images
UN
UN
မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ မြင်းခြံခရိုင်နှင့်မြို့နယ် ပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
Friday, 06 September 2019
မြင်းခြံခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင်ဖွံ့ဖြိုးရေးပါတီနှင့် ခရိုင်အတွင်းရှိမြို့နယ်ပါတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီမှညနေ ၄ နာရီအထိ ခရိုင်ပါတီရုံးအစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင် တက်ရောက်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍တိုင်းဒေသကြီး ပါတီကော်မတီဝင် မြင်းခြံခရိုင် ပါတီနယ်မြေတာဝန်ခံဦးမြတ်သူက ရှေ့ဆက်သွားမည့်အစီအစဉ်များ ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး နောက် မြင်းခြံခရိုင်ပါတီဥက္ကဋ္ဌဦးကျော်တင် ကခရိုင်အတွင်းပါတီလှုပ်ရှားဆောင် ရွက်မှုအခြေအနေများဖြည့်စွက် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြင်းခြံခရိုင်အတွင်း ရှိမြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ ငါန်းဇွန်စသည့်မြို့နယ်များမှမြို့နယ် ပါတီဥက္ကဋ္ဌများက မိမိတို့နယ်မြေ အလိုက်ပါတီလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို တင်ပြဆွေးနွေး ခဲ့ကာ တင်ပြဆွေးနွေးမှုများအပေါ် ပါတီတာဝန်ရှိသူများက ပြန်လည် ဖြေကြား ရှင်းလင်း ဆွေးနွေး၍ အစည်းအဝေးကိုရုပ်သိမ်းခဲ့သည်။
အစည်းအဝေးသို့ ပြည်ခိုင်ဖြိုး ပါတီဗဟိုအလုပ်အမှုဆောင်မန္တလေး တိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးဝင်း မောင်၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင်မြင်းခြံခရိုင်ပါတီနယ် မြေတာဝန်ခံဦးမြတ်သူ၊ မြင်းခြံခရိုင် ပါတီဥက္ကဋ္ဌဦးကျော်တင်၊ ခရိုင် ပါတီအတွင်းရေးမှူးဦးမျိုးကျော်ဇင်၊ ခရိုင်ပါတီကော်မတီဝင်များ၊မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ ငါန်းဇွန် စသည့်မြို့နယ်များမှ ပါတီဥက္ကဋ္ဌ များနှင့် ပါတီအတွင်းရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။ သုတ