images
UN
UN
ရင်းနှီးမြှုပ်နှံမှုနှင့်စီးပွားရေးအခွင့်အလမ်းများရရှိနိုင်မည့် UMFCCI Centennial International Expo 2019 ပြပွဲကျင်းပမည်
မောင်စိန်ဝင်း Thursday, 05 September 2019
ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ၏ ၂ဝ၁၉ ခုနှစ်တွင် ပြည့်မြောက်မည့် နှစ်(၁ဝဝ) ပြည့် အထိမ်းအမှတ်အဖြစ် ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး အခွင့်အလမ်းများ တိုက်ရိုက်ရရှိနိုင် မည်ဖြစ်သော 'UMFCCI Centennial International Expo 2019 '' ပြပွဲအား ရန်ကုန်မြို့ သာကေတမြို့နယ်ရှိFortune Plaza ၌ ယခုလ ၂ဝ ရက်မှ ၂၂ ရက်အထိ သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြပွဲအား ကျင်းပ ရခြင်းမှာ နိုင်ငံစီးပွားရေးဖွံ့ဖြိုး တိုးတက်စေရန်အတွက် ပြည် တွင်း၊ ပြည်ပစီးပွားရေးလုပ်ငန်း ရှင်များ ချိတ်ဆက်မိစွာလုပ်ကိုင်နိုင် စေရန်ဖြစ်ကြောင်း၊ နိုင်ငံတကာ ဈေးကွက်သို့ မြန်မာ့ထုတ်ကုန်များ ထိုးဖောက်ဝင်ရောက်ရောင်းချနိုင် စေရန်အတွက်ဖြစ်ကြောင်း၊ ပြည်ပ မှအရည်အသွေးမြင့် သွင်းကုန် ပစ္စည်းများ ပြည်တွင်းဈေးကွက်သို့ ရောက်ရှိလာနိုင်ရန်အတွက်ဖြစ် ကြောင်း၊ နိုင်ငံတကာမှစီးပွားရေး မိတ်ဖက်များနှင့် အတူတကွပူး ပေါင်း၍ နိုင်ငံ့အကျိုးစီးပွားတိုး တက်စေရန်အတွက် ပါဝင်ဆောင် ရွက်သွားကြရန်ရည်ရွယ်၍ကျင်းပ ရခြင်းဖြစ်ကြောင်း UMFCCI ၏ ဒုတိယဥက္ကဋ္ဌဒေါက်တာ မောင် မောင်လေးကပြောသည်။
UMFCCI Centennial International Expo 2019 ပြပွဲအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန နှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန တို့မှ ပူးပေါင်းပါဝင်ပံ့ပိုးထားခြင်း ဖြစ်ပြီး နိုင်ငံတကာမှကုန်ပစ္စည်း များအပါအဝင် ပြည်တွင်းရှိ ပြည် နယ်နှင့် တိုင်းဒေသကြီးအသီးသီး မှ အရည်အသွေးပြည့်မီဒေသထွက် ကုန်ပစ္စည်းများကို ပြခန်းပေါင်း ၂ဝဝကျော်ဖြင့် ပါဝင်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
ပြည်တွင်း စီးပွားရေးလုပ် ငန်းရှင်များအတွက် ပြခန်းများ အပါအဝင် နိုင်ငံခြားလုပ်ငန်းများ အတွက် ပြခန်းများပါဝင်မည်ဖြစ် ပြီး ဂျပန်၊ ကိုရီးယား၊ တရုတ်၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ်(တိုင်ပေ)၊ ဂျာမန်၊ နယ်သာ လန်၊ ထိုင်း၊ စင်ကာပူနှင့် ထိုင်ဝမ် နိုင်ငံတို့မှ ကုန်ပစ္စည်းများပါဝင် ပြသမည်ဖြစ်ကာ မော်တော်ယာဉ် များ၊ စက်ပစ္စည်းများ၊ လျှပ်စစ် ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ် ငန်းသုံးပစ္စည်းများ၊ အိမ်တွင်းအလှ ဆင်လုပ်ငန်းများ၊ အလှကုန်ပစ္စည်း များနှင့် အဝတ်အထည်များ၊ လက် ဝတ်ရတနာများ၊ စားသောက်ကုန် ပစ္စည်းများ၊ ယာဉ်အပိုပစ္စည်းများ၊ သယ်ယူပို့ဆောင်ရေး၊ သတင်း အချက်အလက်နှင့် နည်းပညာ ကဏ္ဍတို့ပါဝင်ပြသမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြပွဲ၌ မြန်မာ့စီးပွား ရေးရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ရည်ရွယ်သည့် ဆွေးနွေး ပွဲများကိုပါ ထည့်သွင်းကျင်းပသွား မည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင် အချင်းချင်း တိုက်ရိုက်ချိတ်ဆက် ရုံသာမက၊ တက်ရောက်လာသူများ အတွက်ပါ တိုက်ရိုက်ချိတ်ဆက် နိုင်စေရန်လုပ်ဆောင်ပေးထားကြောင်း သိရသည်။