images
UN
UN
ကျေးရွာအုပ်ချုပ်ရေးမှူးဖြုတ်ချခြင်းနှင့် တိုက်နယ်ဆေးရုံဘတ်ဂျက်ကိစ္စများအတွက် ဆန္ဒဖော်ထုတ်
ဇော်မင်းနိုင်(မြင်းခြံ) Saturday, 31 August 2019
မန္တလေးတိုင်းဒေသကြီး မြင်း ခြံမြို့နယ် ထနောင်းတိုင်ကျေးရွာ တွင် ကျေးရွာနေပြည်သူများက ကျေးရွာအတွင်း စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ မွန်းလွဲ ၃ နာရီခွဲတွင် စတင်ပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။
အဆိုပါ ထနောင်းတိုင်ကျေး ရွာမှဆန္ဒဖော်ထုတ်ရခြင်းမှာ ယခင် ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း အားဖြုတ်ချခဲ့ခြင်းကိစ္စ၊ တိုက်နယ် ဆေးရုံ ဘတ်ဂျက်ကိစ္စ၊ MPT တာဝါတိုင်ကိစ္စများအတွက် ဆန္ဒ ဖော်ထုတ်ခြင်းဖြစ်ကြောင်း ဦး ဆောင်သူဖြစ်သည့် ဦးဟန်ဇော် ထိုက်က ပြောကြားခဲ့သည်။
ဆန္ဒ ဖော်ထုတ်သူများသည် ထနောင်းတိုင် အခြေခံပညာအထက် တန်း ကျောင်းအရှေ့ဘက် ပွဲတော် ရာ မြေအတွင်းစုရပ် ပြုလုပ်ပြီး စတင် ထွက်ခွာခဲ့ရာ ထနောင်းတိုင် ကျေးရွာအုပ်စု ရွာသာကုန်းကျေး ရွာ၊ ထိုမှတစ်ဆင့် ထနောင်းတိုင် ကျေးရွာအတွင်း ပြန်လည် ဝင် ရောက်ခဲ့ပြီး ရွာလမ်းမအတိုင်း စီတန်းလှည့်လည်၍ စုရပ်ဖြစ်သော နေရာသို့ ပြန်လည် ရောက်ရှိပြီးဆုံး ခဲ့ကြောင်း သိရသည်။
ဆန္ဒဖော်ထုတ်ရာ လမ်းတစ် လျှောက်တွင် 'ထနောင်းတိုင်ကျေး ရွာ အုပ်ချုပ်ရေးမှူး ဦးနေမင်း ကျော်အား ဖြုတ်ချမှု အလို မရှိ'၊ ထနောင်းတိုင်ကျေးရွာ အုပ်ချုပ် ရေးမှူးအသစ်ရွေးပွဲ အမြန်ဆုံး ပြုလုပ်ပေးရေး ဒို့အရေး'၊ 'ဦးနေ မင်းကျော်က ဦးဆောင်ကာ တိုင် ကြားထားသော ထနောင်းတိုင် တိုက်နယ် ဆေးရုံဘတ်ဂျက် အလွဲ သုံးစားမှု ရှိ/ မရှိ ဖော်ထုတ်အရေး ယူပေးရေး ဒို့အရေး'၊ MPT တာ ဝါ တိုင်မြေနေရာ အမှန်စာချုပ်ပြီး မြေငှားခအမြန်ဆုံးပေးရေး ဒို့အရေး' စသည်တို့ကိုြေ<ွကးကြော်ခဲ့သည်။
ထနောင်းတိုင်ကျေးရွာ ဆန္ဒ ဖော်ထုတ်ပွဲကို သက်ဆိုင်ရာ အဖွဲ့ အစည်းများ၏ ခွင့်ပြုချက်ဖြင့် ပြု လုပ်ခဲ့ခြင်းဖြစ်ကြောင်းကိုလည်း ဦးဆောင်သူ ဦးဟန်ဇော်ထိုက်က ပြောကြားခဲ့သည်။ အဆိုပါ ဆန္ဒ ဖော်ထုတ်ပွဲတွင် ကျေးရွာပြည်သူ ၁၅ဝ ခန့် ပါဝင်ခဲ့ပြီး ငြိမ်းချမ်းစွာ ပြီးစီးခဲ့ကြောင်း သိရသည်။