images
UN
UN
မြို့နယ်ပြည်ခိုင်ဖြိုးပါတီနှင့်အရန်မီးသတ်တပ်ဖွဲ့တို့ ရေဘေးသင့်ပြည်သူများအား ထမင်းထုပ်များဝေငှ
မိုးကြီး(နတ်တလင်း) Friday, 06 September 2019
မြို့နယ်ပြည်ခိုင်ဖြိုးပါတီနှင့် အရန်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း ပြီး ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် အနောက်ခြမ်း တာပွန်မြို့ရှိ ရေဘေးသင့်ပြည်သူများအား ယနေ့ နံနက် ၁ဝနာခွဲက ထမင်းထုပ်များ အိမ်တိုင်ရာရောက်လိုက်လံဝေငှ ပေးခဲ့ကြသည်။
ထမင်းထုပ်များကို မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြစိုး၊ အတွင်းရေးမှူး ဦးကျော်မင်းထွဋ်၊ လူငယ်ရေးရာတာဝန်ခံ ဦးအောင် ကျော်စိုးနှင့် ကော်မတီဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်ချို ဦး၊ အရန်မီးသတ်တပ်ဖွဲ့မှ ဒုတပ်ရင်းမှူး ဦးအောင်ကျော်မိုးနှင့် တပ်ဖွဲ့ဝင်များစုပေါင်း၍ အလယ်ပိုင်း ရပ်ကွက်၊တက်နေမင်းလမ်း၊ ဆေးရုံလမ်း၊ မြောက်ပိုင်းရပ်ကွက်ရှိ လေးဒေါင့်ကွင်းလမ်း၊ ရွှေ တောင်စုလမ်းတို့ကို ထမင်းထုပ်ပေါင်း ၅ဝဝ လိုက်လံဝေငှပေးကြ ရာ တာပွန်ပရဟိတသာရေးနာရေး ကူညီမှုအသင်းဥက္ကဋ္ဌ ဦးအောင် မြင့်ဦး၊ အတွင်းရေးမှူး ဦးအေးထွန်းနှင့် အသင်းသားများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။