images
UN
UN
ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိ ဆိုင်ကယ်တိမ်းမှောက် လူတစ်ဦးသေ
ထူးဝေယံ Friday, 06 September 2019
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်တွင်ယမန်နေ့ည ၁ဝ နာရီခွဲက ယာဉ်တိုက်မှုဖြစ်ပွားကာ ပုလောမြို့ ပြည်သူ့ဆေးရုံကြီး၌ ဒဏ်ရာရလူနာနှစ်ဦးရောက်ရှိနေ ကြောင်းသတင်းကြားသိရ၍သွား ရောက်စစ်ဆေးခဲ့ရာ ပုလောမြို့နယ် ရှပ်ပုံကျေးရွာအုပ်စု ရှပ်ပုံကျေးရွာ နေ ဦးစိန်ဟို(၄၇နှစ်) ကျပန်းလုပ် ကိုင်သူတွင်ရင်ဘတ်ပွန်းပဲ့ဖူးရောင် ညိုမည်းဒဏ်ရာ၊ ယာခြေထောက် ဖူးရောင်ဒဏ်ရာ(စိုးရိမ်ရ)နှင့် မောင် ကောင်းဇော်ထွေး(ရှစ်နှစ်)တွင် နှုတ်ခမ်းပွန်းပဲ့ဒဏ်ရာ၊ ယာဘက် နားသွေးထွက်ဒဏ်ရာ(စိုးရိမ်ရ) ဒဏ်ရာအသီးသီးရရှိ၍ ဦးစိန်ဟို မှာ ဆေးကုသမှုခံယူစဉ် ရရှိသော ဒဏ်ရာများဖြင့် ၁ဝ နာရီ မိနစ်၅ဝ တွင် သေဆုံးသွားခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်မှာ ထားဝယ်မြို့မှ မြိတ် မြို့သို့ ကိုဇော်သူမောင်းနှင်လာ သော ယာဉ်အမှတ်7Q /---- နံပါတ်ပါ FORD အမျိုးအစား အဖြူရောင်မော်တော်ယာဉ်သည် ပုလောမြို့တံတားအနီး(MQ-564321) အရောက်တွင် ပုလော မြို့တွင်းဘက်မှ ရှပ်ပုံကျေးရွာ ဘက်သို့ ဦးစိန်ဟိုမောင်းနှင်ပြီး ၄င်း၏သားဖြစ်သူ မောင်ကောင်း ဇော်ထွေး နောက်မှထိုင်စီးလိုက်ပါ လာသည့် NCX အမျိုးအစား အပြာရောင်မော်တော်ဆိုင်ကယ်တို့ သည် အရှိန်မထိန်းနိုင်ဘဲ မျက်နှာ ချင်းဆိုင်တိုက်မိ၍ ဆိုင်ကယ်တိမ်း မှောက်ကာ ဒဏ်ရာရသေဆုံးခဲ့ ကြောင်း သိရသည်။
ထိုသို့ လူကိုထိခိုက်ဒဏ်ရာရ သေဆုံးသည်အထိယာဉ်အားအရမ်း သို့မဟုတ် ပေါ့လျော့စွာမဆင်မခြင် မောင်းနှင်ကြသည့် ယာဉ်မောင်း များအား အမှုဖွင့်အရေးယူဆောင် ရွက်လျက်ရှိကြောင်း သိရသည်။