images
UN
UN
သနပ်ပင်မြို့နယ် အောင်ဘုံကြီးကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်
Saturday, 07 September 2019
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် သနပ်ပင်မြို့နယ် အောင်ဘုံကြီးကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယနေ့မွန်းတည့် ၁၂နာရီတွင် ကျေးရွာပါတီဥက္ကဋ္ဌ ဦးဇော်မင်းနေအိမ်၌ ကျင်းပခဲ့သည်။
အဆိုပါ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားသို့ ပဲခူးခရိုင် ဘဏ္ဍာရေးမှူး ဦးအောင်ဇော်လင်း၊ သနပ်ပင်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးတင်မျိုးဝင်း၊ အတွင်းရေးမှူး ဦးသောင်းဌေး၊ မြို့ နယ်ပါတီကော်မတီဝင်၊ အမာခံပါတီဝင်များတက်ရောက်ကြပြီး တက်ရောက်လာသော ပါတီဝင် များနှင့် ဆွေးနွေးပွဲစကားဝိုင်းပြုလုပ်ကာ ပါတီ၏ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။