images
UN
UN
လွှတ်တော်ကိုယ်စားလှယ်များမှ အလုပ်သမားသပိတ်အား လျစ်လျူရှုပစ်ပယ်မထားရေး MCE (ရိမ်းဘိုး)ဆပ်ပြာစက်ရုံအလုပ်သမားများဆန္ဒဖော်ထုတ်
Friday, 06 September 2019
အလုပ်သမားသမဂ္ဂများအပေါ် ဖိနှိပ် မှုများရပ်တန့်ရေးနှင့် အလုပ်သမားသပိတ် အမြန်ဆုံးဖြေရှင်းပေးရန် အပါအဝင်အချက် ၁၃ ချက်အား အမြန်ဆုံးဖြေရှင်းဆောင် ရွက်ပေးရန် ယနေ့နံနက် ၉နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ဆိပ် ကမ်းမြို့နယ် စက်မှုဇုန်(၁)၊ဦးခြိမ်လမ်းနှင့် ဦးမြူလမ်းထောင့် ရှိ MCE (ရိမ်းဘိုး)ဆပ်ပြာ စက်ရုံမှ အလုပ်သမားများက စက်မှုဇုန် အတွင်း စီတန်းလှည့်လည်၍ ဆန္ဒ ဖော်ထုတ်ခဲ့ကြသည်။
အဆိုပါသပိတ်မှောက်ကာ ဆန္ဒဖော်ထုတ်ရခြင်းနှင့်ပတ်သက်၍ MCE စက်ရုံမှအလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ မအိဇင်ဖြိုးက ''စက်ရုံမှာ အလုပ်သမားတွေကိုဖိနှိပ်တယ်။ ကိုယ်ဝန်ဆောင်တွေကို စက်မောင်း ခိုင်းတာတွေ အလေးအပင် မခိုင်းတာတွေရှိတယ်။ကျွန်မဒီစက် ရုံမှာ အလုပ်လုပ်နေတာ ရှစ်နှစ် ရှိနေပြီ လုပ်သက်ကျွမ်းကျင်ကြေး မပေးသလို အစိုးရကသတ်မှတ် တဲ့လုပ်ခထက်ပိုပြီးတိုးပေးတာမရှိ ဘူး၊ လစာက အခုကုန်ဈေးနှုန်းနဲ့ ဆိုရင် လောက်ငခြင်းမရှိတဲ့အတွက် လုပ်သက်ကြာတဲ့သူတွေကို ကျွမ်း ကျင်ကြေးပေးဖို့ညှိနှိုင်းဖို့ပြောနေ ပေမယ့် သူတို့ဘက်ကနေ ဘာ အဖြေမှ ထွက်မလာဘူး။ အခုလ ၃ရက်နေ့ကတော့ ဦးစီးမှူးတွေ ရောက်လာပြီး သပိတ်စခန်းကိုပိတ် ပေးမယ်ဆိုရင် ကျွန်မတို့တောင်းဆို တဲ့အချက်တွေကို စဉ်းစားပေးမယ် ဆိုပြီး မဖြစ်နိုင်တဲ့စကားကိုလာ ပြောပါတယ်။ ကျွန်မတို့သပိတ် မှောက်တယ်ဆိုတာ ကျွန်မတို့ တောင်းဆိုတာတွေကို မပေးလို့ မှောက်တာပါ။ ဒါကိုသပိတ်စခန်း ပိတ်ပေးမှစဉ်းစားပေးမယ်ဆိုတာ လုံးဝကိုအဓိပ္ပာယ်မရှိတဲ့စကားပါ။ ကျွန်မတို့ကိုအခုထိ သူဌေးအစစ်နဲ့ ပေးမတွေ့ပေးဘဲ အမျိုးမျိုးကြား ဝင်ဖျက်နေတယ်။
စက်ရုံမှာ အလုပ် သမားတွေကိုဖိနှိပ်တယ်။ အလုပ် ရှင်က ဥပဒေလိုက်နာမှုအားနည်း သလို အလုပ်သမားဝန်ကြီးဌာန ကလဲ စည်းကြပ်မှုအားနည်းတဲ့အ တွက်အခုလိုမျိုး အလုပ်ရှင် အလုပ် သမားပြဿနာတွေဖြစ်နေရတာပါ'' ဟု ပြောသည်။
အဆိုပါသပိတ်မှောက် ဆန္ဒပြ တောင်းဆိုမှုကို ပြီးခဲ့သည့်လ ၂၂ ရက်နေ့မှစတင်၍ ယင်းစက်ရုံရှေ့ တွင် သပိတ်စခန်းဖွင့်တောင်းဆိုခဲ့ ခြင်းဖြစ်ကာ နှစ်ဖက်ညှိနှိုင်းမှုကို ၂၇ ရက်နေ့က ပြုလုပ်ခဲ့သော်လည်း ပြေလည်မှုမရရှိသဖြင့် ယနေ့မှာ ယခုကဲ့သို့ စီတန်းလှည့်လည်ကာ ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့စီတန်းလှည့်လည်မှုကို MCE (ရိမ်းဘိုး)ဆပ်ပြာစက်ရုံရှေ့ မှစတင်ကာ အလုပ်သမားအင်အား တစ်ရာ့ငါးဆယ်ခန့်ပါဝင်၍ ဗီ နိုင်းပါစာသားများဖြစ်သည့် MCE (ရိမ်းဘိုး) ဆပ်ပြာစက်ရုံ အလုပ် သမားသပိတ်အမြန်ဆုံးဖြေရှင်းပေး ရေး ဒို့အရေး၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များမှ အလုပ်သမားသပိတ်များအား လျစ်လျူရှုပစ်ပယ်မထားရေး ဒို့ အရေး၊ အလုပ်သမားသမဂ္ဂ များအပေါ်ဖိနှိပ်မှုများရပ်တန့်ရေး ဒို့အရေး၊ အလုပ်သမား အခွင့် အရေးကာကွယ်ပေးသည့် ဥပဒေ အမြန်ဆုံးပြဋ္ဌာန်းပေးရေး ဒို့အရေး အပါအဝင်အချက် ၁၃ ချက်ကို ဟစ်ြေ<ွကးကာ စက်မှုဇုန်အတွင်း လှည့်လည် ချီတက်တောင်းဆိုခဲ့ ကြောင်း သိရသည်။ မေနဒီမြနွယ်