ်မှာ သင်္ဘောသား တွေ၊ အလုပ်သမားတွေ၊ ကုန်သည်၊ ခရီးသည်တွေ၊ လူအမျိုးမျိုးနဲ့နေရာ မြို့ ရွာအမျိုးမျိုးမှာ ထိတွေ့လေ့လာရသမျှ စာရေးဆရာဖြစ်ဖို့ ကုန်ကြမ်းတွေအများ ကြီးရခဲ့တယ်။ စာရေးဆရာသော်တာဆွေ လိုပေါ့။ သူက စကားလည်းြ<ွကယ်ဝ တယ်။ အာဝဇ္ဇန်းကောင်းတယ်။ဟာသ အမြင်လည်း ပါတယ်။ ရွှင်တယ်။ ဒါ ကြောင့် အရေးကော၊ အပြောပါကောင်း တယ်ဆိုရပေမယ်။ အရေးအသားကော အဟောအပြောပါ ကောင်းတဲ့စာရေး ဆရာဆိုတာ တကယ်တော့ ရှားပါးပါ တယ်။ ဆရာသုခ(ဦးသိန်းမောင်)၊ လူထု ဦးလှ၊ မောင်ဆုရှင်(ဦးမျိုးသန့်)၊ မောင် သော်က(ဗိုလ်မှူးဘသော်)၊ သိပံ္ပမှူးတင် (ဗိုလ်မှူးတင်မောင်)၊ ဆန်းထွန်း (မန်း တက္ကသိုလ်)၊ မောင်ကိုယု၊ လယ်တွင်း သားစောချစ်(ဦးတင်လှိုင်)၊ချစ်ဦးညို (ဦး ကျော်စွာ)၊ မောင်စိန်ဝင်း (ပုတီးကုန်း) စသည် စသည်'
'ပါတီတစ်ခုခုရဲ့အသုံးချခံမဖြစ်သင့် တာပြောချင်တာပါ။ စာပေဂုဏ်ရှိပြီး သား ပုဂ္ဂိုလ်တွေ၊ သိက္ခာမကျစေချင်လို့ ပါ။ စေတနာနဲ့ ပြောတာပါ'
'ထားပါတော့လေ။ လူဆိုတာ ကိုယ့် သမိုင်းကိုယ်ရေးနေကြတာ မဟုတ်လား သူငယ်ချင်းရာ။ ရှိပါစေ'
'ကိုချစ်နိုင်ရာ စကားက ဟိုရောက် ဒီရောက်ဖြစ်နေရင်လည်း ခွင့်လွှတ်ကွာ။ စာပေဟောပြောပွဲတစ်ခုမှာ အထက်တန်း ကျောင်းအုပ်ဆရာကြီးတစ်ယောက်တာဝန် ထမ်းဆောင်နေတဲ့ စာရေးဆရာကြီး တစ်ဦးက (စင်ပေါ်မှာ) မြန်မာစကားပုံ ကွက်လပ်ဖြည့် မေးခွန်းကို ကျောင်းသား အချို့ အလွဲလွဲ အချော်ချော်ဖြေပုံတွေ ပြောသွားတယ်ဗျ'
'ပြောပါဦး'
'ရယ်စရာတွေ တန်းစီပြောလာရင်း ဆက်ပြောသွားတာဆိုတော့ ပရိသတ်က ကျောင်းသားတချို့မှားဖြေကြတာကိုလည်း ပွဲကျတာပေါ့ကွယ်။ ရယ်ကြတာပေါ့'
'မှတ်မိသေးလား။ ဘယ်လိုဟာမျိုး လဲ'
အတွဲအခွဲ
မှတ်မှတ်ရရ စိတ်ထဲရှိနေသေးတာ ကတော့ြေ>ွမမသေ...ဆိုတဲ့ မြန်မာ စကားပုံကို ကွက်လပ်ဖြေရာမှာပဲ'
'ပြောပါဦး။ ဘယ်လိုဖြည့်သတဲ့လဲ'
'ြေ>ွမမသေြေ>ွမထီးလွမ်းတဲ့'
'ဟာ...မကြားဖူးပေါင်ကွာ'

ဂျာအေးသူ့အမေရိုက်
ဆရာဆရာမလူတန်းစေ့အောင် အစိုးရ က ဖြည့်ဆည်းပေးပြီး အရည်အသွေးမြှင့် တင်ပေးနိုင်ရမှာပါ။
'ဂျာအေး သူ့အမေရိုက်နေတုန်းထင် တာပဲ'
'ကိုချစ်နိုင် ဖတ်နေတဲ့စာကြည့်တိုက် စာစဉ်အတွက်ထုတ်ဝေတဲ့စာအုပ်မျိုးတွေကို အစိုးရအလယ်တန်းအထက်တန်းကျောင်း တွေမှာ သင်ကြားပြသနေကြတဲ့ အစိုးရ ပညာရေးဝန်ထမ်းဆရာဆရာမတွေကိုယ် တိုင်မြင်ဖူးဖတ်ဖူးပြန်ပြောပြ၊ ဗဟုသုတ ဝေငှနိုင်တဲ့ဘဝမျိုးမကြာမတင်ဖတ်နိုင်ကြ ပါစေလို့ကိုယ်တော့ဆုတောင်းတယ်ကွာ'
'သူငယ်ချင်းစေတနာကောင်းပါတယ်။ စာကြည့်တိုက်တွေ မည်မည်ရရစီမံမပေး နိုင်ကြတဲ့ ဆုတ်ယုတ်ယိုယွင်းမှုကတော့ ဘယ်အစိုးရလက်ထက်ကျမှ ပြုပြင် ပြောင်းလဲနိုင်မယ်မသိပါ'
'ကြိုးစားကြရမှာပေါ့နော်'