images
UN
UN
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်တစ်ရပ်ထုတ်ပြန်
Saturday, 31 August 2019
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သြဂုတ် ၃၁ ရက်စွဲဖြင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးနှင့်ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန် ခဲ့သည်။
ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးတက် ကောင်းမွန်စေရေး တပ်မတော်ဘက်မှစတင်၍ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ရပ်ဆိုင်း ပေးခြင်းအား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်နယ်မြေ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေများတွင် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ရက်မှစတင်၍ ယနေ့အထိ အချိန်ကာလအားဖြင့် ရှစ်လ ကြာ တိုင်းရင်းသားပြည်သူလူထုတစ်ရပ် လုံး၏လူမှုစီးပွားရေးဘဝဖွံ့ဖြိုးတိုးတက် ရေးနှင့်ထာဝရငြိမ်းချမ်းရေးကို တည် ဆောက်လိုသည့် စစ်မှန်သောဆန္ဒဖြင့် ပြုလုပ်ပေးခဲ့ကြောင်း၊ လက်ရှိအခြေအနေ တွင် တပ်မတော်အနေဖြင့် ဒေသခံတိုင်း ရင်းသား ပြည်သူများ၏ ငြိမ်းချမ်းရေး အပေါ် မျှော်လင့်ချက်၊ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်များတွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းအားလုံး ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များအား ယုံကြည်မှုအပြည့်ဖြင့် ဆက် လက်ဆောင်ရွက်နိုင်ရေး၊ အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး ဗဟို ဌာန(NRPC)တို့နှင့် လက်ရှိဆွေးနွေးဆဲ အခြေအနေများ ဆက်လက်ဆောင်ရွက်နိုင် ရေးတို့အတွက် အထက်ဖော်ပြပါ တိုင်း စစ်ဌာနချုပ်နယ်မြေများ၌ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအား ၂ဝ၁၉ ခုနှစ် စက် တင်ဘာ ၂၁ ရက်အထိ တိုးမြှင့်ရပ်ဆိုင်း ပေးသွားမည်ဖြစ်ကြောင်းဖော်ပြထားသည်။