images
UN
UN
သံဖြူဇရပ်မြို့နယ်၌ BA-91 လက်ပစ်ဗုံးတစ်လုံး လုပ်သေနတ်နှစ်လက်နှင့် ပွိုင့် ၂၂ ကျည်ငါးတောင့်ဖမ်းဆီးရမိ
Thursday, 05 September 2019
အနင်းရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ နံနက် ၈ နာရီက သံဖြူဇရပ်မြို့နယ်၊ ဝဲဝန်း ကျေးရွာအနီး ဝဲဝန်းကျေးရွာ-ကျောက် မိုင်းသွားလမ်းဘေး ရော်ဘာခြံအတွင်းရှိ တဲပေါ်၌ ကျော်ရှိန်(ခ)အမိတ် (၄၇ နှစ်)ပါကျားနှစ်ဦးအား တွေ့ရှိရပြီး ကျော်ရှိန်(ခ) အမိတ်(၄၇နှစ်)လွယ်ထားသည့်လွယ်အိတ် အတွင်းမှ တရုတ်နိုင်ငံလုပ် BA-91 လက်ပစ်ဗုံးတစ်လုံး၊ တဲပေါ်တွင် ပုဆိုးဖြင့် ပတ်ထားသော အရှည် ၂၇ လက်မခန့် လုပ်သေနတ်တစ်လက်၊ အရှည်၁၇လက်မ ခန့် လုပ်သေနတ်တစ်လက်နှင့် ပွိုင့် ၂၂ ကျည်ငါးတောင့်တို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် ကျော်ရှိန်(ခ)အမိတ်(၄၇ နှစ်)ပါ ကျားနှစ်ဦးအား သံဖြူဇရပ်မြို့မရဲစခန်း (ပ)၂၃၄ဝ/၂ဝ၁၉၊ လက်နက်ဥပဒေပုဒ်မ ၁၉ (စ)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထားသည်။