images
UN
UN
ရာဇပလ္လင်မှာ လူမျိုးခြားတွေ တက်လာမယ့်အရေးကို ကာကွယ်မှုမပေးနိုင်ရင် နောင်မျိုးဆက်သစ်အတွက် တာဝန်မကျေ ကလေးသူငယ်ဥပဒေအား စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ပွဲကျင်းပ
Saturday, 31 August 2019
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့၌ ယမန်နေ့မွန်းလွဲပိုင်းက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအား စီတန်း လှည့်လည်ဆန္ဒဖော်ထုတ်ပွဲကျင်းပကြောင်း သိရသည်။ ဆန္ဒဖော်ထုတ်ပွဲကျင်းပပြီးနောက် အဆိုပါဥပဒေအား ရှင်းလင်းသုံးသပ်ပွဲပြုလုပ်ခဲ့ရာ ဒီမိုကရက်တစ်ပါတီ(မြန်မာ) ကျိုက်လတ်မြို့နယ်ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေဦးကျော်ဆန်းက ၂ဝ၁၉ ခုနှစ် ပြဋ္ဌာန်းလိုက်တဲ့ ကလေး သူငယ်ဥပဒေဟာ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနဲ့လည်း ဆန့်ကျင်နေသည်ဟု ပြောသည်။
''မြန်မာနိုင်ငံမှာ အတည်ပြုခဲ့တဲ့ ကလေးသူငယ်ဥပဒေက ကျွန်တော်တို့ တိုင်းပြည်ရဲ့အမျိုးဘာသာသာသနာကို ကွယ်ပျောက်သွားနိုင်တယ်''လို့ ဆန္ဒထုတ် ဖော်ပွဲတွင် လာရောက်ဖော်ထုတ်ခဲ့သူ ဘိုကလေးမြို့နယ် အမျိုးသားအင်အားစုမှ ကိုထွေးက ပြောသည်။
''နောင် ၁၅ နှစ်အတွင်းလောက်မှာ ကျွန်တော်တို့တိုင်းပြည်ရဲ့ ရာဇပလ္လင်မှာ လူမျိုးခြားတွေတက်လာမယ့်အရေးကို ကျွန်တော်တို့က ကာကွယ်မှုမပေးနိုင်ရင် နောင်မျိုးဆက်သစ်တွေအတွက် တာဝန် မကျေခဲ့ဘူးဖြစ်မှာစိုးလို့ အခုလိုဆန္ဒထုတ် ဖော်ပွဲလုပ်ရတာဖြစ်တယ်''လို့ ကျိုက် လတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကြည်လွင်က ပြောသည်
''တဖြည်းဖြည်းနဲ့ နိုင်ငံခြားသားတွေ ဖုံးလွှမ်းပြီး လူမျိုသွားနိုင်တဲ့အတွက် ဒီ ကလေးသူငယ်ဥပဒေကို ကန့်ကွက်ရခြင်း ဖြစ်တယ်''လို့ ဘိုကလေးမြို့နယ် ပြည် ခိုင်ဖြိုးပါတီကော်မတီဝင် ဧရာဝတီတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီပြောရေးဆို ခွင့်ရှိသူ ဒေါ်မေသန်းဦးက ပြောသည်။
''နိုင်ငံခြားသားကလေးသူငယ်တွေကို ကျွန်တော်တို့တိုင်းရင်းသားကလေးသူငယ် တွေနဲ့ တန်းတူအခွင့်အရေးပေးရမှာစိုးလို့ ဒီလို ဆန္ဒထုတ်ဖော်ပွဲလုပ်ရတာပါ''ဟု ဖျာပုံခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးလှမိုးက ပြောသည်။
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေရှင်းလင်းသုံးသပ်ပွဲတွင် တရားလွှတ် တော်ရှေ့နေ ဦးကျော်ဆန်း၊ ဒေါ်ဌေးဌေး၊ တရားလွှတ်တော်ရှေ့နေ ဦးအောင်မြသန်း တို့ဟောပြောဆွေးနွေးပြီး နောက် ဖျာပုံ၊ ဘိုကလေး၊ ဒေးဒရဲ၊ ကျိုက်လတ်မြို့များမှ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ နိုင်ငံရေးပါတီ များ၊ အမျိုးသားအင်အားစုများ၊ ပြည်သူ များက ဦးပြုံးချိုလမ်းရှိ ကျိုက်လတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးစုရပ်အရှေ့မှစတင်ပြီး ဗီနိုင်းများကိုင်ဆောင်ကာ ကြေးကြော်သံ များဖြင့် ကျိုက်လတ်မြို့အတွင်းသို့ စီတန်း လှည့်လည်ကာ ဆန္ဒလှည့်လည်ဖော်ထုတ်ခဲ့ ကြောင်း သိရသည်။
ကျော်စိုးမိုး