images
UN
UN
ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Friday, 06 September 2019
ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စု နယ်မြေ နေပြည်တော်ခရိုင် မြို့နယ်ရှစ်မြို့နယ်မှပါတီဥက္ကဋ္ဌများ ဘဏ္ဍာရေးလုပ်ငန်းကော်မတီအစည်းအဝေး ကျင်းပခဲ့သည်။
အစည်းအဝေးသို့ ပါတီဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စု နယ်မြေဥက္ကဋ္ဌ ဦးဝေလွင်၊ ပြည်ထောင်စုနယ်မြေ ပါတီအောင်နိုင် ရေး ဗဟိုအတိုင်ပင်ခံ ဦးမြင့်လှိုင်တို့ တက်ရောက်ခဲ့ပြီး ပြည် ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးဝေလွင်က ၂ဝ၂ဝ ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲ နီးကပ်လာပြီဖြစ်သည့်အတွက် အင်တိုက်အားတိုက် စည်းရုံးဆောင်ရွက်ကြရန်၊ ပါတီစည်းရုံးရေး အတွက် ငွေကြေးသုံးစွဲရာတွင်လည်း အကျိုးရှိစွာ စိစစ်သုံးစွဲ ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့သည်။ ထို့နောက် ပြည် ထောင်စုနယ်မြေပါတီ အောင်နိုင်ရေး ဗဟိုအတိုင်ပင်ခံ ဦးမြင့် လှိုင်က မိမိပါတီဝတ်စုံကို ဂုဏ်ယူစွာဝတ်ဆင်ပြီး ပါတီလုပ်ငန်း များ ဆောင်ရွက်ကြစေလိုကြောင်း၊ ဝတ်စုံသည် လူ၏စိတ်ဓာတ်ကို တက်ြ<ွကစေကြောင်း၊ ပြည်ခိုင်ဖြိုးပါတီအစိုးရကာလအတွင်း တောင်သူလယ်သမားများအတွက် လယ်ယာမြေများ ပုံစံ(၇)ရရှိ အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး စိုက်ပျိုးရေးကဏ္ဍကိုလည်း အဆင့် မြှင့်တင်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ပါတီအောင်နိုင်ရေးအတွက် အားပေးကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြား ခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသော မြို့နယ်များနှင့် ခရိုင် ပါတီတို့က ပါတီအောင်နိုင်ရေးအတွက် စည်းရုံးဆောင်ရွက် နေမှုများ၊ မြို့နယ်အလိုက် ငွေကြေးသုံးစွဲမှုများ ဆွေးနွေးတင်ပြ ခဲ့ကြရာ ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးဝေလွင်က ဖြေရှင်း ဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးကို မွန်းလွဲ ၁နာရီတွင် ပြီးမြောက် ခဲ့ကြောင်း သိရသည်။ အောင်အောင် (နေပြည်တော်)