images
UN
UN
ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီနာယက သီရိမင်္ဂလာ(ကျန်းမာရေး)အသင်းသို့ ဝတ်စုံပေးအပ်
Friday, 06 September 2019
ရန်ကုန်တိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီနာယက ဒေါက်တာ ခင်မောင်ထွန်းနှင့်ဇနီး ဒေါ်ဥမ္မာ သန်း၊ သမီးမအိနြေ္ဒကြည်ဖြူမင်း (ထက်လင်းနှင့် ရွှေခေါင်းပေါင်း ဆေးတိုက်)မိသားစုတို့က ယနေ့ မွန်းတည့် ၁၂နာရီတွင် ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် (၂ဝ)ရပ်ကွက် မောင်းမကန်ကမ်းသာလမ်းပေါ်ရှိ သီရိမင်္ဂလာကျောင်းတိုက် ပဓာန နာယက ဆရာတော်ဘဒ္ဒန္တအာဒိစ္စ ဦးစီးတည်ထောင်သည့်သီရိမင်္ဂလာ (လူနာတင်ယာဉ်) အခမဲ့ဝန်ဆောင် မှု အသင်းသို့ တူညီဝတ်စုံများ ပေး အပ်ပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါတူညီဝတ်စုံပေးအပ် ပွဲအား နမောတဿ သုံးကြိမ်ရွတ် ဆို၍ အခမ်းအနားစတင်ဖွင့်လှစ် ခဲ့ပြီး ဝတ်စုံများပေးအပ်ခဲ့ရာငွေ ကျပ် ၁၄သိန်းကျော်တန်ဖိုးရှိသော တူညီဝတ်စုံများအား သီရိမင်္ဂလာ အဖွဲ့တာဝန်ရှိသူများက လက်ခံခဲ့ သည်။ ထို့နောက် မြို့နယ်သံဃနာ ယကဆရာတော်ဘဒ္ဒန္တ ဣန္ဒဝံသ ထံမှ လှူဒါန်းမှုအတွက် အနုမော ဒနာ တရားနာကြား၍ ရေစက်ချ လှူဒါန်းကာ အခမ်းအနားကို မွန်းလွဲ ၁နာရီတွင် ပြီးဆုံးခဲ့သည်။