images
UN
UN
မယားညီအစ်ကိုတော်စပ်သူ အပ်ထားသည့်ပစ္စည်းက မူးယစ်ဆေးဝါးဖြစ်နေ၍ ဖမ်းဆီးခံရ
စံ(ခင်ဦး) Friday, 06 September 2019
စစ်ကိုင်းတိုင်းဒေသကြီးကသာ ခရိုင် ပင်လည်ဘူးမြို့နယ်တွင် ယမန်နေ့ မွန်းလွဲ ၃ နာရီက မူး ယစ်ဆေးဝါးများသယ်ဆောင်လာ သူတစ်ဦး ဖမ်းဆီးရမိကြောင်း နယ်ထိန်းအရာရှိ ဒုရဲအုပ်သက်ပိုင် ထံမှသိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး သတင်းအရ နယ်ထိန်းအရာရှိ ဒုရဲအုပ်သက်ပိုင်၊ တပ်ကြပ် ရန်မျိုး အောင်၊ တပ်ကြပ် မင်းချမ်းမွန်၊ တပ်သား ပြည်ဖြိုးနိုင်၊ တပ်သား ထွန်းအေးလွင်တို့အဖွဲ့သည် သက် သေ စင်လောင်ကျေးရွာအုပ်ချုပ် ရေးမှူး ဦးထွန်းဝေ၊ ဦးပွဲမောင် တို့နှင့်အတူ ပင်လည်ဘူး-ကော လင်းသွား ကားလမ်းမကြီးဘေး စင်လောင်ကျေးရွာလမ်းခွဲအဝင်၌ စောင့်ဆိုင်းနေစဉ် ပင်လည်ဘူး-ကောလင်းဘက်မှ စင်လောင်ကျေး ရွာဘက်သို့ နံပါတ်မပါ KENBO-125 အမျိုးအစား အနက်ရောင် ဆိုင်ကယ်အား မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးရာ စာတူး(၄၅နှစ်) စင်လောင်ကျေးရွာနေသူ၏ ခန္ဓာ ကိုယ်တွင်ဝတ်ဆင်ထားသော မီးခိုး ရောင် ကွက်စိပ်ကျားဝတ်လုံချည် ခါးပုံစအတွင်း 'ရွှေတောင်ဦး' စာတန်းပါ အဖြူရောင်တီရှပ်အင်္ကျီ ဖြင့်ထုပ်ထားသည့် အနက်ရောင် ကြွပ်ကြွပ်အိတ်အတွင်း ဘိန်းဖြူ ဟုယူဆရသော ဖြူ/လိမ္မော်ရောင် အမှုန့် အလေးချိန် ၁ဝ ဂရမ်ခန့်ပါ အဖုံးအနီ၊ ကိုယ်ထည်အပြာရောင် ဆပ်ပြာခွက် တစ်ခွက်၊ ကမ္ဘာလုံး အမှတ်တံဆိပ်ပါ အပြာရောင်ကပ် ခွာအိတ်အတွင်း စိတ်ကြွဆေးပြား ဟုယူဆရသော WY စာတန်းပါ တစ်ပြားလျှင် အလေးချိန် သုည ဒသမ ၁ဂရမ် ဆေးပြား ၇ဝ ပြား ပါအထုပ်တစ်ထုပ်၊ ဆေးပြား ၁၉ဝပါ အထုပ်တစ်ထုပ်၊ စုစုပေါင်း ဆေးပြား ၂၆ဝ တို့ကို တွေ့ရှိရ သဖြင့် သက်သေများရှေ့တွင်သိမ်း ဆည်းရာ အဆိုပါမူးယစ်ဆေးဝါး များမှာ မယားညီအစ်ကိုတော်စပ် သူ ပြုံးမောင်(၄၈နှစ်) ပင်လောင် ကျေးရွာနေသူက ခေတ္တသိမ်းပေး ရန် အပ်ထားသည့်ပစ္စည်းများ ဖြစ်ကြောင်း စာတူးကပြောသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ စာတူး (၄၅နှစ်)နှင့် ပြုံးမောင်(၄၈နှစ်) တို့နှစ်ဦးအား နယ်ထိန်းအရာရှိ ဒု ရဲအုပ်သက်ပိုင်ကတရားလိုပြုလုပ်၍ ပင်လည်ဘူးမြို့မရဲစခန်းမှ မယ(ပ) ၆၉/၂ဝ၁၉၊မူးစိတ်ပုဒ်မ-၁၉(က) /၂၁ဖြင့် ဖမ်းဆီးအရေးယူဆောင် ရွက်ထားကြောင်း သိရသည်။