images
UN
UN
ဝတ်စားဆင်ယင်မှုနှင့်စိတ်အလှ
Sunday, 01 September 2019
တစ်နေ့က သတင်းစာတစ်စောင်မှာ ဗီဒီယိုရုပ်ရှင်မင်းသမီးသရုပ်ဆောင်တစ်ဦး နဲ့ တွေ့ဆုံမေးမြန်းတာကို ဖတ်လိုက်မိ တယ်။
အဲဒီမင်းသမီးကှနထပ ကျတဲ့ ဖက် ရှင်တွေဝတ်လို့ လူတွေစိတ်ဝင်စားခြင်း ခံနေရသူဖြစ်တယ်။ သူ့ကိုအဝတ်အစား နဲ့ပတ်သက်ပြီး ဆင်ဆာဖြတ်ခံရတာကို ဘယ်လိုခံစားရလဲ လို့မေးတဲ့အခါ သူက အခုလို ဖြေပါတယ်။
''ဒီဇာတ်ကားမှာ ကိုယ်ပါဝင်ရတဲ့ ဇာတ်ကောင်နဲ့လိုက်ဖက်မယ့် ဝတ်စား ဆင်ယင်မှုမျိုးတွေ ပါဝင်ခဲ့တာပါပဲ။ ဒါ ပေမဲ့ တချို့ဇာတ်ဝင်ခန်းတွေမှာ ဆင်ဆာ ဖြတ်ခံထိတဲ့အတွက်တော့ စိတ်မကောင်း ဖြစ်မိပါတယ်။ ဒီဇာတ်ထဲကမိန်းကလေး လိုမျိုးကအပြင်မှာဆိုရင်လည်းရင်အဟိုက် တွေ ဘောင်းဘီတိုတွေက ဝတ်နေကြတာ ပဲလေ။ ဝမ်းကွာတား ဘောင်းဘီဝတ် တယ်ဆိုတာကလည်း အရမ်းကြီး ထူး ဆန်းတာမျိုးမဟုတ်တော့ဘူး။ နိုက်ကလပ် သွားတယ်ဆိုရင်လည်း ဘယ်သူမှ လုံလုံ ခြုံခြုံ မသွားကြဘူးလေ။ အားလုံးက မပေါ့်တပေါ်လေးတွေ ဝတ်သွားကြတာ ပါပဲ''
ဝတ်စားဆင်ယင်ထုံးဖွဲ့မှုနဲ့ ပတ်သက် ပြီး သဘောထားကွဲလွဲတယ်ဆိုတာ အဆန်းတကြယ်ကိစ္စတော့မဟုတ်ပါဘူး။ စာရေးသူတို့ ငယ်ငယ်ကလည်း စာရေး သူတို့ မိဘတွေ၊ အဘိုးအဘွားတွေနဲ့ ပြောကြဆိုကြတာတွေ ရှိခဲ့တာပါပဲ။ အထူးသဖြင့် မိန်းကလေးတွေရဲ့ ဝတ်စား ဆင်ယင်ပုံနဲ့ ပတ်သက်ပြီး ပြောကြဆိုကြ တာတွေ ရှိပါတယ်။ မိန်းကလေးတွေက ချောင်ချောင်ချိချိနဲ့ ဝတ်လို့ကောင်းတယ် ထင်ရင် လူကြီးသူမတွေက ဖြစ်ကတတ် ဆန်းနိုင်လွန်းတယ်လို့ထင်တယ်။ မိန်း ကလေးတွေက ချစ်စရာလေးလို့ ထင်တဲ့ အဝတ်အစားတွေကို လူကြီးသူမတွေက စိတ်ကိုနှိုးဆွပေးတဲ့ အဝတ်အစားတွေလို့ ယူဆကြတယ်။ ပေါပေါလောလောနဲ့ ဝယ်လို့ရတဲ့ အဝတ်အစားတွေကို လူကြီး သူမတွေက တိုနံ့နံ့အဝတ်အစားတွေလို့ ယူဆတယ်။
အသက်အရွယ်ရလာတဲ့ စာရေးသူ လည်း ဒီနေ့ဒီခေတ်လူငယ်တချို့ရဲ့ ဝတ် စားဆင်ယင်ပုံတွေကြည့်ပြီး ဘဝင်မကျ တာတွေရှိပါတယ်။သည်းခံပြီး ဖတ်ရှုပေး ကြပါ။ မိန်းကလေးတွေရဲ့ အရောင်ဆိုး ထားတဲ့ ဆံပင်နီကြန့်ကြန့်ကို သဘော မတွေ့မိဘူး။ ယောက်ျားလေးတွေ နား ကပ်ဝတ်တာကိုလည်း ဘဝင်မကျဘူး။မိန်းကလေးတွေ အရောင်ဆိုးထားတဲ့ ဆံပင်နီကြင်ကြင်ကို သဘောမတွေ့မိ တာကတော့ ဆံပင်နဲ့ပတ်သက်ရင် ပိ တုန်းရောင် ကေသာဆိုတာကိုပဲ ကြားခဲ့ ဖူးတာလေ။ နီကြန့်ကြန့် ဆံပင် အရောင်ကစာရေးသူတို့မြန်မာမိန်းကလေး တွေရဲ့မူလဆံပင်အရောင် မဟုတ်ပါဘူး။အဲဒီနီကြင်ကြင် ဆံပင်တွေစပြီး ပေါ် လာတုန်းက 'ပန်းရန်ကေ'ဆိုပြီး နောက် ပြောင်ခေါ်ဆိုတာကို ကြားဖူးပါတယ်။ ပန်းရန်လုပ်ဖို့ မဆလာသယ်ရတဲ့ မိန်းက လေးတွေခမျာ သူတို့ရဲ့ ဆံပင်ကို မဖြီး မလိမ်း မပြင်မဆင်နိုင်တဲ့အတွက် သူတို့ လေးတွေရဲ့ ဆံပင်အရောင်က နီကြန့် ကြန့် ဖြစ်နေရှာတယ်လေ။
ယောက်ျားလေးတွေနားကပ်ဝတ်တာ ကိုလည်း သဘောမတွေ့ဖြစ်မိတယ်။


စာရေးသူတို့ငယ်ရွယ်စဉ်အခါက အဲဒါ မျိုးတွေမတွေ့ရဘူးလေ။ ရာဇဝင်ထဲမှာ တော့ဖတ်ခဲ့ဖူးပါရဲ့။ အဲဒါကတော့ တောင်ငူဘုရင် တပင်ရွှေထီး ဟံသာဝတီ ပဲခူးက ရွှေမော်ဓောဘုရားမှာ နားကပ် ပန်ဖို့ နားသတာကို ဖတ်ခဲ့ဖူးပါတယ်။ရန်သူ့နယ်မြေထဲမှာ နားသတာဖြစ်တဲ့ အတွက် သူရဲကောင်းတွေကို ရွေးချယ် ပြီး ရွှေမော်ဓောဘုရားမှာ သွားရောက် နားသခဲ့တယ်။ အဲဒါကိုအားကျပြီး လူ ငယ်လေးတွေ နားကပ်ဝတ်တာလားလို့ တွေးမိပါရဲ့။ ဒါပေမဲ့ သူတို့လေးတွေ ကိုကြည့်မိပြန်တော့လည်း တပင်ရွှေထီး လိုဟုတ်ပုံမရ။ ပျော့စိပျော့ညက်နဲ့၊ အဆိုး ဆုံးကတော့ မိန်ကလေးရော ယောက်ျား လေးတွေပါ အစုတ်အပြဲတွေကို တမင် တကာ ရှာဖွေဝယ်ယူ ဝတ်ဆင်ကြတာပဲ ဖြစ်ပါတယ်။ ဂျင်းဘောင်းဘီအစုတ်အပြဲ တွေကို ဝင့်ဝင့်ြ<ွကာြး<ွကားနဲ့ ဝတ်ဆင်ကြ တယ်။ အစုတ်အပြဲတွေကို ဖက်ရှင်တစ်ခု အဖြစ်ဝတ်ဆင်တာဟာ သရုပ်ပျက်တာ လို့ ပဲယူဆမိပါတယ်။ အဲဒါကို မနှစ်မြို့ မိတာကလည်းအကြောင်းရှိတယ်။ နိမိတ် မရှိ နမာမရှိဆိုတဲ့စကားကို ကြားဖူးကြပါ လိမ့်မယ်။ ဟိုတုန်းကတော့ စာရေးသူ အဲဒါတွေကို သိပ်ပြီးအယုံအကြည်မရှိ ဘူး။ အတိတ်တို့နိမိတ်တို့ ဆိုတာတွေကို သိပ်ပြီးမယုံဘူး။ တစ်လောက သူငယ်ချင်း တစ်ဦးရဲ့ ပြောစကားကြောင့် အတိတ်၊ နိမိတ် စတာတွေကိုဂရုစိုက်လာမိတယ်။
စာရေးသူ သူငယ်ချင်းက စာရေးသူ ကို အခုလိုပြောတယ်။
''ငါတို့ သုံးနေတဲ့ပိုက်ဆံက ကျပ် ပြားဖြစ်နေလို့လားတော့မသိဘူး။ ငါတို့ လည်း ကျပ်လိုက်ပြားလိုက်နဲ့ ဖြစ်နေ တယ်''။
စာရေးသူသူငယ်ချင်းပြောမှ အတိတ် နိမိတ်တွေကို သတိထားမိပြီး စာအုပ်တွေ မှာလှန်လှောရှာဖွေဖတ်ရှုမိပါတော့တယ်။
''ဇမ္ဗူဒီပါလက်ျာတောင်ကျွန်း နိမိတ် ထွန်း''တဲ့၊ နိမိတ်ဆိုတာတစ်စုံတစ်ရာဖြစ် လာမှာကိုကြိုတင်ပြီးပြသတဲ့အကြောင်း အရိပ်ဖြစ်တယ်လို့ ဆိုတယ်။ ဇမ္ဗူဒီပါ လက်ျာတောင်ကျွန်းမှာ အတိတ်နိမိတ်တွေ ကြိုတင်ဖြစ်ပေါ်တတ်လို့ အတိတ်နိမိတ် ကို အလေးထားသင့်တယ်လို့ဆိုတယ်။အဲဒီတော့ အစုတ်အပြဲကို ဝင့်ဝင့်ြ<ွကားြ<ွကားနဲ့ဝတ်ဆင်ပြီး လမ်းသလားနေကြ တာဟာ ဘယ်လိုအတိတ်နိမိတ်ကိုဆောင် နေသလဲဆိုတာ စဉ်းစားသာကြည့်ကြပါ တော့။ အစုတ်အပြဲတွေဟာ ကြမ်းသုတ်၊ လက်သုတ်အဆင့်မှာမရှိဘဲ ပွဲလမ်းသဘင် အခမ်းအနားတွေမှာ တင့်တောင့်တင့်တယ် ဖြစ်နေတာဟာ လွဲမှားနေမှုပဲဖြစ်ပါတယ်။
တစ်နေ့က အလုပ်ကိစ္စတစ်ခုနဲ့ ရွှေ ပြည်သာဘက်ကို ကားစီးပြီးထွက်လာ ခဲ့တယ်။ မီးပွိုင့်တစ်ခုမှာ မီးနီနေလို့ကား ရပ်ထားတုန်းမှာ ကားမောင်းတဲ့သူက ရှေ့မှာရပ်ထားတဲ့ကားကိုလက်ညှိုးထိုးပြီး အခုလိုပြောလိုက်ပါတယ်။''အဲဒါလည်း တစ်ဒုက္ခပဲ'' သူဘာကိုဆိုလိုမှန်း စာရေး သူ မသိဘူး။ သူက ဆက်ပြီးပြောပါ တယ်။
''ကျောမှာတက်တူးထိုးထားတော့ နေချစ်ချစ်တောက်ပူလည်း အင်္ကျီမဝတ် နိုင်၊ မိုးသဲသဲမဲမဲ ရွာလည်း အင်္ကျီ မဝတ်နိုင် ဖြစ်နေကြတာလေ''။ အဲဒီ တော့မှ စာရေးသူသဘောပေါက်မိတယ်။ရှေ့မှာရပ်ထားတဲ့ကားရဲ့ နောက်ဘက်မှာ ထိုင်နေတဲ့လူငယ်တစ်ဦးက အင်္ကျီဝတ် မထားဘူး။ ကျောပြင်တစ်ပြင်လုံးမှာ လည်းတက်တူးတွေထိုးထားတာကို တွေ့ ရပါတယ်။ ကားမောင်းတဲ့သူက အခုလို ပြောသေးရဲ့။ ''တချို့ကျပြန်တော့လည်း လက်မောင်းမှာ တက်တူးထိုးထားတော့ ချမ်းရင်တောင် လက်ပြတ်ကလေးပဲ ဝတ်ကြတယ်။ တက်တူးထိုးတာက လည်း အခန့်မသင့်ရင် အဖုအပိမ့်တွေ ထွက်တတ်သေးတယ်'' သူပြောတာကို နားထောင်ရင်း အဲဒါတွေဟာ ယဉ်ကျေး မှုလား၊ တလွဲဆံပင်ကောင်းတာလားလို့ စာရေးသူ တွေးမိတယ်။ တလွဲဆံပင် ကောင်းတယ်ဆိုတာကတော့ မလိုတဲ့နေ ရာမှာ ဆံပင်ကောင်းနေတာကိုဆိုလိုတာ ပါ။
အဲဒီလိုအရေးအရာ မဟုတ်တာတွေ ကို စွန့်စားတာ၊ ကြိုးစားတာ၊ ထူးချွန်တာ တွေကို တလွဲဆံပင်ကောင်းတယ်လို့ ဆိုကြပါတယ်။ဝတ်စားဆင်ယင်မှုဆိုတာက ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးအပေါ်မှာလည်း သက်ရောက်မှုရှိပါတယ်။ အဲဒါနဲ့ပတ် သက်ပြီး မဟာမြိုင်တောရဆရာတော် ဦးဇောတိကက ''ကိုယ်ရည်ကိုယ်သွေး မြင့်မားစေရန်'' ဆိုတဲ့စာအုပ်ထဲမှာ အောက်ပါအတိုင်း ဖတ်လိုက်ရပါတယ်။
''ကိုယ့်ရဲ့ ဏနမျသညေူငအပ ကိုယ်ရည် ကိုယ်သွေးပိုကောင်းလာဖို့ အစစအရာရာ စဉ်းစားပါ။ ဆံပင်ထားပုံ၊ အဝတ်အစား ဝတ်ပုံ၊ ပြောပုံ ဆိုပုံ၊ ပြုမူကျင့်ကြံပုံ၊ နေထိုင်သွားလာပုံ၊ စကားလုံးအသုံး အနှုန်း၊ လူအများနှင့် ဆက်ဆံပုံက အစ သတိထားပါ။ ပေါ့ပေါ့တန်တန်မလုပ်ပါ နဲ့။ အထူးသဖြင့် အခုခေတ်ကလေးတွေ သူတို့ဝတ်ပုံစားပုံကြည့်ရတာ သူတို့ ဏန-မျသညေူငအပ ကိုယ်ရည်ကိုယ်သွေးကိုသူတို့ ဖျက်ဆီးသလိုဖြစ်နေတယ်''။
စကားပုံတစ်ခုကိုလည်းသတိရမိပါရဲ့၊ ''တောင်းမှာအကွပ်၊ လူမှာအဝတ်''တဲ့။ ရက်လုပ်ထားတဲ့တောင်းတွေမှာ အနား ကွပ်တာက အရေးပါသလို လူတစ်ဦး တစ်ယောက်မှာလည်းဝတ်စားဆင်ယင် ထုံးဖွဲ့မှုကအရေးပါ အရာရောက်ပါတယ်။အနားကွပ်ထားတဲ့တောင်းက သေသပ် ခိုင်ခံ့သလို နေရာဌာနအလိုက် သင့်တင့် လျောက်ပတ်တဲ့အဝတ်ကို ဝတ်ဆင်သူ ဟာ တင့်တယ်ခံ့ညားတယ်လို့ ဆိုလို တာပဲဖြစ်တယ်။ အစုတ်အပြဲတွေကို တခမ်းတနားဝတ်ဆင်တာ၊ တက်တူးထိုး ထားတဲ့အတွက် ကျောဗလာကျင်းနေတာ တွေဟာ ဝတ်စားဆင်ယင်မှုကို ဂရု မစိုက်အလေးမထားရာ ရောက်နေတယ်။ဝတ်စားဆင်ယင်နေထိုင်မှုမှာ နမော်နမဲ့ ပေါ့ပေါ့ဆဆ မပြုလုပ်သင့်ပါဘူး။
လိင်ကိုအသားပေးတဲ့ ဝတ်စားဆင် ယင်မှုမျိုးကိုရှောင်ကြဉ်သင့်တယ်။အဲဒီလို ဝတ်ဆင်တာဟာတခြားသူတွေ အာရုံစိုက် တာကို ခံချင်လွန်းတာ၊ ကိုယ်လုပ်ချင်ရာ ကိုယ်လုပ်တာမျိုး သဘောသက်ရောက် နေတယ်။ မလုံ့ တလုံ ဝတ်ဆင်တဲ့မိန်း ကလေးတွေကို လူအတော်များများက မလေးစားချင်ကြဘူး။ အဝတ်အစားဝယ် ဖို့ စမ်းဝတ်တဲ့အခါမှာလည်း မှန်ထဲမှာ တွေ့ရတာကိုပဲအဟုတ်မထင်သင့်ပါဘူး။အဝတ်အစားတချို့ဟာ မှန်ထဲမှာဣနြေ္ဒ ရှိပုံပေါ်ပေမယ့်လည်း ထိုင်တဲ့အခါ ကုန်း တဲ့အခါမှာ ဣနြေ္ဒမရှိတော့ဘူး။ အဲဒါ ကြောင့် မိဘတွေကိုဖြစ်စေ ရင့်ကျက်တဲ့ မိန်းကလေးမိတ်ဆွေကိုဖြစ်စေ မေးစမ်း ကြည့်သင့်တယ်လို့ ဆိုတယ်။ အစွန်း မရောက်တဲ့ခေတ်နဲ့ လျော်ညီတဲ့ ဝတ်ဆင် မှုကို ပြုလုပ်သင့်ပါတယ်။
ဝတ်စားဆင်ယင်မှုကို မိန်းကလေး ရော ယောက်ျားလေးပါ ဂရုစိုက်သင့်ပါ တယ်။ မိန်းကလေးတစ်ဦးအနေနဲ့ မလုံ မခြုံဝတ်ဆင်တာဟာ ဟီရိသြတ္တပ္ပကင်းမဲ့ စေပါတယ်။ သူတစ်ပါးကို ရာဂစိတ်ဖြစ် ပေါ်စေတတ်တယ်။ ရာဇဝတ်မှုကို တိုး ပွားစေတယ်။ မုဒိမ်းမှုတချို့မှာ ကျူးလွန် သူအပေါ်ကိုပဲ အပြစ်ဆိုလို့ မရတာတွေ ရှိပါတယ်။ ဝတ်စားဆင်ယင်မှု၊ လျပ်ပေါ် လော်လီမှုနဲ့ အနေအထိုင် မဆင်ခြင်မှု တွေလည်း ပါဝင်ပတ်သက်နေတာကို တွေ့ရပါတယ်။ အဲဒါကြောင့် ဝတ်စား ဆင်ယင်မှုကို ပေါ့ပေါ့တန်တန် သဘော မထားသင့်ပါဘူး။
စာရေးသူတို့ လူ့အဖွဲ့အစည်းရဲ့ ဝတ် စားဆင်ယင်မှုနဲ့ လူမှုဆက်ဆံရေးဟာ အရှက်အကြောက်ကို အခြေခံပါတယ်။အဲဒါကို သတိမပြုဘဲ နိုင်ငံရပ်ခြားလို မလုံ့တလုံဝတ်တာ၊ လူရှေ့သူရှေ့မရှောင် အရှက်အကြောက်ကင်းမဲ့စွာပြုမူဆက်ဆံ တာဟာ မပြုလုပ်သင့်တဲ့ ကိစ္စရပ်တွေပဲ ဖြစ်ပါတယ်။ ယဉ်ကျေးမှုဆိုတဲ့ ကြီး ကျယ်တဲ့ စကားလုံးကို မသုံးချင်ပါဘူး။လုပ်သင့်သလား၊ မလုပ်သင့်ဘူးလား ဆို တာကိုတော့ စဉ်းစားချင့်ချိန်စေချင် တယ်။
ကိုယ်ကျင့်တရား၊ စာရိတ္တတရားတွေ ပျက်ပြားဆုတ်ယုတ်လာတဲ့အခါ ဟီရိ သြတ္တပ္ပ ဆိုတဲ့ အရှက်အကြောက်တွေ ကင်းမဲ့လာတတ်ပါတယ်။ အဲဒီအခါမှာ ဖြစ်ချင်တိုင်းဖြစ်နေတာတွေကို တွေ့ရ ကြုံရသလို ပျက်ချင်တိုင်းပျက်နေတာကို လည်း တွေ့ရကြုံရပါတော့တယ်။ အဲဒါ ဟာလူတိုင်းအတွက် ကောင်းမွန်တဲ့ အစဉ် အလာမဟုတ်ပါဘူး။ ဝက်သတ္တဝါဟာ မစင်ကျင်ကြီးကို စားရမှာမရွံသလို ဟီရိ ဆိုတဲ့ အရှက်တရားကင်းမဲ့သူ အနေ နဲ့လည်း မကောင်းမှု ဒုစရိုက်လုပ်ရမှာကို မရှက်တော့ဘူး။ ပိုးဖလံဟာ မီးရောင်ကို ရွှေတောင်ထင်မှတ်ပြီး မီးအပူကို အသေခံ တိုးပါတယ်။ အဲဒီလိုပါပဲ သြတ္တပ္ပဆိုတဲ့ အကြောက်တရား မရှိသူတွေအနေနဲ့ မကောင်းမှု ဒုစရိုက်လုပ်ရမှာကိုလည်း မကြောက်တော့ပါဘူး။
အလှအပဆိုတဲ့နေရာမှာ ရုပ်အလှနဲ့ စိတ်အလှဆိုပြီး နှစ်မျိုးနှစ်စားရှိပါတယ်။ရုပ်အလှက အဓိက အကြောင်းတရား မဟုတ်ပါဘူး။ စိတ်အလှကသာ အဓိက အကြောင်းတရား ဖြစ်ပါတယ်။ ရုပ်လှ အောင်ငွေကြေးအကုန်အကျခံပြီး ပြုလုပ် လို့ ရနိုင်ပေမယ့်လည်း စိတ်လှအောင် ဆိုရင်တော့ ငွေကြေးအကုန်အကျခံပြီး ပြုလုပ်လို့မရပါဘူး။ ကိုယ့်ရဲ့စိတ်ဓာတ် ကို ကိုယ့်ဘာသာကြိုးစားပြုပြင်မှပဲရမယ် ဆိုတာကို သဘောပေါက် နားလည်ဖို့ လိုအပ်ပါတယ်။