images
UN
UN
ငြိမ်းချမ်းရေး ရွေးကောက်ခံဒီမိုကရေစီစနစ်နှင့် မြန်မာနိုင်ငံ
ပြည့်ဖြိုးနိုင် Saturday, 07 September 2019
(ယမန်နေ့မှအဆက်)

(ခ) အတိုက်အခံအင်အားစုများ
မြန်မာနိုင်ငံ၏ရွေးကောက်ပွဲစနစ်သည် နိုင်သူအကုန်ယူစနစ်ဖြစ်သောကြောင့် မဲ ဆန္ဒနယ်တစ်ခုချင်းစီတွင် အနိုင်ရရှိသူ တိုင်းသည် အစိုးရဖွဲ့စည်းရေးအတွက် အဓိကကျသောအနေအထားတွင် ရှိနေ သည်။ လွှတ်တော်ကိုယ်စားလှယ် လေးပုံ သုံးပုံအား မဲဆန္ဒနယ်များမှတစ်ဆင့် ရွေး ချယ်တင်မြှောက်ခြင်းဖြစ်ကာ ကျန် တစ် ပုံအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က တိုက်ရိုက်ခန့်အပ်ခြင်းဖြစ်သည်။
လက်ရှိအချိန်၌ မြန်မာ့နိုင်ငံရေးနယ် ပယ်တွင် အဓိက အတိုက်အခံပါတီအဖြစ် သတ်မှတ်ရမည့်ပါတီမှာ တပ်မတော်မှ အနားယူလာသည့်အငြိမ်းစားတပ်မတော် သားဟောင်းများနှင့်ဖွဲ့စည်းထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဖြစ်သည်။ သို့သော် လက်ရှိမြန်မာ့လွှတ် တော်များတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြုသည့်လွှတ် တော်ကိုယ်စားလှယ်ဦးရေမှာ ၈ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိသောကြောင့် လွှတ် တော်ကိုယ်စားလှယ်ဦးရေ(ရွေးကောက်ခံ) ရာခိုင်နှုန်း ၈ဝ ခန့်ရှိသောအမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်နှင့် နှိုင်းယှဉ်ကြည့်မည် ဆိုပါက လွှတ်တော်များတွင် အဆိုတင် သွင်းမှုများအပါအဝင် လုပ်ဆောင်လို သည့်အရာများကို လက်တွေ့လုပ်ဆောင် ရန် မလွယ်ကူသောအနေအထားမျိုးဖြစ် သည်ဟု သတ်မှတ်ရမည်ဖြစ်သည်။ သို့ သော်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေ ဖြင့် ဥပဒေပြုရေးနယ်ပယ်တွင် လုပ် ဆောင်ခဲ့သည့်အရာများကြောင့် ထောက်ခံ မှု ကျဆင်းခြင်းများနှင့်ကြုံတွေ့ရဖွယ် ရှိ နေသည့်အပြင် လက်ရှိအချိန်တွင် ပြည် သူများကြား၌ ရေပန်းစားမှု လျော့ကျ လာသည့်အခြေအနေများနှင့်ပါ ရင်ဆိုင် နေရသောကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် လွှတ်တော်များတွင် လက်ရှိပိုင်ဆိုင်ထားသော လွှမ်းမိုးနိုင် သည့်ပမာဏအား ဆက်လက်ထိန်းသိမ်း နိုင်ရန် ခက်ခဲဖွယ်ရှိသည်ဟု သတ်မှတ် ရမည်ဖြစ်သည်။ ၂ဝ၁၇ ခုနှစ်နှင့် ၂ဝ၁၈ ခုနှစ်များတွင် ကျင်းပခဲ့သောကြားဖြတ် ရွေးကောက်ပွဲများတွင် ထွက်ပေါ်ခဲ့သော ရလဒ်များကို ကြည့်ရှုပါက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် တစ်နိုင်ငံ လုံးတွင် ထောက်ခံမှု ကျဆင်းလာသည့် လားရာများနှင့် ရင်ဆိုင်နေရသည်ဟု သုံး သပ်ရမည်ဖြစ်သည်။
သို့သော် အမျိုး သားဒီမိုကရေစီအဖွဲ့ ချုပ်အတွက်အခြားစိုးရိမ်ဖွယ်ရာများလည်း ရှိနေသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များသည် ပါတီအပေါ် သစ္စာရှိမှု ခိုင်မာသူ များလေ့ရှိပြီး အဆိုပါ အချက်သည်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဘက်မှ ကြည့်ရှုလျှင် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကသာ လွှတ် တော်များကို ထိန်းချုပ်နိုင်သည့်အခြေအ နေသို့ ရောက်ရှိသွားခဲ့ပါကဟု တွေးမည် ဆိုပါက စိုးရိမ်ဖွယ်ရာ များစွာ ရှိနေမည် ဖြစ်သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် လွှတ်တော်များ တွင် တင်သွင်းသောအဆိုများကို မဲခွဲရာ တွင် အနိုင်ရရှိနိုင်သည့်အခြေအနေမျိုး ပိုင်ဆိုင်ထားခြင်း မရှိသော်လည်း ပြည် ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြုသည့်လွှတ်တော်ကိုယ်စားလှယ် များက တင်သွင်းခဲ့သည့်အဆိုများသည် လွှတ်တော်များတွင် သတိထားဖွယ်ရာ ဖြစ်ခဲ့သည်။
သို့သော် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ခေါင်းဆောင်နှင့်ကောင်းမွန် သည့်ဆက်ဆံရေးများ တည်ဆောက်ထား နိုင်သူဟု သတ်မှတ်ထားကြသောသူရ ဦးရွှေမန်းက ပြည်ထောင်စုကောင်းကျိုး ဆောင်ပါတီဟု အမည်ပေးထားသော နိုင်ငံရေးပါတီတစ်ခုအား ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလတွင်ထူထောင်ခဲ့ခြင်းအပေါ် ထည့်သွင်းစဉ်းစားမှုများလည်း ရှိနေ သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီတွင် ခေါင်းဆောင်တစ်ဦးအဖြစ် တာဝန်ယူခဲ့သောသူရဦးရွှေမန်းသည် ပါတီသစ်တည်ထောင်ခဲ့ရာတွင် ယခင်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တွင် အဆင့်မြင့်တာဝန်များ ထမ်းဆောင် ခဲ့ဖူးသော ၄င်းနှင့်ရင်းနှီးသူများအား ပါတီတာဝန်များ ပေးအပ်ခဲ့သည်ဟု မြင် တွေ့ခဲ့ရသည်။ သူရဦးရွှေမန်းနှင့် ၄င်း၏ ပါတီအနေဖြင့် ၂ဝ၂ဝ ပြည့်နှစ်တွင် ကျင်းပမည့်ရွေးကောက်ပွဲတွင်ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီအားကောင်းသည့် နေရာများတွင် ဝင်ရောက်ယှဉ်ပြိုင်ဖွယ် ရှိနေခြင်းက မဲကွဲမှုများ ဖြစ်ပေါ်စေကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိ စေရန် အထောက်အကူဖြစ်စေဖွယ် ရှိသည် ဆိုသော သုံးသပ်မှုများလည်းရှိနေသည်။ သူရဦးရွှေမန်း၏ပါတီက ဖက်ဒရယ်ဒီမို ကရေစီစနစ်ကို အလေးပေးမည်ဖြစ်ကာ အမျိုးသားရေးကိုဦးစားပေးမည်မဟုတ်ဟု ဆိုထားခြင်းကြောင့် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ထက် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီနှင့်သာ ထိပ်တိုက် အား ပြိုင်ရန် ကြိုးပမ်းခြင်းဖြစ်ဖွယ်ရှိနေသည်။ သို့သော် ဖြစ်လာနိုင်ဖွယ်ရှိသောစိုးရိမ် ဖွယ်ရာများအား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဘက်မှ အလေးပေးစဉ်းစားခဲ့ပုံ ရကာ ပြည်ထောင်စုလွှတ်တော်တွင် သူရ ဦးရွှေမန်းဦးဆောင်သည့်ကော်မရှင်အား သက်တမ်းမတိုးရန် ဆုံးဖြတ်ခဲ့ခြင်းနောက် ကွယ်တွင် သူရဦးရွှေမန်းနှင့်ဆက်နွှယ်နေ သော ဖြစ်နိုင်ခြေများကို ထည့်သွင်းစဉ်း စားခဲ့သည်ဟုသာ သတ်မှတ်ရမည်ဖြစ် သည်။
သူရဦးရွှေမန်း၏ပါတီအနေဖြင့်အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်အတွက် အတိုက် အခံအင်အားစုများဟု သတ်မှတ်ရမည့် တိုင်းရင်းသားပါတီများ လွှမ်းမိုးသည့် မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင် ခြင်းမျိုး လုပ်ဆောင်ဖွယ် ရှိနေသည်။ လက်ရှိမြန်မာ့လွှတ်တော်များတွင် တိုင်း ရင်းသားပါတီများကို ကိုယ်စားပြုသည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေမှာ ရွေး ကောက်ခံလွှတ်တော်ကိုယ်စားလှယ်ဦးရေ ၏ ၁၂ ရာခိုင်နှုန်းအထိ ရှိနေသည်။ ထို့ အပြင် တိုင်းရင်းသားနိုင်ငံရေးပါတီများ သည် ၂ဝ၂ဝ ပြည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိနိုင်ခြေပိုမို မြင့်တက်လျက်ရှိသည်။
(Ref; Peace and Electoral Democracy in Myanmar by ICG)
(ဆက်လက်ဖော်ပြပါမည်)