images
UN
UN
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင် အခမ်းအနားကျင်းပ
နွယ်နီနိုင်(ချောက်) Friday, 06 September 2019
မကွေးတိုင်းဒေသကြီး မကွေး ခရိုင် ချောက်မြို့နယ် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ချောက်မြို့နယ် လပ်တိုက်နယ် အတွင်းရှိ သွေးနက်အုပ်စု ပြည့်ပင် အုပ်စုများတွင် ပြည်ခိုင်ဖြိုးဆိုင်း ဘုတ်တင်ပွဲနှင့် ပါတီအလံလွှင့်ထူပွဲ များကို ယနေ့နံနက် ၉နာရီက အခမ်းအနား ကျင်းပခဲ့သည်။
ဆက်လက်၍ သွေးနက်အုပ်စု တွင်းရှိ မေတ္တာရှင်လူမှုကူညီရေး အသင်းအဖွဲ့များသို့ အလှူငွေများ လှူဒါန်းခဲ့သည်။
ဆိုင်းဘုတ်တင်ပွဲနှင့်ပါတီအလံ လွှင့်ထူပွဲသို့ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးဝင်းနိုင်ဦး၊ အတွင်း ရေးမှူးဦးသန်းလှိုင်နှင့်ကော်မတီ ဝင်များ၊ ကျေးရွာရပ်ကျေးပါတီ ဥက္ကဋ္ဌများ၊ မြို့ပေါ်ရပ်ကျေးပါတီ ဥက္ကဋ္ဌများနှင့် ပါတီဝင်များတက် ရောက်ခဲ့သည်။