images
UN
UN
စာရေးသူ လေးစားရသော စာရေးဆရာကြီးများ
တက္ကသိုလ်သင်္ခ Friday, 06 September 2019
စာရေးသူ နယ်မှရန်ကုန်မြို့သို့ ၁၉၇၄ ခုနှစ်တွင် အလုပ်တာဝန်အရ ပြောင်းရွှေ့နေထိုင်သည်။ ရန်ကုန်မြို့သည် စာရေးဆရာကြီးများ နေထိုင်ရာမြို့ ဖြစ်သကဲ့သို့ စာပေတိုက်ကြီးများ တည်ရှိရာ မြို့လည်း ဖြစ်သည်။ ထို့အပြင် ရန်ကုန်မြို့သည် စာပေထွန်းကားရာ နယ်ပယ်ကြီးလည်း ဖြစ်ပါ၏။
သို့ဖြစ်၍ မိမိတို့၏ ဘဝကိုစာပေ တွင် မြှုပ်နှံ၍ စာပေဖြင့် ကြီးပွား တိုး တက်လိုသူများသည် နယ်မှ ရန်ကုန်မြို့သို့ ပြောင်းရွှေ့ နေထိုင်ကြသည်ကို တွေ့ရ၏။
စာရေးသူအနေဖြင့်မူ စာပေကို ချစ် မြတ်နိုးသူ၊ စာပေကို လေ့လာဆည်းပူး လိုသူသာဖြစ်ပါ၏။ ရန်ကုန်မြို့သို့ အလုပ် တာဝန်ဖြင့် ပြောင်းရွှေ့ရမည်ဆိုသောအခါ ရေငတ်သူ ရေတွင်းထဲ ကျသကဲ့သို့ ကြည်နူး ပီတိဖြစ်ရပါ၏။ ဤသို့ဖြင့် စာရေးသူ ရန်ကုန်ရွှေမြို့တော်ကြီးကို ရောက်ခဲ့လေသည်။
စာရေးသူရန်ကုန်ရောက်ပြီး တစ်လ နှစ်လကြာသော် အချိုရှာသကာတွေ့ဆို သကဲ့သို့ စာရေးသူလေးစားရသော စာ ရေးဆရာကြီးများနှင့် ကြုံဆုံရပါ၏။
ဆရာဦးမျိုးသန့်(မောင်ဆုရှင်)
ထိုစဉ်က စာရေးသူသည် လမ်းစဉ် ပါတီဗဟိုကော်မတီဌာနချုပ်တွင် တာဝန် ထမ်းဆောင်နေချိန်ဖြစ်သည်။ စာရေးသူ တာဝန်ကျသော ဌာနခွဲသည် ပါတီ ဦးဆောင်မှုဖြင့် လူထုလူတန်းစား အဖွဲ့ အစည်းများကို ဖွဲ့စည်းပေးရ၏။ ဤ သည်မှစ၍ ဆရာမောင်ဆုရှင်နှင့် စတင် ခင်မင်ခဲ့သည်။ ဆရာက စာပေလုပ်သား အဖွဲ့ဖြစ်မြောက်ရေးကော်မတီဖွဲ့စည်းရေး အတွက် တာဝန်ယူ ဆောင်ရွက်ရသူ ဖြစ်၏။ စာရေးသူနှင့်ဆရာ ညှိနှိုင်း ဆောင်ရွက်ပြီး လူကြီးများထံ တင်ပြရ သဖြင့် ဆရာနှင့်စာရေးသူခင်မင်ရင်းနှီး လာသည်။ ထိုအချိန်က ဆရာသည် စာပေဗိမာန်အဖွဲ့၏ တွဲဖက်ညွှန်ကြား ရေးမှူးဖြစ်သည်။ (နောင် ညွှန်မှူးအဆင့် စာတည်းမှူးချုပ်ဖြစ်လာသည်)
ထိုအချိန်က ဆရာ့ အသက်မှာ ၄ဝ ကျော် ၅ဝပင် မပြည့်သေးသဖြင့် တက်ြ<ွက နေသည်။ အသားဖြူဖြူနှင့် ဥပဓိရုပ် ကောင်းပြီး စကားပြော ယဉ်ကျေးပျူငှာ လှသဖြင့် ခင်မင်ဖွယ်ကောင်းလှသည်။ ဆရာသည် စာပေနယ်သို့စောစီးစွာရောက် ရှိပြီး ဆရာ့စာပေလက်ရာများကို စာနယ် ဇင်းများတွင် အနှံ့အပြားတွေ့နေရသည်။
ထို့အပြင် ဆရာ၏ ရေဒီယိုမှ ဟော ပြောချက်များကိုလည်း အမြဲလိုလို ကြား နေရသဖြင့် ဆရာ့ကိုမတွေ့မမြင်ခင်ကပင် ဆရာ့အသံနှင့် ရင်းနှီးနေပြီဟု ဆိုရမည်။ စာရေးသူ မင်္ဂလာတောင်ညွန့်မြို့နယ် စာပေလုပ်သားအဖွဲ့တွင် အမှုဆောင် တာဝန်နှင့် ဗဟိုဦးစီးအဖွဲ့ဝင်တာဝန် ထမ်းဆောင်ရသည့်အခါ ဆရာမှာ စာပေ လုပ်သားအဖွဲ့(ဗဟို)အတွင်းရေးမှူးဖြစ်နေ လေပြီ။
ဆရာသည် စာများများ ရေးနိုင်သလို စာအရေးလည်း ကောင်းသည်။ အင်္ဂလိပ် မြန်မာနှစ်ဘာသာကိုပိုင်နိုင်သည်။ အမျိုး သားစာပေဆုကိုလည်း ရရှိထားသူဖြစ် သည်။ ဆရာနှင့် စာရေးသူရေစက်က တစ်ဦးနှင့် တစ်ဦးပိုမိုခင်မင်ရင်းနှီးဖို့ဖြစ် လာသည်။ စာရေးသူ မြန်မာနိုင်ငံ စာပေ နှင့် စာနယ်ဇင်းအဖွဲ့ ဗဟိုအမှုဆောင် ကော်မတီဝင်ဖြစ်လာသောအခါ ဆရာက ဗဟိုအဖွဲ့ကြီး၏ဥက္ကဋ္ဌဖြစ်နေပေပြီ။ ထို့ အပြင် ၁၉၈၆ခုနှစ် အစောပိုင်းကာလ ကပင် ဆရာနှင့် စာရေးသူသည် တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့ မြန်မာနိုင်ငံစာရေး ဆရာအဖွဲ့နှင့်အတူ လေ့လာရေးသွား ရောက်ခဲ့သည်ကို မမေ့နိုင်အောင်ပင် ရှိ လေသည်။
ဆရာသည် သူချစ်မြတ်နိုးသော စာပေလောကနှင့် စာပေရောင်းရင်းများ ကို ဆရာ့အသက် ၇၈နှစ်တွင် ခွဲခွာ၍ ဘဝ တစ်ပါးသို့ ပြောင်းရွှေ့သွားခဲ့ပါ၏။
ဆရာဦးကျော်အောင်(ကျော်အောင်)
ဆရာမောင်ဆုရှင် ဥက္ကဋ္ဌတာဝန်မှ အနားယူလိုက်သည့်အခါ ဆရာဦးကျော် အောင်က မြန်မာနိုင်ငံစာပေနှင့် စာနယ် ဇင်းအဖွဲ့ဥက္ကဋ္ဌဖြစ်လာသည်။ ဆရာသည် စာပေနယ်တွင် လူသိများထင်ရှားသူဖြစ် ၏။ စကားနည်းပြီး စိတ်ရှည် သည်းခံ တတ်သူဖြစ်သည်။ မျိုးချစ်စိတ်ရှိသူလည်း ဖြစ်၏။



၁၉၄၄ ခုနှစ်တွင် ဗမာ့တပ်မတော် သို့ ဝင်သည်။ ပဉ္စမပတ် ဗိုလ်သင်တန်း တက်ပြီး ၁၉၄၅ ခုနှစ် ဖက်ဆစ်တော်လှန် ရေးတွင်ပါဝင်ခဲ့၏။ သို့အတွက်နိုင်ငံ့ဂုဏ် ရည်ဒုတိယအဆင့်ရရှိခဲ့၏။
ဆရာသည် နိုင်ငံ့ဝန်ထမ်းအဖြစ် တက္ကသိုလ်ဘာသာပြန်ဌာန၊ သမိုင်းကော် မရှင်၊ တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ် ထုတ်ဝေရေးဌာနတို့တွင် စာတည်းမှူး တာဝန် ထမ်းဆောင်ခဲ့ပြီး အငြိမ်းစား ယူခဲ့၏။
ဆရာသည် ဘာသာပြန်နှင့် ပင်ကို ရေးလုံးချင်းစာအုပ်များစွာကို ရေးသားခဲ့ ပြီး အမျိုးသားစာပေဆု''သုံးကြိမ်''ရရှိခဲ့ ပါ၏။
ဆရာ မြန်မာနိုင်ငံ စာပေနှင့် စာနယ် ဇင်းအဖွဲ့ ဥက္ကဋ္ဌတာဝန် ယူချိန်တွင် စာရေးသူသည် ဆရာနှင့်အတူ မြို့နယ် များသို့ စည်းရုံးရေးခရီး မကြာခဏ သွား ရ၏။ ထို့ပြင် စာပေဟောပြောပွဲများသို့ လည်း ဆရာနှင့်အတူ လိုက်ပါဖူးသည်။
ဆရာသည် စိတ်ကောင်းရှိ၏။ ဂုဏ် ပကာသနမရှိ၊ ရိုးရိုးကုပ်ကုပ်နေသည်။ ဆရာသွားလေရာ လွယ်အိတ်တစ်လုံးနှင့် ထီးကောက်တစ်ချောင်း ပါလေ့ရှိသည်။ တိုက်ပုံ အင်္ကျီကို အမြဲတမ်း ဝတ်တတ် သည်။ လမ်းသွားသည့်အခါ ပုဆိုးစကို လက်တစ်ဖက်ကဆွဲ၍ သွားတတ်၏။
ဆရာသည် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ဥက္ကဋ္ဌတာဝန် ထမ်းဆောင် နေစဉ် အသက်၇၄နှစ်တွင် ကွယ်လွန်ခဲ့၏။
ဆရာဦးမြင့်ြ<ွကယ် (မောင်မြင့်ကြွယ်)
ဆရာ မောင်မြင့်ြ<ွကယ်က ဘဝ စုံသည်။ တက္ကသိုလ်၊ ကောလိပ်တို့တွင် သရုပ်ပြဆရာအဖြစ် အမှုထမ်းခဲ့သလို မြို့ပိုင်၊ နယ်ပိုင်အဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့၏။ ထို့နောက် ပြန်ကြား ရေး ဝန်ကြီးဌာန အောက်ရှိ သတင်းစာ တိုက်များတွင်လည်း နှစ်ပေါင်း ၂ဝ ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ထိုမျှ မကသေး ကာကွယ်ရေးဝန်ကြီးဌာန၊ မြဝတီ စာပေတိုက်တွင် အထွေထွေ မန်နေဂျာအဖြစ်လည်းကောင်း၊ အယ်ဒီ တာချုပ်အဖြစ် လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့ပါ၏။ ဆရာ နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့သည့် ဌာနမှာ ပုံနှိပ် ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းတွင် အကြံပေးအရာရှိအဖြစ်တာဝန်ထမ်းဆောင် ခဲ့ပါ၏။
ဆရာသည် လုပ်ငန်း၊ ဌာနများတွင် ရာထူးအဆင့်အတန်း အမျိုးမျိုးဖြင့် တာဝန်ထမ်းဆောင်ခဲ့ဖူးသလို စာနယ်ဇင်း အများအပြားတွင်လည်း စာမျိုးစုံရေးသား ခဲ့သူဖြစ်၏။ ဆရာသည် ဟာသဝတ္ထုတို များ၊ ဆောင်းပါးများကို ''မောင်ညစ် ကျယ်'' ကလောင်အမည်ဖြင့် ရေးသား ခဲ့၏။ တစ်ဖန် မောင်မြင့်ကြွယ် ကလောင် အမည်ဖြင့် ဘာသာပြန် လုံးချင်းများကို ရေးသားခဲ့သည်။
ဆရာ ရေးသားထုတ်ဝေခဲ့သော ဆောင်းပါးနှင့် ဝတ္ထုတိုပေါင်း ၁၅ဝဝ ကျော်ရှိသည်။
ဆရာသည် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့တွင် တွဲဖက်အတွင်းရေး မှူး (၁)အဖြစ်လည်းကောင်း၊ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်အဖြစ်လည်းကောင်း စာပေတာဝန်များကို ထမ်းဆောင်ခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်း အဖွဲ့၏ကန်တော့ခံသက်ကြီးစာပေ ပညာ ရှင်လည်းဖြစ်သည်။ ဆရာသည်အသက် အရွယ်ရသည့်တိုင် လက်မှ ကလောင်ကို မချဘဲ ကွယ်လွန်သည့်အချိန်အထိ စာပေ များကို ရေးသားခဲ့သူဖြစ်သည်။
စာရေးသူသည် ဆရာနှင့်အတူ စာပေဟောပြောပွဲများကို လိုက်ဖူးသည်။ အဟောအပြောကောင်းသူဖြစ်၏။ ဟာသ စာရေးဆရာလည်းဖြစ်သဖြင့် ဟာသ ဥာဏ် ရွှင်ရွှင်ဖြင့် ဟောပြောနိုင်သဖြင့် နားထောင်သူ ပရိသတ်ကို အပြည့်အဝ ဆွဲဆောင်နိုင်ပေသည်။
ဆရာသည် အသက် ၈၂ နှစ်တွင် ကွယ်လွန်ခဲ့သဖြင့် မြန်မာစာပေပညာရှင် တစ်ဦး ဆုံးရှုံးခဲ့ရသည်ဟု ဆိုရမည် ဖြစ် ပါ၏။
ဆရာဦးသောင်းတင်(ကြပ်ကလေး)
ဆရာ ကြပ်ကလေးကို ဟာသ စာရေးဆရာအဖြစ် လူသိများသည်။ ဆရာ့ ကလောင်အမည်ကို ဘာကြောင့် ''ကြပ်ကလေး''ဟု ပေးရပါသလဲဟု မေးကြည့်ရာ ဆရာက''မချောင်လို့ပေါ့'' ဟု ဟာသနှောပြီး ပြန်ဖြေသည်။ ဆရာ က ဟာသစာရေးဆရာဟုသာဆိုသည် အနေအေးသည်။ စကားနည်းသည်။ ခပ်တည်တည်နေတတ်သည်။
ဤသို့ဖြင့်ဆရာ့ဘဝအကြောင်းတစေ့ တစောင်းလေ့လာကြည့်ရာ ဆရာကအရာ ရှိကြီးတစ်ဦးဖြစ်သည်ကို သိရှိရသည်။ ဆရာ့နေထိုင်ပုံမှာ ပကာသနမဖက်သဖြင့် အရာရှိကြီးတစ်ဦးဟုမထင်ရပေ။ နောက် ဆုံးဆရာအငြိမ်းစားယူခဲ့သည့် ဌာနကြီး မှာနိုင်ငံတော်ကောင်စီရုံးဖြစ်ပြီး ဒုတိယ ညွှန်ကြားရေးမှူးအဖြစ် သက်ပြည့်ပင်စင် ယူခဲ့၏။
ဆရာသည် ဟာသစာရေးဆရာဆို သော်လည်း အခြားကလောင်အမည်များ ဖြစ်သော ''သက်လုံ'' ''နန္ဒသူ''တို့ဖြင့် လည်းမဂ္ဂဇင်းများတွင် ဘဝအောင်မြင် ရေး၊ အတွေးအခေါ်နှင့်ရုပ်ရှင်ဇာတ်ညွှန်း များကိုရေးသားခဲ့သည်။
''နန္ဒသူ''ကလောင်အမည်ဖြင့် သမိုင်း နောက်ခံဝတ္ထုများနှင့် ဘာသာပြန်ဝတ္ထု များရေးခဲ့သည်။ ထို့ပြင် ကလောင်ခွဲ ပေါင်းများစွာဖြင့်စာမျိုးစုံကိုလည်းရေးခဲ့ သည်။ ဆရာသည်အသက် ၇၆နှစ်အရွယ် တွင်ကွယ်လွန်ခဲ့၏။
စာရေးသူသည်ဆရာနှင့်အတူ စာပေ ဟောပြောရန် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်သို့ခရီးထွက်ဖူးသည်။ မီးရထားဖြင့် ခရီးသွားရခြင်းဖြစ်၍ ဆရာ ကသူ့ဘဝ အတွေ့အကြုံများကိုပြောပြ ရာစိတ်ဝင်စားဖွယ်ကောင်းလှသဖြင့် ရန် ကုန်မှပျော်ဘွယ်သို့ ပျင်းရိငြီးငွေ့ခြင်းမရှိ ဘဲဆိုက်ရောက်ခဲ့လေသည်။
စာပေဟောပြောရာတွင် ထူးချွန်လှ သည်။ နားထောင်သူပရိသတ်ကို ဟာသ နှော၍ ဟောပြောသွားသည်မှာ အချိန် ကုန်မည်ကိုပင် စိုးရိမ်မိပါ၏။ ဤမျှ အဟောအပြောကောင်းသူဖြစ်သည်။ ဆရာနှင့် ပတ်သက်၍ အတုယူစရာ ကောင်းသည်မှာ ဆရာသည် ဘာသာ တရားကို လွန်စွာလေးစား ကိုင်းရှိုင်း သည်။ ဆေးလိပ်မသောက်၊ အရက် မသောက်၊ ကွမ်းမစား။ တစ်ခုတော့ ရှိသည် ဆရာ စာပေဟောပြောခါနီး ကော်ဘူးလေးကိုထုတ်၍ ''လျှက်ဆား'' ကို တို့၍ စားသည်မှာ အထူးအဆန်း သဖွယ်ဖြစ်နေ၏။ လူတစ်ကိုယ်အကြိုက် တစ်မျိုးဟုဆိုရမည်ဖြစ်သည်။
စာရေးသူဖြတ်သန်းခဲ့သော စာပေ နယ်တွင်ဆုံစည်းခဲ့သည့် စာရေးဆရာကြီး များမှာ မြောက်မြားစွာရှိသည်။ ၄င်းတို့ ၏အကြောင်းကိုစာဖွဲ့ရေးပြရလျှင် စာအုပ် တစ်အုပ်ဖြစ်နိုင်သည်။ သို့ဖြစ်၍စာရှုသူ များအား အမြည်းသဘောမျိုးဖြင့် စာရေး သူလေးစားရသော စာရေးဆရာကြီး လေးဦး၏ဘဝဇာတ်ကြောင်းကိုမီးမောင်း ထိုးတင်ပြလိုက်ရခြင်းဖြစ်ပါ၏။