images
UN
UN
မောင်သာဘေး စာသဘောပေါက်လို့ မိအေးဒုက္ခရောက်ရတဲ့ မေတ္တာပွားနည်းများ
မောင်ငြိမ်းသူ(ကြို့ပင်ကောက်) Wednesday, 04 September 2019

''သူငယ်ချင်းရေ...မင်းတို့ မှုခင်း ဂျာနယ်တွေထဲမှာရော၊ သတင်းစာတွေနဲ့ သတင်းစုံဂျာနယ်တွေထဲမှာပါ မပါမဖြစ် တဲ့သတင်း၊ အဲဒီသတင်းမှမပါရင် ခေတ် မမီတော့လောက်အောင် စူပါဝမ်းဖြစ်နေ တဲ့ သတင်းဟာ မှုခင်းသတင်းတွေ ဖြစ် နေပါလားကွ''
''အဲဒါ ဘာထူးဆန်းလို့လဲကွာ။ ဖေ့စ်ဘွတ်ခ်တွေနဲ့ အွန်လိုင်းတွေမှာဆိုရင် မဖော်ပြသင့်တာတွေတောင် အလုအယက် ဖော်ပြနေကြတယ်။ အသက်တစ်ရာ မနေ ရ၊ အမှုတစ်ရာကြုံနေကြရတဲ့ လူ့လောက ကြီးထဲမှာ လူတွေ မလွှဲမရှောင်သာဘဲ ကြုံတွေ့နေကြရတဲ့ မှုခင်းသတင်းတွေကို ဖော်ပြနေကြတာဟာ အဲဒီမှုခင်းဖြစ်စဉ် တွေကို ဖတ်ရှုသိမြင်၊ ဆင်ခြင်နိုင်အောင် သင်ခန်းစာ ပေးနေတာကွ''
''သင်ခန်းစာပေးတာက နည်းနည်း အတုမြင် အတတ်သင်ကြတာကများများ ဖြစ်နေကြတယ်ကွ။ သွေြး<ွကအားကျ အတုယူနေကြတယ်ကွ။ လူသတ်မှု၊ သေကြောင်းကြံစည်မှု၊ သေမှုသေခင်း အမှု၊ ဓားပြမှု၊ ခိုးဝှက်လုယက်မှု၊ ရိုက် နှက်မှု၊ ခါးပိုက်နှိုက်မှု၊ မူးယစ်ရမ်းကားမှု၊ ဗလက္ကာရမှု၊ မုဒိမ်းမှု၊ သက်ငယ်မုဒိမ်းမှု၊ အနိုင်အထက်ပြုကျင့်မှု၊ ကားတိုက်မှု၊ ဆိုင်ကယ်တိုက်မှု၊ ကားနဲ့ကားချင်းတိုက်မှု၊ ဆိုင်ကယ်နဲ့ဆိုင်ကယ်ချင်း၊ ကားနဲ့ ဆိုင် ကယ်တိုက်မှုတွေ၊ လိမ်ညာသွေးဆောင်၊ ဖြားယောင်းမှုတွေ၊ ခြိမ်းခြောက်မှုတွေ၊ လူကုန်ကူးမှု၊ ဆေးဝါးမှောင်ခိုမှု၊ သာသနာ ညှိုးနွမ်းပျက်စီးအောင် အယောင်ဆောင်မှု၊ ပြေးလေးပြေးအမှု၊ မီးရှို့မှု၊ ကာမ လိမ်လည်ရယူမှု၊ မယားခိုးမှု၊ လင်ခိုးမှု၊ အသရေဖျက်မှု၊ ကာယိနြေ္ဒဖျက်ဆီးမှု၊ အမွေမှု၊ ပြည့်တန်ဆာမှု၊ မူးယစ်ဆေးဝါး မှု၊ လောင်းကစားမှု၊ ဆင်ဆာမဲ့ ညစ်ညမ်း ခွေရောင်းမှု၊ အမှုပေါင်း သောင်းခြောက် ထောင်ကို သုံးသပ်ကြည့်လိုက်တဲ့အခါ လောဘ၊ ဒေါသ၊ မောဟ၊ ကာမ၊ ရာဂ တဏှာတွေကို အခြေခံပြီး ဖြစ်ပေါ်လာတဲ့ အမှုတွေချည်းပဲကွ''
''နေစမ်းပါဦး မင်းက မှုခင်းသုတေ သနစာတမ်းတင်မှာမို့ မှုခင်းအမျိုးအစား တွေကို ဒီလောက်အထိ အသေးစိတ် လေ့လာမှတ်သားထားတာလား''
''မှုခင်းအယ်ဒီတာကြီးရဲ့ သူငယ် ချင်းလည်းဖြစ်တယ်။ မင်းကမှုခင်း ဗဟု သုတတွေကို မကြာခဏ ဖောက်သည် ချပြနေတော့ ငါလည်း နားရည်ဝပြီး မှတ် သားမိသလောက် ပြောမိတာပါကွာ''
''တော်သေးတာပေါ့ကွာ။ နိုင်ငံတော် အကြည်ညို ပျက်စေမှု၊ စီတန်းလှည့် လည်ဆန္ဒပြမှု၊ ၆၆(ဃ)၊ အဂတိလိုက်စား မှု၊ တရားရုံးများကို မထီမဲ့မြင်ပြုမူမှု၊ ဝန်ထမ်းအယောင်ဆောင်မှု၊ အကျိုးဖျက် ဆီးမှု၊ အတုပြုလုပ်မှု၊ ခြောက်တစ်၊ အရေးကြီးပုဒ်မ ၃ဝ၇၊ ဘိုးတော် မယ် တော်အမှုတွေပါ ထည့်မပြောသေးလို့''
''ဟေ့ကောင် ငါက သဘောရိုးနဲ့ ပြောနေတာနော်။ ဟိုအရေး ဒီအရေးတွေ မပါဘူး။ဆရာတော်ကြီးတွေ တရားဟော ပြောတာကို နာယူပြီး သံဝေဂရလို့ မင်းကို ငါက ပြန်ပြီး ဖောက်သည်ချပြမလို့လာ တာကွ''
''ကဲ ဒါဆိုရင် ဓမ္မသာဝကကြီးဆီ ကပဲ ကျွန်တော်မျိုးက ဓမ္မဒေသနာ ခံယူပြီး ပုညကိရိယာ ၁ဝ ပါးကို မျှဝေ ရယူပါတော့မယ်ဗျာ''
''ငါက အတည်ပြောနေတာနော်။ သေသေချာချာ နားထောင်၊ နှလုံးသားနဲ့ နာယူ။ လောဘ၊ ဒေါသ၊ မောဟ၊ ကာမ၊ ရာဂ၊ တဏှာတွေကြောင့် မှုခင်းတွေ ဖြစ် ပွားနေတာကိုတားဆီးကြဖို့က လောဘ မီး၊ ဒေါသမီး၊ မောဟမီး၊ ရာဂမီးတွေ ငြိမ်းအောင် ငြှိမ်းသတ်ကြရမယ်တဲ့ကွ''


''ဆက်ပါဦး ဆရာတော်''
''တို သုံးတိုကိုရှောင်၊ အိုအောင် မဆင်းရဲဘူးတဲ့'' စိတ်တိုတဲ့ ဒေါသ၊ သဝန်တိုတဲ့ လောဘ၊ အမြင်တိုတဲ့ မောဟ ကြောင့် ပြဿနာတက်၊ စိတ်ဆင်းရဲရ တတ်တယ်တဲ့။ ကိုယ့်ရဲ့လောဘ၊ ဒေါသ၊ မောဟကို ထိန်းချုပ်နိုင်လေလေ ပြဿနာ နည်းလေလေ၊ ဒုက္ခနည်းလေလေ လူ လည်း သက်သာလေပဲတဲ့။ လောဘ၊ ဒေါသ၊ မောဟကို ထိန်းချုပ်နိုင်တဲ့ နည်း လမ်းကတော့ စိတ်ကို တည်ငြိမ်အောင် ထားပြီး တွေ့ကြုံလာသမျှကို အနိစ္စ၊ ဒုက္ခ၊ အနတ္တပဲလို့ မကြာမကြာ ရှုမြင် ဆင်ခြင်နှလုံးသွင်းပါတဲ့။ ပေးမလောက် တဲ့ လောဘ၊ တဇောက်ကန်းလုပ်တတ်တဲ့ ဒေါသ၊ မြှောက်ထိုးပင့်ကော်လုပ်တတ်တဲ့ မောဟ၊ ဒါတွေနဲ့ ပေါင်းနေသမျှ ဒုက္ခ ရောက်နေကြဦးမှာတဲ့။ လူ့ဘဝ အောက် တန်းကျစေတာက လောဘ၊ ဒေါသ၊ မောဟတွေကြောင့်ပဲတဲ့။ လူ့ဘဝ အထက်တန်းရောက်စေတာက သီလ၊ သမာဓိ၊ ပညာပဲတဲ့။ အားကိုးရာအစစ်က ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ။ မိတ်ဆွေအစစ်က ကံ၊ Óဏ်၊ ဝီရိယ။ ရန်သူ အစစ်က လောဘ၊ ဒေါသ၊ မောဟ။ နေ့စဉ်အလုပ်က ဒါန၊ သီလ၊ ဘာဝနာ။ နှလုံးသွင်းရန် အစစ်က အနိစ္စ၊ ဒုက္ခ၊ အနတ္တ။ အမြဲတမ်း လက် ကိုင်ထားဖို့က ခန္တီ၊ မေတ္တာ၊ သစ္စာတဲ့။ ဒါကြောင့် ငါ မေတ္တာပွားနေရပြီကွ။ ကာမတဏှာကတော့ မင်းပြောနေကျ ရေးနေကျစကားအတိုင်း ''ကာမရောဂါ၊ ကိုယ်တွင်းနာကား၊ ကုရာနတ္ထိ၊ ဆေး မရှိဘူး။ မိမိပညာ သတိသာလျှင်၊ မဟာ သြသဓ ဆေးမည်စွရှင့်''အရ ကိုယ့် အသိ၊ သတိနဲ့ထိန်းကြဖို့ လိုတာပေါ့ကွာ။ တစ်ခဏ သုခအတွက် ထာဝရဒုက္ခ မခံ ချင်ကြဖို့ပေါ့ကွာ''
''မင်းကမေတ္တာပွားနေတယ်ဆိုတော့ မေတ္တသုတ်ကိုရော မင်းအလွတ်ရရဲ့လား''
''ဟေ့ကောင် စကားကိုကတ်မပြော နဲ့။ အလွတ်တော့ ဘယ်ရမလဲကွ''
''မရရင် အနှစ်ချုပ်ကို ငါပြောပြ မယ်။ မှတ်ထား။ ''မာတာ=မြင်းမိုရ် တောင်ဦး၊ မကကျူးသည့်၊ ကျေးဇူး ဂုဏ်ရှင်၊ မွေးသမိခင်သည်။ နိယံပုတ္တံ= မိမိရင်နှစ်၊ သားရင်းဖြစ်သော။ ဧက ပုတ္တံ=အရေထူ အရေပါး အသားကို ဖောက်၊ အရိုးရောက်အောင်၊ များမြောက် ခင်တွယ်၊ တစ်ယောက်တည်းသော သား ငယ်ကို။ မာယုသာ=ဇီဝိန်အသက်၊ ယင်း အတွက်ကြောင့်။
မနုရက္ခေကထာ=မချို့ တိုက်ကျွေး၊ ပိုက်ထွေးယုယ၊ နေ့ည မသွေ၊ စောင့်ရှောက်လေသကဲ့သို့။ ဧဝမ္ပိ တထာ=ပမာမခြား၊ ထိုအလားသာလျှင်။ သဗ္ဗဘူတေသု = ခပ်သိမ်းရှိသမျှသော သတ္တဝါ အနန္တတို့သည်။ အပရိမာဏံ= အတိုင်းအရှည်ကင်းပ၊ များပြားလှစွာ သော။ မာနသံ=ထွေထွေယိုဖိတ်၊ မေတ္တာ စိတ်ကို။ ဘာဝယေ=ပွားများစေကုန်ရာ သတည်း''ဆိုတဲ့ အပိုဒ်ကလေးကိုပဲ ရအောင် ကျက်မှတ်ထားစမ်းပါကွာ။ မိခင်တစ်ဦးဟာ တစ်ဦးတည်းသာရှိတဲ့ သားကို အသားကိုဖောက် အရိုးရောက် အောင် မိခင်မေတ္တာစိတ်နဲ့ မေတ္တာထားပြီး ကျွေးမွေးစောင့်ရှောက်နေသလို သတ္တဝါ အနန္တကိုလည်း စာနာသနားမေတ္တာထားဖို့ ညွှန်းဆိုထားတာကွ။ မင်းလည်း သတ္တဝါ အားလုံးကိုအဲဒီလိုမေတ္တာထားနိုင်ရဲ့လား''
''ထားနိုင်အောင် ကြိုးစားရမှာပေါ့ ကွာ။ မင်းတို့ မှုခင်းဂျာနယ်တွေထဲမှာ ဖော်ပြပေးနေတဲ့ မှုခင်းတွေကို ဖတ်ရှုပြီး တရားရနေတာကွ။ သံဝေဂရနေတာကွ။ ဒါကြောင့် အဲဒီလို မှုခင်းတွေမဖြစ်ပွားကြ ပါစေနဲ့။ လူသတ်မှုတွေ မဖြစ်ပွားကြပါ စေနဲ့။ မုဒိမ်းမှုတွေ မဖြစ်ပွားကြပါစေနဲ့။ လိမ်ညာဘေးမှ ကင်းဝေးကြပါစေလို့ မေတ္တာပို့သနေပါတယ်ကွာ''
''သေချာရဲ့လား''
''သေချာတာပေါ့ကွာ''
''သတ္တဝါအားလုံးကို မင်းရဲ့ရင်သွေး တွေလို မေတ္တာထားနိုင်ရဲ့လား။ ငါ့သား သမီးလေးတွေ ဘေးမသီ ရန်မခပါစေနဲ့ လို့ အမြဲတမ်း ဆုတောင်းနေသလို မင်း အမြဲဆုတောင်းနေသလား''
''ဟေ့ကောင် ငါ အတည်ပြောနေ တာနော်။ ပြက်ချော်ချော် လုပ်မနေနဲ့။ လူတိုင်း လူတိုင်းဟာ ငါ မေတ္တာထား သလို ထားစေချင်တယ်''
''ငါကလည်း အတည်ပြောမှာပါ။ အလေးအနက်ထားပြောမှာပါ။ မေတ္တာ ထား၊ မေတ္တာပွားတဲ့နေရာမှာ တိပိဋက ဆရာတော်ကြီးနဲ့ တခြားထင်ရှား ဆရာ တော်ကြီးတွေ မေတ္တာပွားကြတဲ့ မေတ္တာ ပွားနည်းမျိုးစုံရှိတယ်ကွ။ ဒါပေမဲ့ အဓိက ကျတာကတော့ ပရိတ်ကြီး (၁၁)သုတ်မှာ ပါတဲ့ ''မေတ္တသုတ်''ပါ မေတ္တာပွားနည်း တွေကတော့ အဓိက ပဓာနကျတာပေါ့ ကွာ။ ဒီနေရာမှာ မေတ္တာအပွား မတတ် ရင် သင်္ဂဇာဆရာတော်ကြီး ဟောကြား ခဲ့တဲ့ ''မောင်သာဘေး စာသဘော ပေါက်လို့ မိအေးဒုက္ခရောက်''သလို ဖြစ် သွားမှာစိုးလို့ကွ''
''ရှင်းစမ်းပါဦးကွာ'' ''သင်္ဂဇာ ဆရာတော်ကြီးဟာ မန္တလေးမြို့ အနောက် ပြင် သင်္ဂဇာတိုက်မှာ သီတင်းသုံးနေတဲ့ အချိန်ကပေါ့ကွာ။ ဒါယကာတစ်ဦးက မေတ္တာပို့တာနဲ့ ပတ်သက်လို့ မရှင်းလင်း တာကို လာရောက်လျှောက်ထားတယ် တဲ့။ အရှင်ဘုရား ''အတ္တပီတ ဝေရီ မဇ္ဈတ္တ''ဆိုတဲ့ ပုဂ္ဂိုလ်လေးမျိုး ထဲက မိမိရဲ့ ချစ်မယားကို ခွဲခြားပြီး မေတ္တာ ပို့ရင် အကျိုးရှိမရှိ အတိအကျ အထင် အရှား ခွဲခြားနားလည်အောင် ရှင်းလင်း ညွှန်ပြဟောကြားပါ ဘုရားလို့ လျှောက် ထားတောင်းပန်တယ်တဲ့''
''ဒီတော့သင်္ဂဇာဆရာတော်ဘုရား ကြီးက ''ဒါယကာမေတ္တာပို့တဲ့နေရာမှာ ဝိသုဒ္ဓိမဂ်အဋ္ဌကထာဗြဟ္မဝိဟာရနိဒ္ဒေသ အရ မေတ္တာဘာဝနာကို (၁) မချစ်မနှစ် သက်တဲ့ပုဂ္ဂိုလ်(အပ္ပိယပုဂ္ဂိုလ်)၊ (၂)အလွန် ချစ်နှစ်သက်တဲ့ပုဂ္ဂိုလ်(အတိပ္ပိယပုဂ္ဂိုလ်)၊ (၃) မမုန်းမချစ်ဘဲ လျစ်လျူရှုထားတဲ့ ပုဂ္ဂိုလ်(မဇ္ဈတ္တပုဂ္ဂိုလ်)၊ (၄) ရန်သူဖြစ်တဲ့ ပုဂ္ဂိုလ်(ဝေရီပုဂ္ဂိုလ်) စတဲ့ လေးမျိုးကို ပထမဦးဆုံးမေတ္တာမပွားရဘူးလို့ဆိုထား တယ်။ ဒါကြောင့်မယားဆိုတာ အလွန်ပဲ ချစ်မြတ်နိုးတဲ့ အတိပ္ပိယပုဂ္ဂိုလ်ဖြစ်တယ်။ အကယ်၍မယားကိုခွဲခြားပြီး ရှေးဦးစွာ ခွဲခြားမေတ္တာပွားရင် ''မောင်သာဘေး စာသဘောပေါက်လို့ မိအေးဒုက္ခရောက် ရတယ်''ဆိုသလို အကျိုးတရားလွဲမှား သွားလိမ့်မယ်လို့ ဖြေကြားခဲ့တယ်တဲ့''