images
UN
UN
အမျိုးသားတစ်ဦး မူးယစ်သောက်စား၍ ဇနီးနှင့်မိသားစုဝင်များအား သတ်ပစ်မည်ဟုကြိမ်းမောင်း ပြောဆို၍ ယောက်ဖဖြစ်သူမှ ဓားဖြင့်ထိုးသတ်မှုဖြစ်ပွား
ကိုစိုင်း(လွိုင်ကော်) Sunday, 01 September 2019
ကယားပြည်နယ် လွိုင်ကော် မြို့ ကြည်သာယာတိုးချဲ့ လောဓမ္မ ရပ်ကွက်တွင် သြဂုတ် ၃၁ ရက် နံနက် ၇ နာရီက အမျိုးသားတစ်ဦး မူးယစ်သောက်စား၍ ဇနီးနှင့် မိသားစုဝင်များအား သတ်ပစ်မည် ဟု ကြိမ်းမောင်းပြောဆိုသဖြင့် ယောက်ဖဖြစ်သူမှ ဓားဖြင့်ထိုး သတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်မှာ လွိုင်ကော်မြို့ လောဓမ္မရပ်ကွက် ကြည်သာယာ တိုးချဲ့ အုပ်စု(၁ဝ) သာယာအေး လမ်း က/၂၉၇နေ မမို့မို့အောင် (၃၁ နှစ်)သည် သြဂုတ် ၃ဝ ရက် ည ၉ နာရီက နေအိမ်၌မိခင်ဖြစ်သူ နှင့်အတူရှိနေစဉ် အတူနေခင်ပွန်း ဖြစ်သူ အောင်ဆန်းဦး (၂၁ နှစ်)မှာ နေအိမ်ရှေ့မီးဖိုဆောင်တွင် ရာအိမ် မှူး ဦးဝင်းချိုနှင့်အတူ အရက် သေစာသောက်ပြီး မူးယစ်ရမ်းကား ကာ ဇနီးဖြစ်သူနှင့် ယောက္ခမ ဖြစ်သူအား ကတ်ကြေးကိုင်၍ နင် တို့အားလုံးကို သတ်ပစ်မယ်ဟု ကြိမ်းမောင်းပြောဆိုနေသဖြင့် ဇနီး ဖြစ်သူ မမို့မို့အောင်က တစ်ရပ် ကွက်တည်းနေ ဦးစိုးနိုင်၏ နွားခြံ တွင်အလုပ်လုပ်ကိုင်နေသော အတူ နေမောင်ဖြစ်သူ အောင်အောင်(ခ) လောဒူ (၂၇ နှစ်)အား ဖုန်းဆက် ပြောဆို အကြောင်းကြားခဲ့ရာမှ အောင်အောင်(ခ)လောဒူမှာ သြဂုတ် ၃၁ ရက် နံနက် ၇နာရီတွင် နေအိမ် သို့ ပြန်လာပြီး အောင်ဆန်းဦးအား ငါ့အမေနဲ့ ငါ့အစ်မကို ဘာလို့ ဆဲတာလဲဟု ပြောဆိုကာ ဓားဖြင့် သုံးလေးချက်ခန့် ထိုးလိုက်ရာ အောင်ဆန်းဦးမှာ အခင်းဖြစ်သည့် နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက် ၍ သေဆုံးအောင် ဓားဖြင့်ထိုး သတ်ခဲ့သူ အောင်အောင်(ခ)လောဒူ အား လွိုင်ကော်မြို့မရဲစခန်းမှ (ပ)၄၃၉/၂ဝ၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့် ဆောင် ရွက်လျက်ရှိကြောင်း လွိုင်ကော် မြို့မရဲစခန်းမှ သိရသည်။