images
UN
UN
တရားမဝင်ကျွန်းခွဲသားများ တင်ဆောင်ထားသောယာဉ်တစ်စီးဖမ်းဆီးရမိ
နိုင်လင်း(လှည်းကူး) Friday, 06 September 2019
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် မင်းကုန်းကျေးရွာ အရှေ့ဘက် ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်း တံတားဖြူအနီး တွင် ယမန်နေ့ နံနက် ၅နာရီ ၄၅ မိနစ်ခန့်က တရားမဝင်ကျွန်းခွဲသား များ တင်ဆောင်ထားသောSuper Custom ယာဉ်တစ်စီးဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်းရှစ်ဦးအဖွဲ့သည် ရန်ကုန်-နေပြည်တော် အမြန်လမ်း မကြီး၊ ကြီးလေးကြီးလမ်းနှင့် လှည်းကူး-ဖောင်ကြီးလမ်းတစ် လျှောက် တရားမဝင်သစ်များသယ်ယူမှုမရှိစေရန် ဖမ်းဆီးရေး ဆောင်ရွက်နေစဉ် မင်းကုန်းကျေးရွာ အရှေ့ဘက်၊ ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်း၊ တံတားဖြူအနီးတွင် ရပ်တန့်ထားသော ယာဉ်၏ အရှေ့ဘက်တွင် ယာဉ်အမှတ် 8F----- တပ်ဆင်ထားပြီး ယာဉ်၏ အနောက်ဘက်တွင် ယာဉ်အမှတ် 8F---- နံပါတ်တပ်ဆင်ထား သော Super Custom အမျိုးအစား၊ ခဲရောင်ယာဉ်အား မသင်္ကာဖွယ် တွေ့ရှိရ၍ ဖွင့်ဖောက်စစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမဝင်ကျွန်းခွဲ သား ၁၇ ချောင်း၊ သုည ဒသမ ၈၅၆၄ တန်၊ ဒေသပေါက်ဈေး ကျပ် ၈၅၆၄ဝဝ အား ဖမ်းဆီးရမိခဲ့ပြီး ယာဉ်နှင့်ကျွန်းခွဲသားများ အား လှည်းကူးမြို့နယ် ဖောင်ကြီးအခွန်တော်ကင်းရုံးသို့ ပို့ဆောင် သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း၊ ယာဉ်ပိုင်ရှင်၊ ပစ္စည်းပိုင် ရှင်နှင့် ဆက်စပ်တရားခံများအား သစ်တောဥပဒေပုဒ်မ-၄၃(က)ဖြင့် စုံစမ်းဖော်ထုတ်အရေးယူပေးနိုင်ရန် ဖောင်ကြီးနယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။