images
UN
UN
ကော့သောင်းမြို့တွင် အသက် ၁၃ နှစ်အရွယ် ကျောင်းသူတစ်ဦးကို အဓမ္မပြုကျင့်မှုဖြစ်ပွား
ကျော်စိုး(ကော့သောင်း) Friday, 06 September 2019
ကော့သောင်းမြို့တွင် အသက် ၁၃ နှစ်အရွယ်သတ္တမတန်းကျောင်း သူတစ်ဦးအား မော်တော်ဆိုင် ကယ် ကယ်ရီမောင်းသူတစ်ဦးက ယမန်နေ့ မွန်းလွဲပိုင်းက အဓမ္မ ပြုကျင့်မှုဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ ကြောင်း ကော့သောင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက်တပ်ကုန်းလမ်းနေ အသက် (၁၃နှစ်)အရွယ် သတ္တမ တန်းကျောင်းသူ မ----သည် အဆိုပါနေ့ မွန်းလွဲပိုင်းက ကော့ သောင်းမြို့ အေးမြကန်သာရပ် ကွက်ရှိ အဘွားဖြစ်သူထံသို့ မုန့်ဖိုး သွားတောင်းရန် တစ်ရပ်ကွက် တည်းနေထိုင်သူ ဇော်ဦး(ခ)ဇော် ငွေဦး အသက်(၃ဝနှစ်)မောင်းနှင် သည့် ဆိုင်ကယ်ကယ်ရီအား ငှား စီးကာထွက်လာခဲ့စဉ် ဇော်ဦးသည် ဆိုင်ကယ်အား အေးမြကန်သာ ရပ်ကွက်သို့ ဗိုလ်ချုပ်လမ်းမကြီး အတိုင်းမမောင်းဘဲ လူပြတ်သည့် ငါးသုံးလုံးတောင်တက်လမ်းမှ မောင်းနှင်ခဲ့ပြီး လူသူကင်းမဲ့သည့် တောင်တက်လမ်းဘေးချုံထူသည့် နေရာအရောက်တွင် ဆိုင်ကယ်ကို ရပ်တန့်၍ မ-----၏မျက်နှာ အား လက်ဖဝါးဖြင့်ရိုက်နှက်သဖြင့် မ----သတိလစ်မေ့မျောသွားစဉ် လမ်းဘေးချုံပုတ်အတွင်း သား မယားအဖြစ်ပြုကျင့်ခဲ့ခြင်းဖြစ် သည်။
ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ကော့ သောင်းရဲတပ်ဖွဲ့မှပြစ်မှုကျူးလွန်သူ ဆိုင်ကယ်ကယ်ရီ ဇော်ဦး(ခ) ဇော် ငွေဦး အသက်(၃ဝနှစ်)အား အဆိုပါနေ့ ညပိုင်းတွင် ရှာဖွေဖမ်း ဆီးနိုင်ခဲ့ပြီး ၂ဝ၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ဖြင့် ဆက်လက်အရေး ယူဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။