images
UN
UN
အိန္ဒိယသမ္မတစီးနင်းလာသောလေယာဉ်အား ပါကစ္စတန်လေပိုင်နက်အတွင်းသို့ ဝင်ခွင့်မပြု
Saturday, 07 September 2019
ပါကစ္စတန်သည် အိန္ဒိယသမ္မတစီးနင်းလာသော လေယာဉ်အား နိုင်ငံ၏လေပိုင်နက် အတွင်းသို့ ဝင်ရောက်ပျံသန်းခွင့်ပေးရန် တောင်းဆိုခဲ့ခြင်းအား လက်ခံခြင်းမရှိဘဲ ပယ်ချ ခဲ့ကြောင်း ရုရှားတိုင်းမ်သတင်းဌာနက ဖော်ပြသည်။ အိန္ဒိယသမ္မတသည် လာမည့် ရက်သတ္တပတ်အတွင်း၌ ဥရောပနိုင်ငံများဖြစ်သော အိုက်စလန်၊ ဆွစ်ဇာလန်နှင့် ဆလို ဗေးနီးယားနိုင်ငံများသို့ ချစ်ကြည်ရေးသွားရောက်ကာ စီးပွားရေးပူးပေါင်းဆောင်ရွက် မှုများ တိုးမြှင့်ရာတွင် အထောက်အကူဖြစ်စေမည့် သဘောတူညီမှုများ ရယူရန် ရည် ရွယ်သွားရောက်ခဲ့သော ခရီးစဉ်အတွင်း၌ ပါကစ္စတန်လေပိုင်နက်အတွင်းမှ ၄င်းစီးနင်း လာသော လေယာဉ်အား ဖြတ်ကျော်ပျံသန်းခွင့် မပေးခဲ့သည့်ဖြစ်စဉ်နှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။ ကက်ရှ်မီးယားအရေးနှင့်ပတ်သက်သည့် တင်းမာမှုများ တိုးပွားနေချိန်တွင် ပါကစ္စတန်ဘက်မှ အိန္ဒိယသမ္မတစီးနင်းလာသောလေယာဉ်အား လေပိုင်နက်အတွင်းမှ ဖြတ်ကျော်ပျံသန်းမှုမပြုလုပ်ရန် တားမြစ်ခဲ့ခြင်းကြောင့် နှစ်နိုင်ငံကြားတွင် တင်းမာမှု များ လျော့ကျသွားရန် ခက်ခဲဖွယ်ရှိနေသည်။ NG(Ref; RT)