images
UN
UN
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ
Friday, 06 September 2019
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးသည် ယနေ့နံနက် ၁ဝ နာရီခွဲက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးH.E. Mr.Jong Ho Bom အား ပြည်ခိုင်ဖြိုးပါတီဌာနချုပ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ယင်းသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည် ရေး၊ နှစ်နိုင်ငံဆက်ဆံရေး၊ နှစ်နိုင်ငံပါတီအချင်း ချင်း ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်ရေးတို့အား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဗဟိုအတွင်းရေးမှူး ဒေါက်တာ ကျော်ကျော်ဌေးနှင့်အတူ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း၊ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာ လှမြင့်တို့ တက်ရောက်ခဲ့ကြပြီး သံအမတ်ကြီး H.E.Mr. Jong Ho Bom နှင့်အတူ အဖွဲ့ဝင် တစ်ဦး တက်ရောက်ခဲ့ကြသ