images
UN
UN
မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်အား တာဝန်မှအမြန်ဆုံးရပ်ဆိုင်းပေးရန် တောင်းဆိုချက်များဖြင့် သပိတ်တိုက်ပွဲဝင်၍ သတင်းစာရှင်းလင်း
Friday, 06 September 2019
မန္တလေးတက္ကသိုလ် အုပ် ချုပ်ရေးအဖွဲ့၏ တရားဥပဒေ ကို ကျော်လွန်၍ လုပ်ကိုင်နေ မှုများ၊ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်အား တာဝန်မှ အမြန်ဆုံးရပ်ဆိုင်းပေးရေးနှင့် ပညာရေးဝန်ကြီးဌာန၏မမှန် မကန်၊ဘက်လိုက်၍ဆောင်ရွက် နေမှုများအား ဆန့်ကျင်သော အားဖြင့်
ယခုလ ၂ ရက်မှ စတင်ကာ မန္တလေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဦးဆောင်ကော်မတီမှ ဦးဆောင်ကာ မန္တလေးတက္ကသိုလ်ဝင်းအတွင်း သပိတ် တိုက်ပွဲ ဆင်နွှဲလျက်ရှိရာ ပညာရေးဝန်ကြီး ဌာနမှ ယနေ့အချိန်အထိ ထိရောက်သည့် ဖြေရှင်းမှုမျိုးမရှိသဖြင့် အမြန်ဆုံး ဖြေရှင်း ပေးရန်အတွက် အဆိုပါသပိတ်ကို ဦးဆောင် ပါဝင်သော ကျောင်းသား ကျောင်းသူများ က ယနေ့နံနက်ပိုင်းက မန္တလေးတက္ကသိုလ် ဝင်းအတွင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ် ၍ တောင်းဆိုခဲ့ကြသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး သပိတ် ဦးဆောင်ကော်မတီအဖွဲ့ဝင် ရန်စိုးပိုင်က ''မန္တလေးတက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့ တွေရဲ့ အဂတိလိုက်စားမှုတွေနဲ့ ပတ် သက်ပြီး သပိတ်တိုက်ပွဲဝင်နေတာ ငါးရက် ရှိသွားပြီဖြစ်ပေမယ့် ပညာရေး ဝန်ကြီး ဌာနကနေ တရားဝင် လာရောက်ဖြေရှင်း ပေးတာမရှိတဲ့အတွက် အခုလိုမျိုး သတင်း စာရှင်းလင်းပွဲလုပ်တာ ဖြစ်ပါတယ်။ သူတို့ ဘက်ကနေလာမယ့် အဖြေကို ၄၈ နာရီ စောင့်နေပါမယ်။ ထိရောက်တဲ့ ဖြေရှင်းမှု မျိုးတွေ လုပ်မပေးဘူးဆိုရင်တော့ သပိတ် ကို အရှိန်မြှင့်ပြီး ဒီထက်ပြင်းထန်တဲ့ လှုပ် ရှားမှုတွေ ဆက်ပြီးလုပ်သွားဖို့ရှိပါတယ်'' ဟု ၄င်းကပြောသည်။
မန္တလေးတက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့ မှ နိုင်ငံတော်သမ္မတ ညွှန်ကြားချက်နှင့် တည်ဆဲဥပဒေများနှင့် မညီညွတ်ဘဲFood Court ဆောက်လုပ်ရာတွင် ဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိကြောင်းနှင့် အစည်းအဝေး မှတ်တမ်းများတွင် ရက်စွဲနှင့် ပတ်သက်ပြီး ကွဲလွဲမှုများ ရှိနေသည့်အတွက် မန္တလေး တက္ကသိုလ် ပင်မဆောင်ရှေ့၌ သပိတ် စခန်းဖွင့်ကာ သပိတ်တိုက်ပွဲ စတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ သပိတ်စခန်းဖွင့် တောင်းဆိုရာတွင် မန္တလေးတက္ကသိုလ် အုပ် ချုပ်ရေးအဖွဲ့အား စိစစ် အရေးယူပေးရေး၊ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်အား တာဝန်မှ အမြန်ဆုံး ရပ်ဆိုင်းပေးရေး၊ ပညာရေးဝန်ကြီးဌာနမှ အမြန်ဆုံး ဖြေရှင်း ပေးရေး၊ ကျောင်းတွင်းစီမံကိန်းများ လုပ် ကိုင်ရာတွင်ပွင့်လင်းမြင်သာမှုရှိရေး၊ ပညာ ရေးဝန်ကြီးဌာနမှ ဘက်လိုက် စစ်ဆေးမှု အားအယုံအကြည်မရှိ၊ မန္တလေးတက္ကသိုလ် အားအသုံးချ၍ ကိုယ်ကျိုးရှာနေသော ပါမောက္ခချုပ်အား အလိုမရှိ အပါအဝင် အချက်များကို သပိတ်မှောက် တောင်းဆို လျက်ရှိပြီး အဆိုပါ သပိတ်အား ကျောင်း ပေါင်း ၇ဝ ကျော်မှ ထောက်ခံကြောင်း၊ ကြေညာချက်များထုတ်ပြန်ထားသကဲ့သို့ မြန်မာနိုင်ငံဆရာများအစည်းအရုံးကလည်း ထောက်ခံထားကြောင်းမန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ မယဉ်မင်းသူ၏ ပြောဆိုချက်အရ သိရသည်။
မေနဒီမြနွယ