images
UN
UN
နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ဝတ်ကျေတန်းကျေမဟုတ်ဘဲ ဖိဖိစီးစီးလုပ်သင့်တယ်
Saturday, 31 August 2019
လွတ်လပ်သောအပြည်ပြည်ဆိုင်ရာ အချက်အလက်ရှာဖွေရေး အဖွဲ့၏ အစီရင်ခံစာနှင့်ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးနှင့် ပြည်ထောင် စုနေ့စဉ်သတင်းအဖွဲ့၏ မေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။
မြန်မာနိုင်ငံဆိုင်ရာ လွတ် လပ်သောအပြည်ပြည်ဆိုင်ရာ အချက်အလက် ရှာဖွေရေး (IFFM) အဖွဲ့၏အစီရင်ခံစာ အပေါ် ဘယ်လို မြင်ပါသလဲ ခင်ဗျာ။ ဒီအစီရင်ခံစာအပေါ် အစိုးရက ဘာတွေလုပ်ထား သလဲ၊ ဘာတွေ ဆက်လက် ဆောင်ရွက်သင့်သလဲဆိုတာ ကို ဖြေကြားပေးစေလို ပါ တယ်။
Independence International Fact-Finding Mission (IFFM) အဖွဲ့၏ အစီရင်ခံစာဟာ စာမျက်နှာပေါင်း ၁၁၁ မျက်နှာပါ ရှိပါပြီး လူအခွင့်အရေးချိုးဖောက် မှု၊ လူသားချင်း စာနာထောက် ထားမှု၊ ကျူးလွန်ဖောက်ဖျက်မှု၊ လူမျိုးစုအလိုက် သုတ်သင်ရှင်း လင်းမှု၊ လူသားများ အစုလိုက် အပြုံလိုက် မျိုးသုဉ်းသတ်ဖြတ်မှု စတဲ့စွပ်စွဲချက်များဖြင့် ကမ္ဘာ့ကုလ သမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်း များက အရေးယူနိုင်ဖို့ ရည်ရွယ် ချက်ရှိရှိ ရေးသားထားတဲ့ အစီရင် ခံစာဖြစ်ပါတယ်လို့ သုံးသပ်တွေ့ ရှိပါတယ်။
အစိုးရအနေဖြင့် နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် ဝတ်ကျေ တန်းကျေမဟုတ်ဘဲ ဖိဖိစီးစီး လုပ်သင့်တယ်။ အစိုးရ ရပ်တည် ချက်ကိုနိုင်ငံတကာသိအောင် လုပ် သင့်တယ်။
လုပ်နိုင်ရမယ်လို့လည်းမြင်ပါတယ်။
လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ရမှာတွေက တကယ်အစည်း အဝေးကျင်းပတဲ့ကာလမှာရော ကြို တင်ကာလမှာပါ လုပ်ရမှာတွေ ရှိပါတယ်။ှုIndependence International Fact-Finding Mission (IFFM)အဖွဲ့နှင့် ပတ်သက်လာရင် မြန်မာနိုင်ငံအစိုးရက အသိအမှတ် မပြုဘူးဆိုတာ နိုင်ငံခြားရေးဝန် ကြီးဌာနက သြဂုတ် ၆ ရက်မှာ သတင်းထုတ်ပြန်ချက်ဖော်ပြထား တာတွေ့ရပါတယ်။ (သတင်းထုတ် ပြန်ချက်နှင့် သဘောထားထုတ် ပြန်ချက်အဆင့်အတန်း ဒီဂရီကွာပါ တယ်)။ဒီအဖွဲ့ ဖွဲ့စည်းတာကိုလည်း လက်မခံဘူး။ ဒီအဖွဲ့အစည်းက တင်သွင်းတာကိုလည်း ကန့်ကွက် ပယ်ချတယ်ဆိုတာကို အစိုးရက ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ သို့သော် စက်တင်ဘာလပထမပတ် မှာ စတင်ကျင်းပမည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ တင်ပြ မှုတွေ ထုတ်ပြန်မှုတွေရှိလာနိုင် မယ်။ ဒီလိုထုတ်ပြန်တဲ့အခါမှာ Report မှာပါတဲ့ စာသားတွေ၊ မိမိတို့ နိုင်ငံကလည်းပယ်ချထားတဲ့ စာ သားတွေ တစ်ယောက်ယောက်ကို စွပ်စွဲသတ်မှတ်ထားတာတွေ၊အခြေ အမြစ်မရှိ ဘက်ပေါင်းစုံက လေ့လာ ထားမှုမဟုတ်တဲ့ဒီအချက်အလက် တွေ၊ ဒီစွပ်စွဲချက်တွေကို ဆုံးဖြတ် ချက်များဖြစ်မလာဖို့၊ ထုတ်ပြန် ကြေညာချက်တွေမှာပါမလာဖို့ တားဆီးကာကွယ်ဖို့ လိုပါတယ်။
သံခင်းတမန်ခင်းနည်းလမ်းနှင့် တားဆီးဖို့ လိုအပ်ပါလိမ့်မယ်။ ဒါ ကြောင့် ခုလိုကုလသမဂ္ဂလူ့အခွင့် အရေးကောင်စီအစည်းအဝေးမကျင်းပ မီကာလမှာ အစိုးရတာဝန် အဆင့် မြင့်တာဝန်ရှိတဲ့ပုဂ္ဂိုလ်များက Fact-Finding Mission (IFFM) အစီရင်ခံစာကို လက်မခံနိုင် ကြောင်း မိမိတို့ရပ်တည်ချက်ကို ကမ္ဘာသိအောင်ကြေညာထားဖို့လို မှာဖြစ်သလို ဖြစ်စဉ်များအပေါ် ဂဃဏနမသိသေးတဲ့ အခြားနိုင်ငံ များကိုလည်း ဖြစ်ရပ်မှန်တွေ သိရှိဖို့ မိမိတို့မြန်မာနိုင်ငံနှင့် ရင်း နှီးတဲ့နိုင်ငံများကို အထူးသံတမန် တွေ၊ အထူးကိုယ်စားလှယ်အဖွဲ့ တွေစေလွှတ်ပြီး ဆောင်ရွက်သင့် ပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီအစည်းအဝေးကျင်းပစဉ် ကာလမှာလည်း နိုင်ငံခြားရေး ဝန်ကြီးဌာန အဆင့်မြင့်တာဝန် ယူထားကြတဲ့ပုဂ္ဂိုလ်တွေဖြစ်စေ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးဆိုင်ရာကော်မရှင်အဖွဲ့က အထူးကိုယ်စားလှယ်အဖွဲ့ဖြစ်စေ အဆိုပါအစည်းအဝေး၏ ကဏ္ဍ အလိုက် ဆွေးနွေးမှုတွေမှာ ဝင် ရောက်ဆွေးနွေးနိုင်အောင် စီစဉ် သင့်တယ်လို့ မြင်ပါတယ်။
တစ်ဆက်တည်းမှာပဲစက်တင် ဘာလကုန်ပိုင်းမှာ နယူးယောက်မြို့ တွင် ကျင်းပတော့မည့်ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာ နိုင်ငံက အဆင့်မြင့်တာဝန်ယူထား ကြတဲ့ ပုဂ္ဂိုလ်ဟာမူဝါဒပိုင်းဆိုင်ရာ မိန့်ခွန်းပြောကြားရမှာဖြစ်တော့ နိုင်ငံတော်ရဲ့ မူဝါဒပိုင်းဆိုင်ရာ မိန့်ခွန်းမှာ Fact-Finding Mission (IFFM)အစီရင်ခံစာပါအချက်တို့ အပေါ် မြန်မာနိုင်ငံ၏ ဆန့်ကျင် ကန့်ကွက်ချက်၊ရပ်တည်ချက်တို့ကို ပြတ်ပြတ်သားသားထည့်သွင်းပြော ကြားသင့်တယ်လို့ မြင်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ကန့်ကွက် ရှုတ်ချရုံတင်မကဘဲမဲခွဲဆုံးဖြတ် တာတွေပေါ်ပေါက်လာရင် မိမိ နိုင်ငံဘက်ကနေ ထောက်ခံမဲပေး မည့် မိတ်ဆွေနိုင်ငံတွေထံကိုလည်း အထူးကိုယ်စားလှယ်တွေ၊ အထူး သံတမန်တွေစေလွှတ်ပြီး ကြိုတင် ညှိနှိုင်းဆောင်ရွက်ထားသင့်ပါ တယ်။
အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ် ဖိအားပေးဆုံးဖြတ်မှုတွေ၊ ဖိအား ပေးမှုတွေမဖြစ်ပေါ်စေရေးအတွက် အစိုးရတာဝန်ရှိသူတို့ အနေဖြင့် ဖိဖိစီးစီးကြိုတင်ကာကွယ်တဲ့အနေ ဖြင့် ဆောင်ရွက်သင့်ပါတယ်။ မိမိတို့အချုပ်အခြာအာဏာကို ကာကွယ်သင့်ပါတယ်။
မိမိတို့နိုင်ငံက အသိအမှတ် မပြုတဲ့Fact-Finding Mission (IFFM) အဖွဲ့နှင့် နိုင်ငံတော်က ပယ်ချထားတဲ့အစီရင်ခံစာပါ စာ သားအချက်တွေကိုကုလသမဂ္ဂ ဆုံးဖြတ်ချက်တွေမှာ ပါဝင်မှုမရှိ စေရေးအတွက် အစိုးရအနေဖြင့် ဖိဖိစီးစီးဆောင်ရွက်ပေးပါလို့ အထူးတိုက်တွန်းအပ်ပါတယ်။