images
UN
UN
ရပ်ထားသည့်မော်တော်ယာဉ်အား ခိုးယူမောင်းနှင်သွားသူအား ရဲတပ်ဖွဲ့ကပစ်ခတ်ဖမ်းဆီးရမိ
ကျော်ကျော်(မလှိုင်) Friday, 06 September 2019
မန္တလေးတိုင်းဒေသကြီးကျောက် ဆည်မြို့နယ်၌ရပ်ထားသည့် မော် တော်ယာဉ်အား ခိုးယူမောင်းနှင် ထွက်ပြေးသူအား ရဲတပ်ဖွဲ့ကပစ် ခတ်ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ထုတ်ပြန် ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ မွန်းတည့် ၁၂ နာရီတွင် ကျောက်ဆည် မြို့နယ် သင်တောင်းကျေးရွာရှိ ရွှေ သိမ်တော်ဘုရား၏အရှေ့ဘက်မုခ် ပေါက်တွင် ဦးဇော်မိုးဝင်း၊ ပဲခူး မြို့နေသူသည် ရွှေသိမ်တော်ဘုရား ဝင်းအတွင်း ဘုရားပုံတော်နှင့် ရွှေ သင်္ကန်းများဝင်ရောက်ဝယ်ယူနေစဉ် ယာဉ်အမှတ်9C/----Pajero အမျိုးအစားယာဉ်အား စက်နှိုးကာ ရပ်ထားခဲ့ပြီး ၁ဝ မိနစ်ခန့်အကြာ ကားအား အမည်မသိအမျိုးသား တစ်ဦးကမောင်းနှင်ထွက်ပြေးသွား သဖြင့် ကျောက်ဆည်မြို့မရဲစခန်း သို့ အကြောင်းကြားခဲ့ရာ ကျောက် ဆည်မြို့မှ ရန်ကုန်-မန္တလေးလမ်း ဟောင်းအတိုင်း ရန်ကုန်ဘက်သို့ ဦးတည်မောင်းနှင်ထွက်ပြေးသွား ကြောင်းသိရှိရသဖြင့် လမ်းတစ် လျှောက်ရှိ အပိုင်မြို့နယ်ရဲစခန်း များသို့ ဆက်လက်အကြောင်း ကြားခဲ့သည်။ ဝမ်းတွင်းမြို့နယ် ရဲ တပ်ဖွဲ့၊ ရွှေတောင်နယ်မြေရဲစခန်းမှ ရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များသည် သတင်းအရရဲစခန်းရှေ့မှ စောင့် ဆိုင်းနေစဉ် ၄င်းယာဉ်မှာ ရဲစခန်း ရှေ့ဖြတ်သန်းလာ၍ ရပ်တန့်တား ဆီးရာ ရပ်ပေးခြင်းမရှိဘဲ ဝမ်းတွင်း မြို့ဘက်သို့ ဆက်လက်မောင်းနှင် သွားသဖြင့် ထွက်ပြေးသွားသော ယာဉ်နောက်သို့ ထက်ကြပ်မကွာ လိုက်လံဖမ်းဆီးခဲ့ရာ မိုင်တိုင်အမှတ် (၃၆၃/၆-၇)ကြားတွင် ကားချင်း ဘေးတိုက် ယှဉ်တားသော်လည်း ရပ်ပေးခြင်းမရှိဘဲ မောင်းနှင်ထွက် ပြေး၍ သေနတ်ဖြင့်ပစ်ခတ်ဖမ်း ဆီးရမိပြီး စစ်ဆေးရာ အဆိုပါ ယာဉ်အား မောင်းနှင်ထွက်ပြေး သူမှာပိုင်ဦးဟိန်း(၂၇နှစ်) သမဝါယ မဖွံ့ဖြိုးရေးလမ်း ကျောက်ဆည် မြို့နေသူဖြစ်ကြောင်း သိရှိရပြီး ကျောက်ဆည်မြို့မ ရဲစခန်း(ပ) ၆ဝ၈/၂ဝ၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ အရ အမှုဖွင့်စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း မန္တလေး တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ထုတ်ပြန် ချက်များအရ သိရသည်။