images
UN
UN
ဝန်ကြီးချုပ်ဂျွန်ဆင်က လွှတ်တော်အစည်းအဝေးများကျင်းပခြင်းကို ရွှေ့ဆိုင်းထားခြင်းအား ပယ်ဖျက်ရန် လွှတ်တော်ကိုယ်စားလှယ်များ ကြိုးပမ်းမည်
Saturday, 07 September 2019

ဗြိတိန်ဝန်ကြီးချုပ်ဂျွန်ဆင်က ဥရောပ သမဂ္ဂမှ ဗြိတိန်နုတ်ထွက်မည့်အစီအစဉ်များကို ရာနှုန်းပြည့်အောင်မြင်အောင် အကောင်အထည် ဖော်နိုင်ရန်အတွက် လွှတ်တော်အစည်းအဝေး များ ကျင်းပခြင်းကို ရွှေ့ဆိုင်းထားခြင်းအား ပယ်ဖျက်ရန်အတွက် လွှတ်တော်ကိုယ်စား လှယ်များသည် ဥပဒေကြောင်းအရ ကြိုးပမ်း သွားရန် စီစဉ်လျက်ရှိကြောင်း ဘီဘီစီသတင်း ဌာနက ဖော်ပြသည်။
အောက်တိုဘာ ၃၁ရက်နောက်ဆုံးထား ကာ ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်မည့် အစီအစဉ်များကို လက်တွေ့ဖော်ဆောင်ရန် ကြိုးပမ်းရာတွင် လွှတ်တော်များဘက်မှ ရွှေ့ ဆိုင်းခြင်းနှင့် ဟန့်တားခြင်းများ မပြုလုပ်နိုင် စေရန်အတွက် ဂျွန်ဆင်သည် လွှတ်တော် အစည်းအဝေးများကျင်းပခြင်းကို စက်တင်ဘာ လလယ်မှ အောက်တိုဘာလလယ်အထိ ရွှေ့ ဆိုင်းထားရန် ဝန်ကြီးချုပ်၏ လုပ်ပိုင်ခွင့်ကို အသုံးပြုကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များသည် တရားရုံး သို့ တင်ပြတိုင်ကြားမှုပြုလုပ်ကာ အောက်တို ဘာ ၃၁ရက်မတိုင်မီ ဖော်ဆောင်မည့်ဥရောပ သမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရေးအစီအစဉ်များ တွင် လိုအပ်လာခဲ့ပါက လွှတ်တော်များမှ ဥပဒေပြဋ္ဌာန်းကာ လိုအပ်သည်များကို လုပ် ဆောင်ခွင့်ရရှိအောင် ကြိုးပမ်းသွားမည်ဖြစ် ကြောင်း အာဏာရပါတီဖြစ်သည့် လေဘာ ပါတီကို ကိုယ်စားပြုသည့်လွှတ်တော်ကိုယ်စား လှယ်များက ပြောသည်။NG(Ref; BBC)