images
UN
UN
ဒီမောဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
မမောင်(ချိကယ်သူ) Friday, 06 September 2019
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီမောဆိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ တွင် ယနေ့ ညနေ ၄ နာရီမှ ၄ နာရီ ၃၅ မိနစ်အထိ ပြည်ခိုင်ဖြိုးပါတီဝင် ရပ်ကွက် ကျေးရွာအုပ်စု ဥက္ကဋ္ဌများအား စွမ်းဆောင် ရည်မြှင့်သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပသည်။
ပထမဦးစွာ ပြည်ခိုင်ဖြိုးပါတီ ဗဟို အလုပ်အမှုဆောင် ကယားပြည်နယ် ပါတီ ဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်းက သင်တန်း ဆင်းအမှာစကား ပြောကြားသည်။
ဆက်လက်၍ ဒီမောဆိုမြို့နယ် ငူးပ လော့ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကာစတိုလိုက သင်တန်းသား သင်တန်း သူများကိုယ်စား ကျေးဇူးတင်စကား ပြန် လည်ပြောကြားသည်။
ယနေ့ကျင်းပသော စွမ်းဆောင်ရည်မြှင့် သင်တန်းဆင်းပွဲ အခမ်းအနားသို့ ပြည်ခိုင် ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ကယား ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်း၊ ပြည်နယ်ပါတီ နာယက ဦးတော့ရယ်၊ ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးကျော် မြင့်နှင့် ပြည်နယ်ပါတီ ကော်မတီဝင် များဖြစ်ကြသော ဦးရဲဝင်း၊ ဦးကျော်သင်း၊ ဒေါ်မော်မော်ခိုင်၊ ဒေါ်ဗျားမြာမောင်၊ ဒေါ် ဒေါရစ်လေး၊ ဒေါ်နန်းယဉ်သီတာထွေး၊ လွိုင်ကော်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင် ကော်မတီဝင် ဦးပီတာလင်း၊ လွိုင်ကော် မြို့နယ် ပါတီဥက္ကဋ္ဌ ဦးမောင်ရွှေ၊ ဒီမောဆို မြို့နယ် ဥက္ကဋ္ဌ ဒေါ်မေရီယန်၊ ဒီမောဆို မြို့နယ် ပါတီအတွင်းရေးမှူး ဦးဝီလျံ ဇော်ထိုက်နှင့် မြို့နယ်ပါတီကော်မတီဝင် များ၊ သင်တန်းနည်းပြများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌများ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက် ရောက်ခဲ့ကြောင်း သိရသည်။