images
UN
UN
ကိုယ်ဝန်ဆောင်ချိန် ဆေးလိပ်သောက်သုံးခြင်းကြောင့် သန္ဓေသားတွင် စိတ်ကစဥ့်ကလျားရောဂါဖြစ်နိုင်ခြေ အလွန်မြင့်မားဟုဆို
KK(IR) Wednesday, 04 September 2019
ဆေးသုတေသနစစ်တမ်းသစ် တစ်ခုအရ ကိုယ်ဝန်ဆောင်ချိန်တွင် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် စီးကရက်သောက်သုံးခြင်း၊ အထူး သဖြင့် အလွန်အကျွံ ဆေးလိပ် သောက်သုံးခြင်းသည် သန္ဓေသား များအား အာရုံစူးစိုက်မှုလျော့ကျ ခြင်းနှင့်စိတ်ကစဥ့်ကလျားဖြစ်ခြင်း (ADHD)ရောဂါ ပြဿနာနှင့် ကြုံတွေ့နိုင်ခြေမြင့်မားကြောင်း သိရသည်။
ကိုယ်ဝန်ဆောင်ချိန်တွင် ဆေး လိပ်သောက်သုံးသည့် မိခင်များ အနေဖြင့် (ADHD) ဖြစ်ပွားသည့် ကလေးငယ် မွေးဖွားလာနိုင်ခြေ ရာခိုင်နှုန်း ၆ဝမြင့်မားကြောင်း သိရ သည်။ ဆေးလိပ်လုံးဝမသောက် သည့်မိခင်များထက် တစ်ရက်လျှင် ဆေးလိပ် ၁ဝ လိပ်အောက်သောက် သုံးသည့် မိခင်များအနေဖြင့် (ADHD)ဖြစ်ပွားသည့် ကလေး ငယ်မွေးဖွားလာနိုင်ခြေ ၅၄ ရာခိုင် နှုန်းရှိပြီး ဆေးလိပ်အလွန်အကျွံ သောက်သုံးသည့် မိခင်များကမူ ၇၅ ရာခိုင်နှုန်းပိုမိုမြင့်မားကြောင်း သိရသည်။
(ADHD)ဖြစ်ပွားသည့်ကလေး ငယ်မွေးဖွားလာနိုင်ခြေမြင့်မားမှု သည် ကိုယ်ဝန်ဆောင်မိခင်လောင်း အနေဖြင့် ကိုယ်ဝန်ဆောင်ချိန်အပြင် ကိုယ်ဝန်မဆောင်ခင်ကတည်းက ဆေးလိပ်သောက်သုံးမှုကြောင့်နှင့် လည်း သက်ဆိုင်ကြောင်း သိရ သည်။ ထို့ကြောင့် နေ့စဉ်ဆေးလိပ် သောက်သည်နှင့်အမျှ ADHD ဖြစ် ပွားနိုင်ခြေကလည်း မြင့်တက်မည် သာဖြစ်သည်ဟုဖော်ပြထားသည်။
အမေရိကန်နိုင်ငံ၏ ပြည် နယ်၂၄ ခုမှရရှိသည့် ၂ဝ၁၁ ခုနှစ် ကိုယ်ဝန်ဆောင်မှုဆိုင်ရာ အန္တရာယ် များ သုံးသပ်ခြင်းနှင့် စောင့်ကြည့် လေ့လာမှုစနစ်၏ အချက်အလက် များအရ အမေရိကန်အမျိုးသမီး ၁ဝ ရာခိုင်နှုန်းတို့သည် ကိုယ်ဝန် ဆောင်ချိန် နောက်ဆုံး သုံးလ အတွင်း၌ပင် ဆေးလိပ်သောက်သုံး ကြောင်း သိရသည်။ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် တားဆီး ကာကွယ်ရေးဌာနများမှဖော်ပြချက် အရ အသက်လေးနှစ်မှ ၁၇ နှစ် အရွယ် အမေရိကန်ကလေးငယ် ၁၁ ရာခိုင်နှုန်း သို့မဟုတ် ကလေး ငယ် ၆ ဒသမ ၄ သန်းတို့သည်ADHDီံရောဂါခံစားနေကြရကြောင်း သိရသည်။ADHDရောဂါကြောင့် အာရုံစူးစိုက်မှု၊ အငြိမ်မနေနိုင်မှုနှင့် ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်မှုတို့ အပေါ်သက်ရောက်မှုများ ဖြစ်ပေါ် စေပြီး ကျောင်းပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်တို့တွင်အဆင်ပြေ လိုက်လျောစွာနေထိုင်နိုင်ရန် ခက်ခဲ စေသည်ဟုသိရသည်။
Ref: Reuters