images
UN
UN
မော်ဟန်ဒေသ နမ္မချီမှော်ဘက်မှ ပြန်လာသူထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ကချင်မြေနဂါး Friday, 06 September 2019
ကချင်ပြည်နယ်မိုးညှင်းမြို့နယ် မော်ဟန်ဒေသ မော်ဟန်သုသာန် အနီးတွင် နမ္မချီမှော်မှပြန်လာသူ အမျိုးသားတစ်ဦးထံမှ မူးယစ်ဆေး ဝါးများဖမ်းဆီးရမိခဲ့သဖြင့် ဥပဒေ နှင့်အညီ အရေးယူထားခဲ့သည်။
ဖြစ်ပွားပုံမှာ ယမန်နေ့ ညနေ ၅ နာရီက မိုးညှင်းမြို့ မူးယစ် တပ်ဖွဲ့စု(၃)မှ ရဲအုပ်မျိုးမင်းထွန်း နှင့်တပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူမူးယစ်ဆေးဝါးသတင်း အရ မော်ဟန်-နမ္မချီသွားလမ်း မော်ဟန်သုသာန်ကုန်းအနီးတွင် စောင့်ဆိုင်းနေစဉ် နမ္မချီမှော်ဘက်မှ မော်ဟန်ရွာဘက်သို့ CANDA 125 နီ/နက်ရောင် ဆိုင်ကယ်စီးနင်း လာသူ ဝင်းကျော်အား ရှာဖွေစစ် ဆေးမှုပြုခဲ့ကြသည်။
ထိုသို့ရှာဖွေကြရာ ဝင်းကျော် လွယ်ထားသည့် လွယ်အိတ် အတွင်းမှ ဘိန်းဖြူဟုယူဆရသော ဖြူ/ဝါမှုန့် အလေးချိန် ၁ဝဂရမ်ခန့် ပါတစ်ခွက်နှင့် ၈၈။၁ စာတန်းပါ ပန်းရောင်စိတ်ြ<ွကရူးသွပ်ဆေးပြား ၁၁ပြားတို့အား ရှာဖွေတွေ့ရှိသဖြင့် သက်သေများရှေ့တွင်သက်သေခံ ပစ္စည်းများအား ရှာဖွေပုံစံဖြင့် ရေးသွင်းသိမ်းဆည်းခဲ့သည်။
ထို့ကြောင့် မူးယစ်ဆေးဝါး များလက်ဝယ်တွေ့ရှိသူ ဝင်းကျော် (၃ဝနှစ်) နန်းမကျိုင်းကျေးရွာ နမီး ကျေးရွာအုပ်စု အင်းတော်မြို့နယ် စစ်ကိုင်းတိုင်းဒေသကြီးနေသူအား မိုးညှင်းမြို့မရဲစခန်းမှ မယ(ပ) ၁၅၈/၂ဝ၁၉ မူးယစ်ဆေးဝါး ဥပဒေပုဒ်မ ၁၉(က)အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။