images
UN
UN
လမ်းပေါ်မှာ လမ်းပျောက်နေသူများ
မောင်ရေချမ်း Friday, 06 September 2019
သူပုန်
သူပုန်ဆိုရင် လူကောင်းသူကောင်း မဟုတ်ဘူးဆိုတာ အားလုံးသိတယ်။ ကလေးကအစသိတယ်။ သူပုန်ဆိုတာ ကို အကြမ်းဖျင်း အဓိပ္ပာယ်ဖွင့်ရရင် လက်နက်ကိုင်ပြီး အစိုးရကို ဆန့်ကျင် ပုန်ကန်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ဒါကြောင့် အစိုးရ မကြိုက်တာမှန်သမျှ အကုန်လုပ်တယ်။ အပြစ်မဲ့တဲ့ပြည်သူ တွေကိုသတ်တယ်၊ လမ်းတံတားတွေ ကို ဖျက်ဆီးတယ်၊ ပြည်သူထံက လု တယ်၊ ယက်တယ်၊ ဆက်ကြေးကောက် တယ်၊ မရရင် ဓားပြတိုက်တယ်။ ပြီး တော့ အစိုးရတပ်တွေ၊ ရဲစခန်းတွေကို အလစ်အငိုက် ဝင်တိုက်တယ်။ ဒါတွေ အားလုံးဟာ သူပုန်အဖွဲ့တွေရဲ့လုပ်ရပ် တွေပဲဖြစ်တယ်။
တချို့က သောင်းကျန်းသူလို့ ခေါ် ကြတယ်။ တကယ်လည်းသောင်းကျန်း ကြတဲ့ အဖွဲ့တွေဖြစ်တယ်။ သူတို့မှာ တရားဥပဒေမရှိဘူး။ စည်းမျဉ်းစည်း ကမ်းဆိုတာ မရှိဘူး။ ကြင်နာသနား တတ်တဲ့ နှလုံးသားဆိုတာ မရှိဘူး။ လက်နက်အားကိုးနဲ့ အစိုးရကို ဆန့် ကျင်ပြီး ပြည်သူတွေကို အနိုင်ကျင့်နေ သူတွေသာ ဖြစ်တယ်။
အစိုးရကိုဆန့်ကျင်တိုင်းသူပုန်တော့ မဟုတ်ပါဘူး။ ဒီမိုကရေစီရင့်ကျက်တဲ့ နိုင်ငံကြီးတွေမှာဆိုရင် အစိုးရလုပ်တာ ကိုင်တာတွေမှားရင် ဝိုင်းပြီးဝေဖန်ကြ၊ ကဲ့ရဲ့ကြ၊ ဆိုကြဆဲကြ၊ ဆန္ဒပြကြနဲ့ တချို့နိုင်ငံမှာဆိုရင် လွှတ်တော်ထဲမှာ တောင် ရိုက်ပွဲတွေ ဖြစ်ကြတာ တွေ့ရ တယ်။ အစိုးရတွေကလည်း အရေထူ တယ်။ တော်ရုံတန်ရုံ ဆဲတာဆိုတာ ဝေဖန်တာလောက်ကတော့ မှုတောင် မမှုကြဘူး။ လူအုပ်စုနဲ့ အကြမ်းဖက် လာရင်တော့ မရဘူး။ ထိထိရောက် ရောက် နှိမ်နင်းပစ်တယ်။ ဒီမိုကရေစီ နုနယ်သေးတဲ့နိုင်ငံတွေမှာတော့ အာဏာ ရလို့ အစိုးရဖြစ်လာရင် ဆတ်ဆတ်ထိ မခံဘူး။ ဆဲဖို့ဆိုတာမပြောနဲ့ ခပ်ပြင်း ပြင်းကလေး ဝေဖန်ရင်တောင် ပုဒ်ထီး ပုဒ်မတွေတပ်ပြီး ဖမ်းဖို့၊ ထောင်ချဖို့ လုပ်တော့တာပါပဲ။ ဒါကြောင့် တချို့ ဆိုရင် ပြည်တွင်းပြည်ပမှာ ရှောင်တိမ်း နေကြရတယ်။ ပြေးလွှားပုန်းအောင်း နေကြရတယ်။
သူပုန်အကြောင်း ပြန်ဆက်ရဦး မယ်။တစ်ချိန်တုန်းကဆိုရင်မြစ်ဝကျွန်း ပေါ်ဒေသမှာ သူပုန်တွေ အလွန်ပေါ တယ်။ သူပုန်ခေါင်းဆောင်တွေဆိုရင် သန်းရှိန်တို့၊ ကွက်ကော့တို့၊ ဂါးမင်းတို့၊ ဗြောင်စိန်တို့၊ နို့တစ်လုံးစိန်တို့၊ မြပုခက် ကျော်လှိုင်တို့ဆိုတာ ရှိခဲ့တယ်။ အလွန် ဆိုး၊ အလွန်ရက်စက်တဲ့ သူပုန်ခေါင်း ဆောင်တွေဖြစ်တယ်။ မြစ်ဝကျွန်းပေါ် ဒေသဆိုတာ ချောင်းတွေ မြောင်းတွေ ကလည်း များတယ်။ အဲဒီချောင်းဘေး တွေမှာ လမုတောတွေရှိတယ်။ ရွာကြီး တွေဆိုရင်လည်းအုန်းတောတွေ၊သရက် ပင်၊ ဝါးပင်တွေ၊ ကွမ်းခြံ၊ ငှက်ပျောခြံ တွေနဲ့ စိမ်းစိုပြီးနေတယ်။ ဆန်စပါး၊ သားငါးကလည်း ပေါတယ်။ သူပုန် တွေအတွက်ကတော့ နတ်ဘုံနတ်နန်းလို ခိုအောင်းစရာ အလွန်ကောင်းတယ်။ ဆက်ကြေးတို့၊ ရိက္ခာတို့တောင်းတယ်။ မရရင်ဓားပြတိုက်တယ်။လူသတ်တယ်။ အစိုးရတပ်တွေကို ချောင်းပစ်တယ်။ ရဲစခန်းတွေကို မီးရှို့တယ်။ တချို့ မိန်း ကလေး အရွယ်ကောင်းကလေးဆိုရင် လည်း သေနတ်ပြပြီး ခေါ်သွားတယ်။ ကျောင်းကုန်း၊ ကျုံပျော်၊ မအူပင်၊ မြောင်းမြမြို့နယ်တွေဆိုရင် ဒီသူပုန် တွေရဲ့ဒဏ်ကို အများဆုံးခံကြရတယ်။ ကျေးလက်မှာနေတဲ့ ပြည်သူတွေဟာ အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်း ခြင်းမစားရ၊ ဘယ်နေ့ အသတ်ခံရမလဲ ဆိုပြီး ကြောက်ကြောက်ရွံ့ရွံ့နဲ့ အလွန် ဒုက္ခရောက်ကြရတယ်။
ရွာကို စစ်တပ်များရောက်လာရင် အလွန်ဝမ်းသာတယ်။ အိပ်ရေးဝအောင် အိပ်ရတယ်၊ လုံလုံခြုံခြုံနဲ့ ငါးရှာဖားရှာ ထွက်လို့ရတယ်။ တစ်အိမ်ကို ထမင်း တစ်ပွဲ၊ ဟင်းတစ်ခွက်စီ စုပေါင်းပြီး တပ်တစ်တပ်လုံးကို မနက်ည ကျွေးမွေး ထားတယ်။ ပြန်မသွားစေချင်ကြဘူး။ တပ်များပြန်ထွက်သွားပြီဆိုရင် ရွာသား တွေဟာ ထိတ်ထိတ်လန့်လန့်နဲ့ ကျန်ခဲ့ ရတယ်။ ရွာတွေမှာလည်း သူပုန်ရဲ့ သူ လျှိုတွေရှိတယ်။ သူတို့သွားပြီး လက်တို့ လိုက်ရင်တော့ တပ်ပြန်ထွက်သွားတာ နဲ့ မကြာခင် ဟိုက လာသတ်တော့တာ ပါပဲ။ ဒီလိုနဲ့ အဖေတွေ၊ ဦးလေးတွေ၊ အစ်ကိုတွေ၊ညီတွေအသတ်ခံကြရတယ်။ ကြာလာတော့ သူပုန်တွေရဲ့ နှိပ်စက်မှု ဒဏ်ကို မခံနိုင်ကြတော့ဘူး။ အဲဒီဒေသ က ပြည်သူတွေဟာ တပ်မတော်နဲ့အတူ လက်တွဲပြီး ဒူးလေးတွေ၊ ဝါးချွန်တွေ၊ လှံတွေ၊ ဓားတွေဆွဲကိုင်ပြီး ကွက်ပြည့် နင်းကာ ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ခဲ့ ကြတဲ့အတွက် မြစ်ဝကျွန်းပေါ်က သူပုန် အဖွဲ့တွေအားလုံး ပြည်သူတွေရဲ့ အမြစ် ပြတ်ချေမှုန်းခြင်းကို လုံးလုံးခံခဲ့ရတယ်။ ဒါကြောင့် မြစ်ဝကျွန်းပေါ်ဒေသဟာ ဒီကနေ့အထိ အေးချမ်းလုံခြုံတဲ့ဒေသ တစ်ခု ဖြစ်လာခဲ့တယ်။ သူပုန်မပြောနဲ့ လူဆိုးဓားပြတောင် မရှိတော့လို့ ဝမ်း လည်းဝ၊ ခါးလည်းလှတဲ့ ဒေသတစ်ခု ဖြစ်လာခဲ့တယ်။


အလယ်ရိုးမလို့ခေါ်ကြတဲ့ ပဲခူးရိုးမ အရှေ့ခြမ်း၊ အနောက်ခြမ်းဒေသတွေ ဟာလည်း မြစ်ဝကျွန်းပေါ် ဒေသနဲ့ အလားသဏ္ဌာန် အလွန်တူတယ်။ အဲဒီ ဒေသမှာတော့ သူပုန်ဆိုတာထက် ဗကပ ဆိုတာကို ပိုပြီးလူသိများတယ်။ ဗကပ ဆိုတာ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ဥက္ကဋ္ဌက သခင်သန်းထွန်းဖြစ်တယ်။ သခင်သန်းထွန်းဆိုတာ နှယ်နှယ်ရရ တော့မဟုတ်ဘူး၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ မယားညီအစ်ကိုတော်တယ်။ လွတ်လပ် ရေးမရမီကဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ဖဆပလအဖွဲ့ကြီးမှာ အတွင်းရေးမှူး လုပ်ခဲ့တယ်။ ဗိုလ်ချုပ်က ဆိုရှယ်လစ်၊ သူက ကွန်မြူနစ်။ အဲဒီတုန်းကတည်း က ဝါဒချင်းမတူလို့ ဖဆပလထဲက ထုတ်ပစ်ခြင်းခံရတယ်။ လွတ်လပ်ရေး ရပြီး မကြာခင်မှာပဲ သခင်သန်းထွန်း တို့အဖွဲ့ တောခိုသွားကြတယ်။
အလယ်ရိုးမခေါ်တဲ့ ပဲခူးရိုးမဟာ ကွန်မြူနစ်တွေရဲ့ကွန်းခိုရာ အခြေခံ ဒေသဖြစ်ခဲ့တယ်။ ရိုးမအရှေ့ခြမ်းဆိုရင် ဖြူး၊ ညောင်ပင်သာ၊ ကညွတ်ကွင်း၊ ညောင်လေးပင်၊ ဒိုက်ဦးအထိဆင်းပြီး လှုပ်ရှားတယ်။ရထားလမ်းတစ်လျှောက် မိုင်းထောင်မိုင်းခွဲတယ်။ တပ်စခန်းတွေ၊ ရဲစခန်းတွေကို အလစ်ဝင်တိုက်တယ်။ ရွာတွေကို ဆက်ကြေးကောက်တယ်။ မရရင် ဓားပြတိုက်တယ်။ ရိုးမအနောက် ခြမ်းဆိုရင်လည်း ပေါက်ခေါင်းမြို့နယ် ကစပြီး တောင်ဘက်ပေါင်းတည်၊ နတ် တလင်း၊ ဇီးကုန်း၊ ကြို့ပင်ကောက်၊ မင်းလှ၊ လက်ပံတန်းမြို့နယ်အစပ်တွေ အထိ အလားတူလုပ်ရပ်တွေကိုလုပ်ကြ တယ်။ အစုလိုက်အပြုံလိုက် လူသတ်ပွဲ တွေဆိုရင် အလွန်ရက်စက်လွန်းကြ တယ်။ လူမဆန်အောင်ပင် ရိုင်းစိုင်း၊ ယုတ်မာရက်စက်ကြတယ်။
မကြာခင်မှာပဲ ကာလဝိပါက် နောက် ပိုးတက်ဆိုတာမျိုးလို သူတို့အလှည့်ပြန် ပြီး ကြုံကြရတော့တယ်။ ယဉ်ကျေးမှု တော်လှန်ရေးဖြုတ်၊ ထုတ်၊ သတ်ဆိုပြီး အချင်းချင်းပြန်သတ်ကုန်ကြတယ်။
ဗဟိုကော်မတီဝင်တွေလည်း တစ် ယောက်ပြီးတစ်ယောက် စွဲချက်အမျိုး မျိုးတွေတင်ပြီး သတ်ကြတယ်။ သား အရင်းက ဖအေအရင်းကို ပြန်သတ်တဲ့ အဇာတသတ် လက်သစ်ဇာတ်လမ်း တောင်ရှိခဲ့တယ်။သခင်သန်းထွန်းကိုယ် တိုင်လည်း အလယ်ရိုးမက မြရာပင် တောင်ကြောမှာ ပုန်းခိုနေရင်း ကိုယ့် လူယုံပြန်သတ်လို့ အသေဆိုးနဲ့ သေပွဲ ဝင်ခဲ့ရတယ်။ သခင်သန်းထွန်းဟာ ရုပ် ဆိုးတယ်၊ကြမ်းကြုတ်တယ်။ ရက်စက် တယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ မယား ညီအစ်ကိုဆိုပေမယ့် သူ့ရဲ့ဇာတ်လမ်း ဟာ မလှပခဲ့ဘူး။
သခင်သန်းထွန်းမရှိတော့ ဗကပ ဗဟိုမှာ သခင်ဇင်၊ သခင်ချစ်တို့ပဲ ကျန် တော့တယ်။ အလယ်ရိုးမ အရှေ့ခြမ်း၊ အနောက်ခြမ်းကပြည်သူတွေဟာဗကပ တွေကို ဖြတ်လေးဖြတ်စနစ်နဲ့ လုံးဝ ဖြတ်တောက်ပြီး တပ်မတော်နဲ့ လက်တွဲ တိုက်ပွဲဝင်ခဲ့တဲ့အတွက် အလယ်ရိုးမ ဗကပအဖွဲ့ဟာ လုံးဝဇာတ်သိမ်း ချုပ် ငြိမ်းသွားခဲ့တယ်။ ဒီဒေသတွေဟာ သူပုန်သူကန်မရှိတဲ့ အဖြူရောင်နယ်မြေ ဖြစ်သွားခဲ့တယ်။

တပ်မတော်ဟာ စနစ်တကျဖွဲ့စည်း လေ့ကျင့်ထားတဲ့အဖွဲ့အစည်းဖြစ်တယ်။ တပ်မတော်သားတွေဟာစစ်ဘက်ဥပဒေ သာမက နိုင်ငံသားအားလုံးအတွက် ပြဋ္ဌာန်းထားတဲ့ အရပ်ဘက်ဥပဒေကိုပါ လေးစားလိုက်နာရတယ်။ စစ်သည် တော် ကျင့်ဝတ်ဖြစ်တဲ့ စည်းမျဉ်းစည်း ကမ်းတွေကိုလိုက်နာစောင့်ထိန်းရတယ်။ အမိန့်နာခံရတဲ့စနစ်ရှိတယ်။ လိုအပ် လာရင် ကိုယ့်ရဲ့ခြေလက်အင်္ဂါသာမက အသက်ကိုပါ စွန့်လွှတ်ရဲတဲ့ သတ္တိရှိ တယ်။လွတ်လပ်ရေးရပြီးသည်မှ ယနေ့ တိုင် တိုက်ပွဲပေါင်းများစွာကို တိုက်ခဲ့ ဖူးတဲ့အတွက် တိုက်ပွဲအတွေ့အကြုံရှိ တယ်။ တိုင်းပြည်ကိုကာကွယ်ဖို့၊ ပြည် သူတွေရဲ့အသက်အိုးအိမ်ကို ကာကွယ် ဖို့၊ နိုင်ငံတော်အစိုးရကို အကာအကွယ် ပေးဖို့တရားသောစစ်ကို တိုက်နေရတာ ဖြစ်တယ်။
မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးစ အင်းစိန်ရက်တစ်ရာကျော်တိုက်ပွဲကစပြီး မြို့သိမ်းရွာသိမ်း တိုက်ပွဲတွေ၊ နယ်ချဲ့ တရုတ်ဖြူကို မောင်းထုတ်ခဲ့ရတဲ့တိုက်ပွဲ တွေ၊ အရှေ့မြောက်ဒေသမှာ ဗကပနဲ့ နှစ်ပေါင်းနှစ်ဆယ်နီးပါး တိုက်ခဲ့ရတဲ့ စစ်ပွဲတွေ ကချင်၊ ကယား၊ ရှမ်း၊ ကရင်၊ တနင်္သာရီ စတဲ့ ပြည်နယ်/တိုင်းတွေ အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ၊ ဒါတွေအားလုံးပေါင်းလိုက်ရင် တိုက်ပွဲ ပေါင်းထောင်သောင်းမက တိုက်ခဲ့ကြ ရတယ်။ အထိအခိုက် အကျအဆုံးတွေ လည်း အလွန်များပြားခဲ့တယ်။ သူ့ ဘက်ကိုယ့်ဘက် စစ်မြေပြင်မှာ ကျဆုံး သွားကြသူတွေ၊အပြစ်မဲ့အရပ်သားတွေ ရဲ့အရိုးတွေကို တစ်နေရာတည်းမှာ စုပုံ လိုက်မယ်ဆိုရင်ပုပ္ပားတောင်ကြီးလောက် ရှိမယ်။ အရိုးတောင်လိုပုံဆိုတာမျိုးလို ပေါ့။
ဒီလောက်များပြားတဲ့ အသက်တွေ သေဆုံးရအောင် ဘယ်သူတွေနဲ့တိုက် နေတာလဲဆိုရင် ပြည်ပက တရုတ်ဖြူ တွေမှအပ ကိုယ့်တိုင်းရင်းသား အချင်း ချင်း၊ ကိုယ့်နိုင်ငံသားအချင်းချင်း တိုက် နေကြတာဖြစ်တယ်။ နယ်ချဲ့အင်္ဂလိပ် က အိုးမည်းသုတ်ပေးခဲ့လို့ အိမ်ကြက် အချင်းချင်း ခွပ်နေကြတာဖြစ်တယ်။ ဘယ်သူ့အတွက် အကျိုးရှိလဲဆိုရင် ထပ်ပြီး နယ်ချဲ့ချင်တဲ့သူတွေအတွက်ပဲ အကျိုးရှိတယ်။ ကိုယ့်အတွက် ဘာမှ အကျိုးမရှိဘဲ အဆုံးအရှုံးတွေသာဖြစ် ပေါ်စေခဲ့တယ်။ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့တဲ့အတွက် တိုင်းပြည်ရဲ့လူအင် အားတွေ ယုတ်လျော့သွားတယ်။ လမ်း တွေ၊ တံတားတွေ၊ စာသင်ကျောင်း တွေ၊ဆေးရုံဆေးခန်းတွေ၊ ကျေးရွာတွေ များစွာပျက်စီးဆုံးရှုံးခဲ့တဲ့အတွက် တိုင်း ပြည်ဟာ နာလန်မထူနိုင်အောင် တိုင်း ပြည်ရဲ့ဘဏ္ဍာငွေတွေ၊ ပြည်သူတွေရဲ့ စည်းစိမ်ဥစ္စာတွေ များစွာ ဆုံးရှုံးခဲ့ရ တယ်။ ဖွတ်ကျောပြာစု ခရုဆံကျွတ်ဆို သလို မွဲသည်ထက် ပိုမွဲသွားတယ်။ လွတ်လပ်ရေးရပြီး ကိုယ့်နောက်မှာ ကျန်နေတဲ့ နိုင်ငံတော်တော် များများ ဟာ ကိုယ့်ကို ဖြတ်ကျော်သွားကြပြီ။