images
UN
UN
အရေးကြုံရင် ပြည်သူရှေ့က မားမားမတ်မတ်ရပ်တည်နေတာပါ
သူရအေး Sunday, 01 September 2019
၂ဝ၁၉ခုနှစ် သြဂုတ်လ ၁၅ရက်နေ့မှ စပြီး AA, TNLA, MNDAA လက်နက် ကိုင်အဖွဲ့များဟာ ပြင်ဦးလွင်၊ နောင်ချို၊ ကျောက်မဲ၊ သိန်းနီ၊ လားရှိုး၊ ကွတ်ခိုင်၊ နမ့်ဆလပ်၊ကွမ်းလုံဒေသတစ်ဝိုက်မှာ လက် နက်ကြီး၊လက်နက်ငယ်များနဲ့ပစ်ခတ်တိုက် ခိုက်ခြင်း၊လမ်းတံတားများကို ဖောက်ခွဲဖျက် ဆီးခြင်းတို့ပြုလုပ်ခဲ့တာ အားလုံးသိရှိပြီးဖြစ် ပါတယ်။ ဒီလိုတိုက်ခိုက်မှုများကြောင့် တပ် မတော်မှအရာရှိ စစ်သည်ကိုးဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင် သုံးဦးကျဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့ကာ အပြစ်မဲ့ ပြည်သူသုံးဦးသေဆုံးပြီး ၁ဝဦး ဒဏ်ရာ ရခဲ့ကြောင်းသိရှိရပါတယ်။ သောင်းကျန်းသူ အဖွဲ့များရဲ့ဒီလုပ်ရပ်ဟာ အစိုးရက ဆောင် ရွက်နေတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို များ စွာထိခိုက်စေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များအပေါ် အမှန်တကယ်ဆန္ဒမရှိတဲ့ ၄င်းတို့ ရဲ့ လုပ်ရပ်ကို ပြသလိုက်ခြင်းပဲ ဖြစ်ပါ တယ်။ အပြစ်မဲ့တဲ့ပြည်သူတွေကိုသေကျေ ဒဏ်ရာရစေပြီးမန္တလေး၊ လားရှိုး၊ မူဆယ် ပြည်ထောင်စုလမ်းမကြီးနဲ့ သိန်းနီ၊နမ့်ဆလပ်၊ ကွမ်းလုံပြည်ထောင်စုလမ်းမကြီးတို့ကို ၁ဝ ရက်ကျော်ကြာအောင် ပြတ်တောက်သွားစေ ခဲ့ပါတယ်။
အကြမ်းဖက်သောင်းကျန်းသူများအနေ နဲ့ မူးယစ်ဆေး စစ်ဆေးရှာဖွေရေးစခန်းမှာ တာဝန်ကျနေတဲ့ စစ်သည်နှစ်ဦးကို ဖမ်းဆီး မိခဲ့ရာမှ လက်ပြန်ကြိုးတုပ်ပြီး မျက်လုံး ဖောက်ပစ်သတ်ခဲ့တာ၊ အရပ်သားကိုလည်း အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့တာတွေဟာ သူတို့ရဲ့လူမဆန်တဲ့လုပ်ရပ်နဲ့ စစ်ရာဇဝတ်မှု လုပ်ရပ်များအဖြစ် ထင်ရှားနေပါတယ်။ ပြည်သူတွေအဓိကသုံးစွဲနေတဲ့ စီးပွားရေး လမ်းကြောင်းတွေကို တိုက်ခိုက်ဖျက်ဆီး ခြင်းဟာလည်း ပြည်သူတွေကို အဓိက ထိခိုက်စေတဲ့လုပ်ရပ်များဖြစ်ပါတယ်။တိုက် ပွဲများဖြစ်နေချိန် လမ်းကြောင်းကို ၄င်းတို့ ခေတ္တထိန်းချုပ်ထားချိန်မှာလည်း ယာဉ် ငယ်များ၊ ကုန်တင်ယာဉ်များကိုတားဆီးပြီး ဆက်ကြေးကောက်ခြင်း၊ ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့လို့ အရပ်သားများသေဆုံးမှုရှိခဲ့ပါ တယ်။ ထိခိုက်ဒဏ်ရာရသူများကို ကူညီ ကယ်ဆယ်ဖို့သွားတဲ့ လူနာတင်ယာဉ်ကိုပစ် ခတ်ခဲ့လို့ ပရဟိတလူငယ်အသင်းက ဥက္ကဋ္ဌ သေဆုံးပြီး တချို့ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ ဟာ ၄င်းတို့ရဲ့ လူမဆန်တဲ့လုပ်ရပ်တွေပဲဖြစ် ပါတယ်။၎င်းတို့အနေနဲ့ တပ်မတော်ကိုတိုက် ခိုက်ချင် တိုက်ခိုက်နိုင်သော်လည်း အပြစ်မဲ့ ပြည်သူတွေကိုတိုက်ခိုက်ခြင်းကတော့ ၄င်း တို့ရဲ့ရက်စက်ယုတ်မာမှုကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။တပ်မတော်ကတော့ဖြစ်စဉ်များ ဖြစ်ဖြစ်ချင်း အဖျက်သမားတွေကို အမြန်ဆုံး တိုက်ထုတ်ရှင်းလင်းခဲ့ပါတယ်။လုံးဝပျက်စီး နေတဲ့လမ်းနဲ့တံတားများကို စစ်မြေပြင် အင်ဂျင်နီယာတပ်နဲ့စစ်သည်များ၊ဆောက်လုပ် ရေးဝန်ထမ်းများပူးပေါင်းပြီး လုံခြုံရေးယူ ခြင်း၊ ပြုပြင်ခြင်းများကို အမြန်ဆုံးလုပ်ခဲ့ရာ သြဂုတ်လ ၂၆ ရက်နေ့မှာ လမ်းကြောင်း အားလုံးပွင့်သွားပြီလို့ သိရပါတယ်။
ယခုဖြစ်စဉ်အတွင်း မူဆယ်ဒေသမှာ ပိတ်မိနေတဲ့ နိုင်ငံခြားသား၂၈ဦးကို တပ်မ တော် ရဟတ်ယာဉ်ဖြင့် သွားရောက်ခေါ် ဆောင်ပြီး လားရှိုးမှတစ်ဆင့်တပ်မတော် လေယာဉ်ဖြင့် ရန်ကုန်ကို ပြန်လည်ပို့ဆောင် ပေးခဲ့တာလည်းတွေ့ရပါတယ်။ ဒီဖြစ်စဉ် တစ်ခုလုံးဟာ နိုင်ငံတော်ကြီးပျက်စီးအောင် ပြည်သူတွေထိခိုက်နစ်နာအောင် ဘယ်သူ တွေကလုပ်နေသလဲ။
နိုင်ငံတော်နဲ့ပြည်သူ တွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ဘယ်သူတွေကအသက်ပေးပြီး ကာကွယ် စောင့်ရှောက်နေသလဲ။ အရေးကြုံလာရင် ဘယ်သူတွေကအမြန်ဆုံးရှေ့ထွက်ပြီး အလုပ် နဲ့သက်သေပြနေသလဲ။ဘယ်သူတွေကတော့ လေနဲ့ပဲနိုင်ငံကိုချစ်ပြနေကြသလဲဆိုတာ ရှင်း ရှင်းဘွင်းဘွင်းကြီးပေါ်လာစေပါတယ်။ ဒီအချိန် မြန်မာပြည်မှာ စစ်တပ်မရှိလည်း ဖြစ်တယ်ဆိုတဲ့သူတွေ ဘယ်ရောက်နေသလဲ။ ဒုက္ခဖြစ်နေတဲ့ပြည်သူတွေကို ကယ်ဆယ် ရာမှာ အဲဒီသူတွေပါကြရဲ့လား စိစစ်ဖို့လိုပါ တယ်။ နောက်တစ်ဆင့်တက်ပြီး ဒီလိုလူမ ဆန်တဲ့လုပ်ရပ်တွေနဲ့ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ဖျက်ဆီးနေတဲ့ ငမိုက်သား အဖျက် သမားတွေကို ဒီအတိုင်းလက်ပိုက်ကြည့်နေ ရမှာလား။ဒါမှမဟုတ် အိမ်ပေါ်တင်ပြီး ကိုး ကွယ်ထားရမှာလားဆိုတာ သူတို့ကိုမေး လိုက်ချင်ပါတယ်။ အဲဒီအချိန်မှာ စစ်တပ် မရှိလည်းဖြစ်တယ်ဆိုတဲ့ သူတွေအနေနဲ့ အဲဒီငမိုက်သားတွေကို မလုပ်ပါနဲ့ဗျာလို့ ပြောပြီးသွားညှိကြည့်ကြပါလား။ ပရဟိတ ကူညီရေးကားတောင် သိရက်နဲ့ပစ်ခတ်သေး တာ ဘာမှစစ်ဆေးမနေဘဲအပစ်ခံရမှာ သေချာပါတယ်။ အဖျက်သမားဆိုတာ ဥပဒေရှိတာမှမဟုတ်ဘဲ။ သေနတ်ပြောင်းဝ ဟာ သူတို့ဥပဒေပဲမဟုတ်လား။ ဒါကြောင့် လည်း ပြည်သူတွေအနေနဲ့ အပြုနဲ့အဖျက်ကို ခွဲခြားသိကြဖို့လိုပါတယ်။ အဖျက်လုပ်ရပ် တွေနဲ့ ပြည်သူတွေကို အကြောင်းမဲ့သတ် ဖြတ်ညှဉ်းဆဲပြီး နိုင်ငံပိုင်လမ်းတံတားတွေကို ဖျက်ဆီးနေတာ ဘယ်သူတွေလဲ။ အပြုလုပ် ရပ်တွေနဲ့ ပြည်သူနဲ့နိုင်ငံပိုင်ပစ္စည်းတွေကို အသက် သွေး၊ချွေး ရင်းနှီးပြီး ကာကွယ် စောင့်ရှောက်နေတာ ဘယ်သူလဲဆိုတာကို ကွဲပြားဖို့လိုနေပြီဖြစ်ပါတယ်။
အဖျက်သမားတွေရဲ့ အတိတ်ကလုပ်ရပ် အချို့ကိုပြန်ကြည့်ရင် ၂ဝ၁၆ ခုနှစ် နိုဝင် ဘာလ ၂ဝ ရက်ကစပြီး မြောက်ပိုင်းမဟာ မိတ်အဖွဲ့လေးဖွဲ့(KIA, MNDAA, TNLA, AA) ပူးပေါင်းအဖွဲ့က မူဆယ်ဒေသမှာ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန် ထမ်းဆောင်နေကြတဲ့ တပ်မတော်စခန်းတွေ ကို တိုက်ခိုက်ခြင်း၊ အပြစ်မဲ့ပြည်သူတွေကို ဥပဒေမဲ့သတ်ဖြတ်ခြင်း၊ လမ်းတံတားနဲ့ ပြည်သူပိုင်ပစ္စည်းတွေကို မိုင်းထောင်ဖျက်ဆီး ခြင်းတွေ လုပ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဖြစ်ပွားခဲ့တဲ့ အခြေအနေဆိုးတွေကြောင့် ပြည်သူ့လွှတ်တော်မှာ စိုးရိမ်ကြောင်း အရေး ကြီးအဆိုတင်သွင်းခဲ့ရာမှာ ထောက်ခံမဲ ၁၄၁ မဲ၊ ကြားနေမဲ ခုနစ်မဲ၊ ကန့်ကွက်မဲ ၂၄၄မဲနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ လွှတ်တော် ကိုယ်စားလှယ်အများစုက အကြမ်းဖက် သောင်းကျန်းမှုလုပ်ရပ်ကို အားပေးနေတဲ့ သဘောတွေ့ရပါတယ်။ ဒီလိုအကြမ်းဖက် တိုက်ခိုက်လာတာဟာ စိုးရိမ်စရာမဟုတ်ဘူး လား။ မကန့်ကွက်ကြဘူးလား။ ထောက်ခံ အားပေးကြမှာလားမေးစရာဖြစ်လာပါတယ်။ အဲဒီအကြမ်းဖက်အဖွဲ့တွေကို ပြန်လည် တိုက်ထုတ်ချေမှုန်းပြီး လမ်းပန်းဆက်သွယ် ရေးအမြန်ပြန်ကောင်းအောင် အသက်တွေနဲ့ ရင်းပြီးဆောင်ရွက်ခဲ့ရတာတပ်မတော်ပါ။ နောက်တစ်ခါ ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလ ၆ရက်မှာလည်း ကိုးကန့်တပ်ဖွဲ့(MNDAA) က ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ကို ဒုတိယအကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့ပြန်ပါ တယ်။
အဲဒီဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင် ငါးဦးနဲ့ ပြည်သူ ခြောက်ဦး သေဆုံးပြီး ယာဉ်ထိန်းရဲ လေးဦးကိုလည်း ကိုးကန့်တပ်ဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။အဲဒီအခါမှာလည်း တပ်မတော်ကပဲ စစ်သည်များရဲ့ အသက် ပေါင်းများစွာ ရင်းနှီးပြီး သောင်းကျန်းသူ တွေကို လိုက်လံရှင်းလင်းတိုက်ထုတ်ရင်း စခန်းလေးခုကိုပြန်လည်သိမ်းကာ လောက် ကိုင်မြို့ တည်ငြိမ်အေးချမ်းမှုရှိအောင် ပြန် လည် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီဖြစ်ရပ် တွေကို ကြည့်ရင် အပြစ်မဲ့ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နှင့်ကူးသန်းသွားလာ ရေး လမ်းကြောင်းများ၊ အဆောက်အအုံများ၊ လမ်းတံတားများကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတာဟာ လက်နက်ကိုင်အကြမ်း ဖက် အဖျက်သမားများသာဖြစ်ပါတယ်။ သူတို့ရဲ့အဖျက်လုပ်ရပ်တွေကို ပြည်သူတွေ ရဲ့ရှေ့က မားမားမတ်မတ်ရပ်ပြီး ကာကွယ် ဟန့်တားချေမှုန်းနေတာ တပ်မတော်သာ ဖြစ်ပါတယ်။ ဒါဟာတပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပြည်သူတွေ ကပေးအပ်တဲ့တာဝန်ကို ကျေပွန်စွာ ထမ်း ဆောင်နေတာပဲဖြစ်ပါတယ်။
တပ်မတော်ကိုအမျိုးမျိုးဝိုင်းဝန်းပြစ် တင်ပြောဆိုနေသူများအနေနဲ့ သေသေချာချာ ပြန်လည်စဉ်းစားဆင်ခြင်သင့်ပါတယ်။ တပ်မ တော်ဆိုတာ နိုင်ငံတော်ကာကွယ်ရေး တာဝန်ကိုထမ်းဆောင်နေတဲ့တပ်ဖွဲ့(National Defence Service)၊ နိုင်ငံတကာစည်း မျဉ်းစည်းကမ်းဥပဒေများနဲ့အညီ ဖွဲ့စည်း ထားတဲ့တပ်မတော်ဖြစ်ပါတယ်။တပ်မတော် တစ်ရပ်မှာ ကြည်းတပ်၊ လေတပ်၊ ရေတပ် တို့ ပါဝင်ရပါတယ်။ ဒါ့အပြင် အမြောက်၊ သံချပ်ကာ၊ တင့်ယန္တရားတပ်ဖွဲ့များနဲ့ ဆက် သွယ်ရေးတပ်ဖွဲ့၊ စစ်မြေပြင် အင်ဂျင်နီယာ တပ်ဖွဲ့၊ဆေးတပ်ဖွဲ့စတဲ့ လက်ရုံးအကူတပ်ဖွဲ့ တွေလည်း ပါဝင်ရပါမယ်။ ဒါတွေ ပြည့်စုံမှ သာ တပ်မတော်တစ်ရပ်လို့ခေါ်ဝေါ်နိုင်မှာ ဖြစ်ပါတယ်။ဒီနေရာမှာ AAတပ်ဖွဲ့ကို ယနေ့ ရခိုင်တပ်မတော်လို့ခေါ်ဝေါ်နေတာ မှန်မမှန် စဉ်းစားကြည့်စေချင်ပါတယ်။ ဒါကလည်း လူမျိုးရေးကွဲပြားစေလိုလို့ နှိမ့်ချပြီးပြောနေ တာမဟုတ်ဘဲ အခြေအနေနဲ့ အနေအထား အမှန်ကို သိစေလို၍သာ ဖြစ်ပါတယ်။ AA မှာ အထက်ကဖော်ပြခဲ့တဲ့ တပ်မတော် တစ်ရပ်ရဲ့ အဓိကအင်္ဂါရပ်တွေ မရှိပါဘူး။ ဒါ့အပြင်AA ဟာ ဘင်္ဂါလီအကြမ်းဖက်အဖွဲ့ (ARSA)ကိုတိုက်ထုတ်ရမယ့်အစားပူးပေါင်း ပြီး ပြည်ထောင်စုပြိုကွဲအောင်လုပ်နေတဲ့ အဖွဲ့အစည်းဖြစ်လို့ရခိုင်ပြည်သူတွေတင်မက နိုင်ငံတော်ရှိ ပြည်သူအားလုံးရဲ့ရန်သူဖြစ်နေ ပါတယ်။ ဒါကြောင့် AA လို့အင်္ဂလိပ်အမည် တပ်ထားခြင်းကို တိုက်ရိုက်ဘာသာပြန်ပြီး ရခိုင်တပ်မတော်လို့ အလွယ်ခေါ်ဆိုခြင်းဟာ မသင့်တော်ပါဘူး။ ရခိုင်လက်နက်ကိုင် တပ်ဖွဲ့လို့ခေါ်ရင် ပိုပြီးသင့်တော်မှာ ဖြစ်ပါ တယ်။ နိုင်ငံတော်ရဲ့ မြေထု၊ လေထု၊ရေထု ကို အစဉ်တစိုက်ကာကွယ်စောင့်ရှောက်ပေး နေတာ တပ်မတော်ဖြစ်ပါတယ်။ နိုင်ငံတော် လုံခြုံရေးနဲ့ပိုင်နက်နယ်မြေမဆုံးရှုံးရေးအတွက် အသက်သွေးချွေးစတေးပြီး ကာကွယ်ပေးခဲ့ တာကို သမိုင်းထဲက တပ်မတော်တိုက်ပွဲများ က သက်သေခံနေပါတယ်။ တပ်မတော်ဟာ တစ်အူထုံ့ဆင်း သွေးချင်းတိုင်းရင်းသား ညီအစ်ကိုပေါင်းစုံ ပါဝင်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုတပ်မတော်လည်းဖြစ်ပါတယ်။
၂ဝ၁၉ခုနှစ် သြဂုတ်လ ၉ ရက်ကစပြီး မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီး တို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီး ခြင်း၊ တောင်ပြိုခြင်း၊ လမ်းတံတားများ ပျက်စီးခြင်းတို့ဖြစ်ပွားခဲ့ပါတယ်။ မွန်ပြည် နယ်၊ပေါင်မြို့နယ်ရှိ မလတ်တောင်မြေပြို ကျမှုဟာ အဆိုးရွားဆုံးဖြစ်ပြီး လူအများ အပြားသေဆုံးဒဏ်ရာရကာ သထုံ၊ မော်လ မြိုင်ကားလမ်းမကြီးဟာလည်း ရက်အနည်း ငယ်ပိတ်ဆို့သွားရပါတယ်။ ဒီအခြေအနေမှာ တပ်မတော်သားတွေဟာ ရှေ့ဆုံးကထွက်ပြီး စက်ယန္တရားများအကူအညီနဲ့ မြေများ ဖယ် ရှားခြင်း၊ အလောင်းများရှာဖွေခြင်း၊ ဒဏ်ရာ ရသူများကိုဆေးရုံသို့ပို့ခြင်းစတဲ့ ကူညီကယ် ဆယ်ရေးလုပ်ငန်းများကို တက်ကြွစွာပါဝင် ဆောင်ရွက်ခဲ့တာတွေ့ရပါတယ်။ဒီလိုကူညီ ကယ်ဆယ်တာဟာ တစ်စုံတစ်ဦးရဲ့ ညွှန် ကြားစေခိုင်းမှုကြောင့် မဟုတ်ဘဲ သူတို့ရဲ့ စိတ်စေတနာနဲ့ တာဝန်သိမှုတွေကြောင့် ကယ်ဆယ်ခဲ့တာပဲဖြစ်ပါတယ်။ အထက် ကဖော်ပြခဲ့တဲ့ တိုက်ပွဲဖြစ်စဉ်များမှာရော မွန် ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီး ရေကြီး၊ မြေပြိုမှုဖြစ်စဉ်များမှာပါ ပြည်သူတွေကို ရှေ့ဆုံးက ကူညီကယ်ဆယ်ခဲ့တာတပ်မ တော်ပါ။ ဒါကြောင့် အမှားနဲ့အမှန်၊ အပြုနဲ့ အဖျက်ကို ခွဲခွဲခြားခြားသိမြင်ကြပါ။ အရေး ကြုံရင်ပြည်သူရှေ့မားမားမတ်မတ်ရပ်တည် နေတာ တပ်မတော်ပါလို့ အမှန်ကိုအမှန် အတိုင်း တင်ပြလိုက်ရပါတယ်။