images
UN
UN
ဓနုဖြူမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥပုသ်နေ့ သန့်ရှင်းရေး လုပ်အားကုသိုလ်ပြု
မောင်မောင်စိုး(ဓနုဖြူ) Friday, 06 September 2019
ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင်ဓနုဖြူမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးနိုင်ဝင်း၊ပါတီကော်မတီဝင် ဦးမောင်မောင်စိုး၊အရန်ပါတီကော်မတီ ဝင် ဦးဟန်အောင်၊ ရပ်ကွက်ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌများနှင့် ရပ်ကွက် လူငယ်အဖွဲ့ခေါင်းဆောင် ဦးလှိုင် မျိုးဝင်း၊ ရပ်ကွက်အမျိုးသမီးအဖွဲ့ ခေါင်းဆောင် ဒေါ်တင်တင်ဝင်းနှင့် ပါတီဝင်များက ပဓာနနာယက ဆရာတော် ဘဒ္ဒန္တနရပတိသီတင်း သုံးတော်မူသော ရွှေဟင်္သာမင်္ဂလာ မှန်ကျောင်းတိုက် ကျောင်းဝင်း ကျောင်းပြင်သန့်ရှင်းရေးလုပ်အား ကုသိုလ်ကို ယနေ့ နံနက် ၇နာရီမှ ၉နာရီထိ ပြုလုပ်ခဲ့သည်။ သန့်ရှင်း ရေး လုပ်အားကုသိုလ်ပြုလုပ်သော ဓနုဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အဖွဲ့အား ဥပုသ်နေ့အာဟာရမွေးနေ့ အလှူ ရှင် မဆုမြတ်နွယ်က အုန်းနို့ ခေါက်ဆွဲဖြင့် ဧည့်ခံလှူဒါန်းခဲ့ ကြောင်း သိရသည်။